ဘာရယ်မဟုတ် ရေးမိရုံသာ
ပန်းချီဆွဲရတာ ကျေနပ်ဖို့ကောင်းပါတယ်
ပန်းချီ ဆွဲဖူးသူသာ သိပါတယ် 
ပန်းချီ ဆွဲတတ်တဲ့ ကောင်မလေးတစ်ယောက် ကို ကျွန်တော် မြတ်နိုးဖူးပါတယ်
ကျွန်တော် ပန်းချီ ဆွဲရတာ ငယ်ငယ်လေး ကတည်းက ကြိုက်ပါတယ်
အခုတော့ မကြိုက်တော့ပါဘူး 
ပန်းချီဆွဲ ရတာ ပျင်းဖို့ကောင်းစရာကြီး ဖြစ်လာပါတယ်
အလုပ်ရှုပ်ပါတယ်
အမှိုက်ပွပါတယ်
ကျွန်တော် လည်း သူမ ကို မချစ်တော့ပါဘူး
သူမ က ကျွန်တော့်ကို ပေကျံရှုတ်ပွ စေပါတယ်
ပန်းချီ ဟာ ကျွန်တော် မုန်းတဲ့ အရာ ဖြစ်လာပါပြီ
ကျွန်တော် ပန်းချီကားတွေ ဘယ်တော့မှ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်    ။
ကျွန်တော် သစ်ပင်တွေ ကို မချစ်ပါဘူး 
သစ်ပင်တွေဟာ ချစ်စရာမကောင်းပါဘူး
စိုက်ပျိုးဖို့လည်း ကောင်းတဲ့အရာမဟုတ်ပါဘူး
အလှအပ အတွက် သူမရှိလည်း ဖြစ်ပါတယ်
ပန်းပွင့်လာတယ် အသီးသီးလာတယ်ဆို 
ကျွန်တော့် အတွက် ပျော်ရွှင်စရာ မဟုတ်ပါဘူး
အခုတော့ ကျွန်တော် သစ်ပင် ပေါက်လေး တစ်ပင် စိုက်ထားပါတယ်
အမေ့ရဲ့ ပန်းအိုး အလွတ်အကြီးကြီးထဲမှာ သူက ပုတုတုလေး နေရာယူထားပါတယ်
ဟုတ်ကဲ့
ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်
လူတစ်ယောက် လိုကို ချစ်ပါတယ်
(တစ်မျိုးမထင်စေလိုပါ)    ။
အချိန် နေရာ နဲ့ ရာသီ 
ဒါတွေဟာ တည်မြဲနေမှာတော့ မဟုတ်ပေမဲ့
မိန်းမ တစ်ယောက် နဲ့ သစ်ပင်တစ်ပင်
ကျွန်တော့် ရင်ထဲမှာ ရှိနေသေးတယ်
မိန်းမ က ကျွန်တော့်ကို သစ္စာမဖောက်ခဲ့ပေမဲ့
သစ်ပင်လေးက အပြုအစုကြားက သေသွားတယ် 
ပန်းချီကားတွေထဲ ကျွန်တော့် ပုံရိပ်တွေ ရှိနေပေမဲ့
ကျွန်တော့် ဂရုပြုမှုတွေဟာ အရည်တွေအဖြစ်
ပန်းအိုးထဲက သဲတွေထဲ သွန်ချခဲ့ရုံပါပဲ    ။
ဒါပါပဲ . . . .
အခုတော့ ပန်းပင်လေးတစ်ပင်ကို  
ကောင်မလေးတစ်ယောက်က ပန်းချီဆွဲပေးပါတယ်
ကျွန်တော် ကတော့ အဲ့ကောင်မလေးကို ချစ်မိနေပါတယ်    ။  ။
Comment #3
he,,he,,
nar ma le bu.
 By: ei lay at Mar 18, 2012
                        By: ei lay at Mar 18, 2012
                    Comment #4
ဘယ်လို ဖရိုက်မန့်တွေ နဲ့ ရေးမိတာပါလိမ့်ဗျာ သည်အပ်ဆေးကိုဗျာ။ ကွန့်မန့် လုပ်ခွင့်ပေးထားတာကိုပဲ ကျေးဇူးပါဗျ။သည်လိုအရေးအသားမျိုးကရှားနေတော့ ခု ဖတ်ရတာသဘောကျမိပါရဲ့ ဗျာ။language နဲ့ thought တွေက ဆက်နွယ်နေတာကိုးဗျ။young adult ဖြစ်လာတော့ thought တွေက ခေါင်းထဲရောက်ကုန်တာကို Ei Lay မသိလို့ပဲ သူရဲကောင်းကြီးဖူးဖရိုက်ဒေးက ထင်ပါတယ်ဗျာ။ နောက်လဲ ပို့ ဆန်ဆန် eassy တွေဖတ်ချင်ပါရဲ့ဗျာ။ပွင့်ပွင့်လင်းလင်းပဲပြောရရင် သည်အပ်ဆေးက ခရီးမတွင်သေးတဲ့ လမ်းစတစ်ခုပေါ့လေ ဟုတ်ပါစ ။ ဆက်လက်ပြီး ရေးသားနိုင်ပါစေဗျာ။
 By: fullfriday at Aug 3, 2012
                        By: fullfriday at Aug 3, 2012
                    Comment #5
hote de,,
ei lay ka e lout ma daw bu.
bar hma le ma ti bu.
a ti nyan ,,ba hu tu ta,, kyoe sarr arr htoke hmu,,arr lone arr ne dar dot win khan de,
a yann a sint myint myint tway khaw ya dar tway so ei lay 1 khu hma like ma hme bu.
 By: ei lay at Aug 3, 2012
                        By: ei lay at Aug 3, 2012
                    Comment #6
ဟားးးးးးး ဟုတ်ပါပြီ အိလေးရေ သူရဲကောင်းကြီး ဖူးဖရိုက်ဒေးက နောက်လိုက်တာပါဗျ။ ဒေစီ ဇာတ်လမ်းထဲ မတော့ ဒေစီ ဟာ အချစ်ပေါ့ ငါတို့တစ်တွေ တစ်ယောက်ယောက် ကို ချစ်နေဖို့ရာ ငါတို့ဟာ ပန်းများလို ဒေစီ လို ။
တကယ်တော့ဗျာ ကျွန်တော်တို့ နားလည်ထားရမှာက တစ်ချို့အရာတွေကို ‘ဟဲ့ ဘာကြီးတုန်း ‘ လို့မေးရမှာ မဟုတ်ပါဘူးဗျ ။ ကျွန်တော်တို့ ကိုယ်တိုင်ကသာ နားလည်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်ဗျားးးးးးး။ ကျွန်တော်လည်း ဘာရယ်မဟုတ် ရေးမိရုံသာ ဆိုတာလိုမျိုးပေါ့ ။ “ဟုတ်ပါသလား ကိုသော်သော်မျိုးဟန် ရေ”
 By: fullfriday at Aug 9, 2012
                        By: fullfriday at Aug 9, 2012
                    Comment #7
အော် မေ့သွားလို့ဗျ အိလေးရ ကျွန်တော့် G mail အကောင့် က [email protected] ပါခင်ဗျားးးးးး စာအုပ် စာပေ ရုပ်ရှင် အတွက် ဆိုရင်တော့ ဆွေးနွေးနိုင်ပါတယ် ခင်ဗျား ။ အိလေးရဲ့ ကွန်မင့်တွေက ထောင်ကျော်နေတော့ သည်လူ က သဘောကျမိလို့ တဲ့ ပါဗျား အခြားဘာမှ တော့ မဟုတ်ပါဘူး။
 By: fullfriday at Aug 9, 2012
                        By: fullfriday at Aug 9, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
နှစ်သက်စွာအားပေးသွားပါတယ်
တကယ် ကြိုက်တယ်ဗျာ