Professional Authors

အမှန်တရားရဲ့ နိယာမ

 

သူတစ်ပါးက ကိုယ်လျှောက်လှမ်းတဲ့
 ခြေလှမ်းတွေကို တားဆီးဖို့ ကြိုးစားလိမ့်မယ်..
ဒါပေမဲ့ ကိုယ့်ခရီး ကိုယ်ဆက်လျှောက်လှမ်းဖို့ မမေ့ပါနဲ့…။

အဲဒီလို လူတွေက လူ့ဘဝရဲ့ ဇာတ်ခုံပေါ်မှာ
သူတစ်ပါးကို နင်းခုံအဖြစ်နဲ့ တက်နင်းလို့
တဖက်သတ် ယုတ်ညံ့တဲ့
နည်းလမ်းတွေနဲ့ အနိုင်ယူခဲ့တယ်ဆိုရင်..
တကယ်တမ်း ကမ္မနိယာမ လှိုင်းကြမ်းတွေက
သူ့ကို တိုက်စားဖို့ စောင့်နေတာပါ..

အမှန်တရားဆိုတဲ့ ရထား ဆိုက်ကပ်ချိန်
 နောက်ကျသွားတယ်လို့ ထင်ရပေမဲ့…
ကိုယ်သာ အမှန်တရားရဲ့ ကြေးမှုံပြင်ရှေ့မှာ ရပ်နေလိုက်ပါ…
ကိုယ့်ရပ်တည်မှု အမှန်တရားဆိုတာ ရောင်ပြန်လာပါလိမ့်မယ်…။

ကိုယ့် အသိထဲက ကိုယ် စိုက်ပျိုး တည်ဆောက်ထားတဲ့
ကိုယ့်ခရီး ကိုယ့်ပန်းတိုင် ကိုယ့်ဘဝ ဆီမီးတိုင်ကို
ကိုယ်ပိုင် ထွန်းညှိနိုင်ပါစေ..။

တက္ကသိုလ်မြတ်မင်း
www.venpunnavamsa2.com
တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်မှ ကြိုဆိုလျက်ပါ

In: ကဗျာ Posted By: Date: Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment