Professional Authors

လက်ထိုးအန်ခြင်း (terry)

ကိုယ့်အသက်ကိုယ်ရှုဖို့ တောင်
သေပြေးရှင်ပြေး
စဉ်းစားနေရတုံး…
ဘယ်လိုမုန်တိုင်းမျိုးကိုမှ
နာမည်တပ်ပြီးမခေါ်ခဲ့ပါဘူး
ဘာကြောင့်များငါ့ကို
ပျိုးကြဲသူလို့ 
စွပ်စွဲရတာလဲ…ကောင်မလေးရယ်။

မီးတောင်တွေရဲ့အထ္ထုပတ္တိမှာ
ခေါင်းလေးပွတ်သပ်ပေးရုံနဲ့
ငြိမ်သက်သွားတတ်တာ
အမျိုးမှမဟုတ်တာ
အသစ်အဆန်းလို့
သဘောထားပြီး
လူကြားကောင်းအောင်
မုန်းပါ……..
လိုအပ်ရင်
လက်မှတ်ပါထိုးပေးမယ်…။

မျှော်လင့်ချက်ကြီးနဲ့ …..
ကိုယ့်အလှည့်ဆိုတဲ့
ဒေါက်ဖိနပ်သံကို
တုံကင်နံပါတ်ကိုင်ပြီး စောင့်တတ်တဲ့
လူနာစာရင်းမှာတော့
ငါမပါခဲ့ဘူးကွယ်…
မင်းစိတ်နဲ့ နှိုင်းပြီး
ကြောင်မိုက်စာရင်းထဲထည့်ပါ
လရောင်ဆမ်းရုံနဲ့ 
လွမ်းသွားရအောင်
သရေစာမှမဟုတ်တာပဲ။

မြင်အောင်ဖတ်ပါ
ထောင်ချောက်လို့ 
ဆိုင်းဘုတ်တပ်ထားပါတယ်
လူသိရှင်ကြားတော့
စာလုံးပေါင်းမကြေငြာတော့ဘူး
အပျံသင်ခါစအချိန်မှာ
တောင်ပံဖြတ်ခံရတာ
ငါ…………………………….
ငှက်ခတ်သမားတိုင်းကို
မုန်းတယ်။

                                              terry(10.12.2011) 1;51am
                                              [email protected]

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

မိုက်တယ်…။

commentinfo By: SoFarAwayFromU at Dec 10, 2011
Comment #2

ွG မှာ ဖတ်ပြီးထဲကကြိုက်တာဗျာ…ခုဒီကိုတစ်ခေါက်လာပြီး အစ်ကို့ကဗျာကို ပိုးစိုးပက်စက် Like လိုက်တယ် 😛

commentinfo By: နေညို at Dec 10, 2011
Comment #3

wOW ! WoW ! wOw !
xo xo good !

commentinfo By: sharon myorr myor at Dec 10, 2011
Comment #4

အပျံသင်ခါစအချိန်မှာ
တောင်ပံဖြတ်ခံရတာ
ငါ…………………………….
ငှက်ခတ်သမားတိုင်းကို
မုန်းတယ်။ (အာပေးသွားပါတယ်ကိုတယ်ရီ)

commentinfo By: May Kha at Dec 10, 2011
Comment #5

မြင်အောင်ဖတ်တော့ ရင်ကွဲတာပေါ့ကိုတယ်ရီရေ…
ကျွန်တော်လဲ ငှက်ခတ်သမားတွေကို မုန်းတယ်
ခင်မင်စွာဖြင့်….

ကိုသျှား

commentinfo By: lynnthantkoko at Dec 10, 2011
Comment #6

မြင်အောင်ဖတ်ပါ
ထောင်ချောက်လို့ 
ဆိုင်းဘုတ်တပ်ထားပါတယ်
လူသိရှင်ကြားတော့
စာလုံးပေါင်းမကြေငြာတော့ဘူး
အပျံသင်ခါစအချိန်မှာ
တောင်ပံဖြတ်ခံရတာ
ငါ…………………………….
ငှက်ခတ်သမားတိုင်းကို
မုန်းတယ်။

ဘဘကြီး profile ပေါ်က စာလေးပါတဲ့ကဗျာပဲ….
လူတော်ကြီးဗျာ

commentinfo By: အသဲကွဲမိုး at Dec 12, 2011
Comment #7

goodတယ်ဗျာ…ငါ့အကိုကတော့ရေးလိုက်ရင်
အကောင်းတွေချည်းပဲ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011
Comment #8

ကြိုက်ပါ၏ ပေါ. ထပ်ပြောရရင်လည်း ကြိုက်ပါ၏ 🙂

commentinfo By: ridd at Dec 12, 2011
Comment #9

အပျံသင်နေတဲ့ငှက်လည်း အခန့်မသင့်ရင် အတောင်ပံကျိုးတတ်ပါတယ် ကံမကောင်းလို့ အတောင်ပံချိုးခံရတယ်ဆိုရင်တောင် အပျံတတ်ခါနီးမှ အတောင်ပံချိုးခံရမျိုးတော့ သေလောက်အောင်မုန်းတယ် ပြောချင်တာပြောသွားလို့ စိတ်တော့မရှိပါနဲ့ဗျာ ။
ကဗျာက စကားလုံးရွေးချယ်မှု ၊ အရေးအသား ၊ ဆန်းသစ်မှု တကယ်ပီပြင်ပါတယ် အတုယူစရာတွေအများကြီးပါ ။

commentinfo By: X - ray at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment