Professional Authors

ပန်းချီ နဲ့ ကဗျာ

“ပန်းချီ”
သဏ္ဌာန် နိမိတ် (impression – visually)
ဝေဒနာ နိမိတ် (expression – emotionally)
သင်္ကေတ နိမိတ် (construction – Symbolically) တို့နဲ့
စာမဲ့ကဗျာ။

“ကဗျာ”
စာ ကဗျာ
ပန်းပု ကဗျာ
ပန်းချီ ကဗျာ
ပန်းတမော့ ကဗျာ
ဂီတ ကဗျာ
အက ကဗျာ
ဗိသုကာ ကဗျာ
ခံစားမှု၏ မဖောက်မပြန်သော
ပရမတ်ဓါတ်သဘောနှင့်
ခံစားချက် ဝေဒနာ။

ref @ ဘသန်း (ဓမ္မိက)

စကားချပ်…။ ..။
ဒါကတော့ သက်ဆိုင်ရာ နယ်ပယ်မှာ မျှော်လင့်ချက်ကိုယ်ဆီနဲ့  ကြိုးစားနေကြတဲ့၊ နေရာတစ်ချို့က ခံစားချက်တူ မောင်နှမအချို့ အတွက် ရည်ရွယ်ပါတယ်…။
ထူးထူးထွေထွေ မဟုတ်ပါဖူး…။ အားတဲ့အချိန်လေးမှာ ကြုံတဲ့စာလေးတွေ လိုက်ဖတ်မိရင်း ကောက်နုတ်တွေးမိတာလေးတွေပါ..။ ပန်းချီတွေရဲ့ ကောက်ကြောင်းတွေ၊ ကဗျာ နဲ့စာတွေဆီက စကားလုံးတွေ… အရာအားလုံးကို ခံစားရင်း ဝေဒနာတွေ များရပေါ့….။  အားလုံးသောသူတွေကလည်း underconstruction ထဲရောက်သူနဲ့ ကိုယ့်ကိုကိုယ် modify လုပ်နေရသူတွေကြီးဆိုတော့..  သောကပွေသလို မောလျနေသလိုပါပဲ….။
ဒီတော့ လုပ်နိုင်တာလေး ပြောမယ်…။
တစ်ခါ တစ်ခါတော့လည်း  စိတ်ကိုလျော့ (ဒါပဲ တတ်နိုင်တော့တာကိုး )

In: ကဗျာ Posted By: Date: Oct 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment