Professional Authors

ပန်းချီကားထဲ ပုန်းနေတဲ့ ငါ

 

“ ပန်းချီကားထဲ ပုန်းနေတဲ့ ငါ”

 

ကောင်းကင်က စကားလုံးတွေ

ကန်ထရိုက်ဆွဲထားပုံမျိုး

ကိုယ့်ကိုကိုယ် ကုလားဖန်မထိုးချင်ပါနဲ့

မလုံတဲ့အိုးဆိုတာ

တုတ်မိုးရုံနဲ့ ကွဲတတ်တယ်။

 

ကိုယ့်ကိုကိုယ် ပုံဆွဲကြည့်တော့

ကင်းဗတ်စ်ပေါ်မှာ လိပ်ပြာလေးတွေ မလှဘူး

ပန်းခင်းတစ်ခု ဖန်တီးထားပေမဲ့

ပန်းပွင့်တွေမှာ စက္ကူနံ့ရတယ်

ငါ လေထုတွေ ထည့်မဆွဲဖြစ်တော့ဘူး ။

 

အိုင်ထဲက ဖားလေးကို ကြည့်ရင်း

ကြိုးတွေတဖြည်းဖြည်း လျော့လာပြီ

နေနဲ့လနဲ့ အရမ်းနီးလာပြီ

ငါကလည်း ငါနဲ့ ဝေးဝေးလာပြီ

နေထွက်တာကို ကြည့်ရုံတော့

မနက်ဖြန်တွေဆီ ငါ  ခွင့်တောင်းမှာ မဟုတ်ဘူး ။


ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

……… ငါကလည်း ငါနဲ့ ဝေးဝေးလာပြီ

နေထွက်တာကို ကြည့်ရုံတော့

မနက်ဖြန်တွေဆီ ငါ ခွင့်တောင်းမှာ မဟုတ်ဘူး ။ ………..
အဓိပ္ပာယ် ရှိပေတယ်ဗျာ ။ ။

commentinfo By: linlatarkar at Aug 16, 2011
Comment #2

အိုင်ထဲက ဖားလေးကို ကြည့်ရင်း

ကြိုးတွေတဖြည်းဖြည်း လျော့လာပြီ

နေနဲ့လနဲ့ အရမ်းနီးလာပြီ

ငါကလည်း ငါနဲ့ ဝေးဝေးလာပြီ

နေထွက်တာကို ကြည့်ရုံတော့

မနက်ဖြန်တွေဆီ ငါ ခွင့်တောင်းမှာ မဟုတ်ဘူး ။

အားကျတယ်…လေးစားပါတယ်…..ဗျာ။

commentinfo By: terry at Aug 16, 2011
Comment #3

မိုက်စ့်လာပြီ ချီရွန်း)

commentinfo By: ဇာတိနော် at Aug 17, 2011
Comment #4

နေနဲ့လနဲ့ အရမ်းနီးလာပြီ

ငါကလည်း ငါနဲ့ ဝေးဝေးလာပြီ

နေထွက်တာကို ကြည့်ရုံတော့

မနက်ဖြန်တွေဆီ ငါ ခွင့်တောင်းမှာ မဟုတ်ဘူး ။
..
မိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 17, 2011
Comment #5

စကားလုံးတွေအရမ်းကောင်းတယ်ကိုကြီး

commentinfo By: myatthuraaung at Aug 27, 2011
Comment #6

ငါကလည်း ငါနဲ့ ဝေးဝေးလာပြီ

နေထွက်တာကို ကြည့်ရုံတော့

မနက်ဖြန်တွေဆီ ငါ ခွင့်တောင်းမှာ မဟုတ်ဘူး ။

မျှော်လင့်ချက် တခွဲသားနဲ့ ………… မျက်နှာသစ်ရမှာတောင် ရှက်လာတယ်။ ကဲ ကိုယ့်ကဗျာ ကိုယ်ပြန်ဖတ်သွားတယ်ကွာ။ မိုက်ချက် 😛

commentinfo By: ChIr0N at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment