Professional Authors

ကျွန်တော့်ရဲ့ကောင်းကင်

အရင်က….

တစ်စက်ချင်းကြွေကျ မိုးပွင့်တွေက
တိုးလျငေးရီ..
ငိုကြွေးသည်လား ကောင်းကင်…

သည်းသည်းထန်လှုပ် မုန်တိုင်းရုပ်သွင်
ပြင်းပြင်းနှင်သည်
သက်ပြင်းရှည်ချ စိတ်မောရလား ကောင်းကင်…

မုန်တိုင်းတွေမွှေ လေပြင်းတွေ ချွေပြီးချိန်ကျ
ပြာလဲ့ရီကောင်းကင် ကြည်လင်တောက်ပ
ပြုံးရယ်ရိပ်ပြ ကြည်နူးရလား ကောင်းကင်…..

……
အခုတော့….

လျှပ်ရောင်ပြင်းပြ မုန်တိုင်းညနဲ့
ပြင်းပြလေပွေ ထိုးနှက်မွှေသည့်
နာကျဉ်းသွင်ပြင် မုန်းရိပ်ထင်လား ကောင်းကင်။….

In: ကဗျာ Posted By: Date: Aug 20, 2011
Comment #1

weather forecasting ,,,
a chay a nay tate ma kaung bu..
kyauk de,,

commentinfo By: ei lay at Aug 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment