Professional Authors

မာနရဲ့ လွှမ်းမိုးခြင်း

 

မင်းတို့ လက်အောက်မှာ အကျဉ်းကျခဲ့ရတဲ့
အချိန်တိုင်းမှာ လိုအပ်ချက်တွေကို ဖြည့်စွမ်းဖို့
ကျိုးစားခဲ့ဖူးတယ် ရုန်းကန်ခဲ့ဖူးတယ်…
ဒါပေမဲ့….
အကြိမ်ကြိမ် နာခဲ့ဖူးတဲ့ ခံစားချက်တွေက
ဒဏ်ရာတွေနဲ့ ဝေဒနာကို ကျိတ်မှိတ်ခဲ့ရတော့
ပူလောင်တဲ့ နွေလယ် မွန်းတီးချိန်ကို ရောက်သလို
တင်းကျပ်မွန်းသိမ့်လွန်းလို့ ပြေးချင်ရာကို
ထွက်ပြေးဖို့ အားထုတ်ခဲ့တာ အခုထိပေါ့…
သို့သော်…..
အဆိပ်တက်နေတဲ့ သွေးကြောတွေထဲ
လှုပ်ရှားနေတဲ့ အတွေးတွေက
ဂနာမငြိမ် ဆူထွက်ရင်း
စိတ္တဇအဖြစ်နဲ့ ရူးသွပ်တော့မလို့….
အင်..
ခြေသံတွေ ငါ့နားထဲမှာ ကြားနေတယ်
အနီးနား မရောက်ခင် ရှောင်ထွက်ဖို့
ငါ ကျိုးစားနေဆဲ ရုန်းကန်နေဆဲ….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Mar 8, 2012
Comment #1

so great both title & poem

commentinfo By: ei lay at Mar 8, 2012
Comment #2

မင်းတို့ လက်အောက်မှာ အကျဉ်းကျခဲ့ရတဲ့
အချိန်တိုင်းမှာ လိုအပ်ချက်တွေကို ဖြည့်စွမ်းဖို့
ကျိုးစားခဲ့ဖူးတယ် ရုန်းကန်ခဲ့ဖူးတယ်…
ဒါပေမဲ့….
အကြိမ်ကြိမ် နာခဲ့ဖူးတဲ့ ခံစားချက်တွေက
ဒဏ်ရာတွေနဲ့ ဝေဒနာကို ကျိတ်မှိတ်ခဲ့ရတော့
ပူလောင်တဲ့ နွေလယ် မွန်းတီးချိန်ကို ရောက်သလို
တင်းကျပ်မွန်းသိမ့်လွန်းလို့ ပြေးချင်ရာကို
ထွက်ပြေးဖို့ အားထုတ်ခဲ့တာ အခုထိပေါ့…

commentinfo By: kantkawmg at Mar 8, 2012
Comment #3

ကောင်းတယ်နော်

commentinfo By: Village chat kyi at Mar 8, 2012
Comment #4

ွGreat Writing ~~

commentinfo By: X - ray at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment