အီကို..ကိုလွမ်းတယ်
အီကို.. ကိုလွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်
ကောင်မလေးချောချောလေးတွေကို လွမ်းတယ်
ရွာသာကြီးလေညင်းလေးကိုလွမ်းတယ်
တော်ဝင်လမ်းမကြီးကိုလွမ်းတယ်
မဟော်ဂနီ ကျောက်ကြမ်းလမ်းလေးကိုလွမ်းတယ်
လေးထပ်ဆောင်ကြီးတွေကိုလွမ်းတယ်
တစ်ထပ်ဆောင်လေးတွေကိုလွမ်းတယ်
အာစီတွေကိုလွမ်းတယ်
ကန်န်တင်းတွေကိုလွမ်းတယ်
ဆရာတွေကိုလွမ်းတယ်
ဝန်ထမ်းတွေကိုလွမ်းတယ်
ရေမြောင်းနံဘေး ခုံတန်းထက်က အတွဲတွေကို လွမ်းတယ်
အထီးကျန် ဘူတာရုံလေးကို လွမ်းတယ်
နံရံထက်က ခံစားချက်ကဗျာလေးတွေကိုလွမ်းတယ်
အိမ်သာထဲက အရူးချီးပန်းရေးထားတာတွေကို လွမ်းတယ်
လမ်းဘေးဈေးသည်တွေကို လွမ်းတယ်
ဈေးပေါပေါ လက်ဘက်ရည်ဆိုင်လေးကို လွမ်းတယ်
ဖယ်ရီကားသမားတွေကို လွမ်းတယ်
မတော်တဆနဲ့ ဘ၀ပြောင်းသွားသူတွေကိုလွမ်းတယ်
စာတိုက်ရုံးလေးကိုလွမ်းတယ်
စာကြည့်တိုက်လေးကိုလွမ်းတယ်
တံတားလေးနဲ့ ရေအိုင်လေးကိုလွမ်းတယ်
စိတ်ကူးယဉ်ခဲ့ဖူးတဲ့ ကောင်မလေးကိုလွမ်းတယ်
အဲဒီတုန်းက ကျွန်တော့်ကို ကျွန်တော်လည်း လွမ်းတယ်။
လွမ်းတယ်ဗျာ။
(အီကိုကျောင်းကြီးနှင့် သူငယ်ချင်းများအားအမှတ်တရဖြင့်)
( http://yuthar.2kool4u.net တွင် တင်ထားဖူးသည်)
Comment #2
ကောင်းတယ်ဗျ…….:)
By: moehtetaung18 at Nov 16, 2010
Comment #4
တို့လည်းလွမ်းတယ်……ကျောင်းခန်းထဲကလမင်းလေးကို….:P
By: eiei at Nov 26, 2010
Comment #5
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အီကိုကျောင်းကြီးကို လွမ်းနေတာတွေ…
အခု ဒီကဗျာကိုဖတ်လိုက်ရတော့…
အရမ်း လွမ်းရတာပဲဗျာ….
By: Moe Sat Oo at Mar 30, 2011
Comment #6
ကျောင်းတောင်ပြန်ပြေးသွားလိုက်ချင်တယ် နဂိုကမှလွမ်းပါတယ်ဆိုမှနော်…. အီးဟီး အော်ငိုလိုက်တော့မယ်
ဒီထက်လွမ်းလို့ရအောင် အသစ်လေးတွေထပ်လုပ်ပါအုံးနော်……….ကျောင်းတူအကိုကြီးရေ…….
By: moe at Oct 25, 2011
Comment #7
mon လည်းလွမ်းမယ်နော်……chi ko kyi ko, hee hee
By: mon at Feb 1, 2012




Comment #1
ကောင်းတယ်ဗျာ