ခေါင်းညိတ်တတ်တဲ့ လူမိုက်
“ ခေါင်းညိတ်တတ်တဲ့ လူမိုက် ”
ဒီတခါလဲ
ကျွန်တော် လွဲပြန်တယ် အမေ
အိမ်ဆောက်ရင် ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်း
ပိုက်ဆံလို့ ဖြေမှ မှန်သတဲ့
ပညာတတ်က ပညတ်တာခံရ
ဝါကျတွေလဲ အသားမည်းကုန်ပြီ အမေ
ကျွန်တော်ကလဲ ကျွန်တော်ပဲ
စာချုပ်ဆိုတဲ့ စုတ်ချာနေတာကြီးကို
ရှမ်းဘုန်းကြီး အိပ်မက်လို ယုံခဲ့တယ်
ကိုယ့်အိတ်ကပ်လေးကိုယ် စမ်းစမ်းပြီး
ပညာရပ်တွေကိုလဲ အနမ်းနဲ့လမ်းခွဲဖို့ လုပ်
မိုးချုပ်တာကိုပဲ နေအဝင်စောလို့ရယ်လို့ ဖြေရှင်းတယ်
ကိုယ့်ကိုကိုယ် ပန်းချီဆွဲကြည့်တော့
သရုပ်မှန်နဲ့ ဝေးလွန်း
ပတ်ဝန်းကျင်က မျက်လုံးတွေ လူပါးဝသမျှ
မာနကို အလံမထူနိုင်သေးတော့
ကျွန်တော် ……………
ခေါင်းမငုံ့တတ်ပေမဲ့
ခေါင်းညိတ်တတ်ခဲ့တယ်
ချီရွန် ( ပုလဲ )
Comment #2
ဒီကဗျာလေးကိုတော်တော်နှစ်သက်မိပါတယ်..
ကို chiron အားပေးနေပါတယ်
By: အသဲကွဲမိုး at Oct 5, 2011
Comment #5
တခါလဲ
ကျွန်တော် လွဲပြန်တယ် အမေ
အိမ်ဆောက်ရင် ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်း
ပိုက်ဆံလို့ ဖြေမှ မှန်သတဲ့
By: May Kha at Oct 5, 2011
Comment #6
ကျွန်တော်ကလဲ ကျွန်တော်ပဲ
စာချုပ်ဆိုတဲ့ စုတ်ချာနေတာကြီးကို
ရှမ်းဘုန်းကြီး အိပ်မက်လို ယုံခဲ့တယ်
ကိုယ့်အိတ်ကပ်လေးကိုယ် စမ်းစမ်းပြီး
ပညာရပ်တွေကိုလဲ အနမ်းနဲ့လမ်းခွဲဖို့ လုပ်
မိုးချုပ်တာကိုပဲ နေအဝင်စောလို့ရယ်လို့ ဖြေရှင်းတယ်
အဲ့ဒီအပိုဒ်တော်တော်ကိုကြိုက်တယ်…ဗျာ…
တကယ်ကို..ကောင်းတယ်..ဆိုတာထက်ပိုပါတယ်…..လေးစားပါတယ်…အကို…
By: terry at Oct 5, 2011
Comment #7
ဘာမှပြောစရာမရှိတာကို တကူးတက လာပြောသွားသူ…
By: sainobermaung at Mar 12, 2013




Comment #1
ရင်ကိုထိရှစေတယ်
တကယ်ကောင်းတယ်