Professional Authors

ကျွန်တော့်ရဲ့ ဒေ၀ီ

 

ကျွန်တော့် ရဲ့ဒေ၀ီ

မျက်လုံးတစ်စုံရဲ့

အကြည့်က

မီးခိုးငွေ့တွေနဲ့ ပြည့်နေချေရဲ့

မှားတာရှိရင် လို့တောင်

ငါမပြောလိုက်နိုင်ဘူး

အသံတွေတုန်

ဒေါသတွေက စွေ့စွေ့ခုန်နေချေရဲ့..။

ကောင်မလေးရေ

နင် ငါကို အဲ့သလောက်တောင် မုန်းရလားဟာ…..။

ဘ၀ဟာ မင်းအတွက်လို့

ပုံအပ် ယုံမှတ်ခဲ့တယ့် လူပါ

မင်းအတွက်ဆို

ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သမျှရဲ့

ရလဒ်က

ဆန့်ကျင်ဘက်ဖြစ်နေခဲ့လေတော့…။

ဧကရီတစ်ပါးလို

ဒူးထောက် တရိုတသေခစား

အခုတော့ ဘ၀ဟာ အလကားမှန်း

ငါသိခဲ့ရပြီ…။

ဘို့မပါတဲ့ နွား ဟာ ငါပဲ…

တစ်ခါတစ်လေများ

ကိုယ့်ခေါင်းကိုယ်စမ်းမိတယ်လေ…။

အခုတော့

နင့်ရဲ့လှည့်စားမှုနဲ့ပဲ

ကိုယ့်ဒါးနဲ့ကိုယ်

ကိုယ့်ရင်ကိုကိုယ်ခွဲ

နှလုံးသားကို ဆွဲထုတ်ပြီး

မင်းကို ဆက်သ ပရစေ ဒေ၀ီ…။

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

oh………
oh,,,,,,,,,,

commentinfo By: ei lay at Jan 15, 2012
Comment #2

i loveso much

commentinfo By: ei lay at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment