Professional Authors

နိယာမ စိတ်မိုက်

တွေဝေမိုက်မဲဆဲ ညသန်းခေါင်ယံ
ငါ စိတ်ကူးတွေနဲ့ ရီဝေမိုက်မဲလို့
ချောက်ချားနေခဲ့တာ တစ္ဆေတွေတောင်
ကြောက်လန့်ခုံပေါက် ထွက်ပြေးသွားတယ်
အခုတော့ ငါစိတ်တွေက ထောင်ချောက်တစ်ခုဆီ
ဦးတည်သက်ဆင်း နယ်ကျွန်ခဲ့ပြီးပေါ့…….။

အတွေးအိမ်က မိုက်မဲလွန်းလို့
စိတ္တဇတစ္ဆေခြောက်လန့် ပြေးထွက်သွားတာ
စိတ်ထွက်ပေါက်တံခါးဆီ ငါရောက်ခဲ့တဲ့အချိန်
အလင်းရောင်ပျောက်လို့ စမ်းတဝါးဝါးနဲ့
စိတ်ချောက်ချားသော အကျဉ်းခန်းကို
ငါရောက်ခဲမိတယ် အခုထိ ဒီဝင်္ကဘာထဲ
ငါရုံးထွက်နိုင်ဖို့ ကြိုးစားနေဆဲ နယ်ကျွန်နေဆဲ..။

ခိုရာမဲ့နေတဲ့ ငါ့စိတ်လွင်ပြင်ထဲ
ငြီးတွားနေတဲ့ ခိုတွေကိုကြည့်နေခိုက်
စိတ်မိုက်က ခိုတွေလိုငြီးတွားနေမိပြန်တယ်
သို့သော် ခြေရာခံလိုက်တဲ့
ပုံရိပ်တစ္ဆေက အတွင်းလှိုက်စားဆဲ
ငါရင်ခွင်တစ်ခုလုံး ရစရာမရှိအောင်
ပျက်စီးစိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ပြီး…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 18, 2011
Comment #1

ပျက်အစဉ်ပြင်ခဏ
ပြုပြင်လိုက်ပါ စိတ်မိုက်တွေကို
သင့်ရဲ့ အနာဂတ်ကိုပဲ တည့်၂ သွားပါ
အမှောင်ကိုလှည့်မကြည့်ပါနဲ
ကိုယ့်အတွက်အန်တရယ်ရှိရင်ရောင်လို့ မတို့ ကြည့်ပါနဲ။

commentinfo By: zin mar at Oct 18, 2011
Comment #2

There is one thing that will be preparing at the moment. When you prepare unwholesome mind, you are going to prepare and go to upgrade of life but you should not watch backward because of the case of dangerous thing.

When you face with still fighting to the way of life, you can overcome that way but you should not facing again and again that is dangerous for you. For example, your love and your friends, they are good or bad and whether it or not.

Thinks all of you

With regards,
Ven.Punnavamsa

Leave Comments

Name*

Email*
Website
Email me whenever there is new comment