Professional Authors

သံသာရာ ငွေတမက်

 

ဘဝအဓိပ္ပာယ်မဲ့တဲ့ နေ့ရက်တွေထဲ
နေ့နဲ့ညတို့က စိတ်သုန်းပျောက်ကွယ်လို့
ပျောက်ကွယ်သွားတဲ့ နေ့စွဲများကို
ရေတွက်ခဲ့မိတော့ နှစ်လတွေတာ ကုန်ဆုံးခဲ့
မနက်က လန့်နိုးခဲ့တဲ့ အိပ်မက်ပြင်ထဲ
အခုထိတော့ အဓိပ္ပာယ်ပျောက်နေဆဲ…
မရေရာဆဲမို့ ဝိုးတဝါး နေ့ညတွေက
ခြောက်လှန်ပျက်စီးလို့ စိတ္တဇသုဿာန်မှာ
မြေဇာပင်လို မှတ်တိုင်တခု ထင်ကျန်နေဆဲ….။


ခြောက်လှန့်နေတဲ့ တောအုပ်ထဲက
အဖော်မဲ့ ငှက်ငယ်တကောင်ဟာ
လေလွင့်အထီးကျန်ရင်း မသေခြာတဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့ရ
မမြင်ရတဲ့ အနာဂတ်သစ်ပင်အောက်
ရှင်သန်ဖို့အတွက် ကျိုးစားအားထုတ်ရင်း
ပျံသန်းခြင်း နားခိုခြင်းတွေက
အချိန်အခါမဲ့ ဇရာအိုရဲ့ နယ်မြေကို
နယ်ကျွန်ခဲ့လို့ ဝေဒနာဆေးခန်းတွေလည်း
တက်ရောက်ခဲ့တာ အကြိမ်ကြိမ်ပေါ့….။


နွေ မိုး ဆောင်းဆိုတဲ့ ရာသီဥတုတွေရဲ့အောက်
နေ့ညတွေ အကြိမ်ကြိမ် ပျောက်ဆုံးလို့
ရင့်သန်ခဲ့တဲ့ ဝေဒနာမီးတွေက
မသိုးမပုတ်အောင် သိုလှောင်ထားခဲ့ရင်း
ကုသခဲ့တဲ့ ဆေးနည်းတွေကလည်း
ပါရဂူကြီးတွေထံက နည်းနာတွေ ယူခဲ့
မနက်ဖြန် သောက်ရမည့် ဆေးတွေကလည်း
မြင်သူတွေအတွက် ကြောက်မက်ဖွယ် ဇရာတွေထောင်း
မရဏမင်းကို အကြွေးတမက် မြေတကွက်နဲ့ အသက်အပ်ခဲ့ပြီလေ….။

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Feb 26, 2012
Comment #1

ခြောက်လှန့်နေတဲ့ တောအုပ်ထဲက
အဖော်မဲ့ ငှက်ငယ်တကောင်ဟာ
လေလွင့်အထီးကျန်ရင်း မသေခြာတဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့ရ
မမြင်ရတဲ့ အနာဂတ်သစ်ပင်အောက်
ရှင်သန်ဖို့အတွက် ကျိုးစားအားထုတ်ရင်း
ပျံသန်းခြင်း နားခိုခြင်းတွေက
အချိန်အခါမဲ့ ဇရာအိုရဲ့ နယ်မြေကို
နယ်ကျွန်ခဲ့လို့ ဝေဒနာဆေးခန်းတွေလည်း
တက်ရောက်ခဲ့တာ အကြိမ်ကြိမ်ပေါ့…

commentinfo By: kantkawmg at Feb 27, 2012
Comment #2

ဒီလိုမျိုးစာသားတွေကို ကြိုက်ကို ကြိုက်တာ…

commentinfo By: sone.pyuu at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment