Professional Authors

လူမိုက်

ညစ်ညစ်ပတ်ပတ် ဇာတ်ဝင်ခန်းတို့ကနေ
အလူးအလဲဖြစ်တည်လာခဲ့ …

ငါ ဆိုတဲ့ သတ္တ၀ါက …
…………………………….
..
ဘာတွေမှန်းတော့ မသိဘူး …
အလင်းနှုတ်ခမ်းတွေက မျက်စိကျိန်းတယ် …

တရားတဘောင်တို့နဲ့ …
အကြိမ်ကြိမ် ငါ ပွန်းရှခဲ့ …
လဲကျခဲ့ …
သုည တလုံးကိုတောင် မမီမကမ်းလှမ်းဆုပ်ယူရတယ် …

နောက်ဆုံးတော့ …
ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကလေ …
…………………………..
……………………
……….
လူမိုက်

၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၆ ဗုဒ်ဓဟူးနေ့ နံနက် ၁၀း၂၂ တွင်
ခေါ်တော်မူခြင်း/ခရစ်တော်တွင် အိပ်ပျော်သည် …

လက်ဝါးကပ်တိုင်ဘေးမှာ မျက်ရည်မဲ့ သုဘရာဇာလုပ်ပန်းခွေတို့က …
အရိုင်းအစိုင်းလွင့်ထူ …

ဤတွင် …
In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

ကဗျာလေးကတစ်မျိုးပဲနော်….ခံစားမှု့တစ်ခုကျန်ခဲ့တယ်

commentinfo By: ဇလပ်ဖြူ at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment