Professional Authors

မပွင့်သော ပန်း (night^)

မင်းအတွက် …
ငါပျိုးထားတဲ့
ပန်းပွင့် ရိုးရိုးလေးပါ

သူ …
တိုးတိုးလေး ငိုနေတယ်

” ပွင့်ချင်ပွင့် မပွင့်ချင်နေ “
ဒီလို …
သားချော့တေးတွေနဲ့ စိမ်းမြ တေးညှိုးလို့
သူ့ကို မနှိုးလိုက်နဲ့ကွယ်

အက်ဆစ်တိမ်ခိုးတို့
ပိုက်ထွေးလို့ထားတဲ့ အဆိပ်သင့်မိုးတွေနဲ့မှ
သွန်းဖြိုး ကာ ပေါင်းသင်တတ်သူရေ …

တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး

night^

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

” ပွင့်ချင်ပွင့် မပွင့်ချင်နေ “
ဒီလို …
သားချော့တေးတွေနဲ့ စိမ်းမြ တေးညှိုးလို့
သူ့ကို မနှိုးလိုက်နဲ့ကွယ်

တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး

တကယ်တော့ တစ်ပုဒ်လုံးကို သဘောကျတာပါ..

commentinfo By: ဖြိုးဖြိုး at Jul 4, 2010
Comment #2

အက်ဆစ်တိမ်ခိုးတို့
ပိုက်ထွေးလို့ထားတဲ့ အဆိပ်သင့်မိုးတွေနဲ့မှ
သွန်းဖြိုး ကာ ပေါင်းသင်တတ်သူရေ …

တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး

လေးစားပါတယ် ဆရာသမားရယ်…..

commentinfo By: နိုးဆက် နေ့ at Jan 3, 2013
Comment #3

နောက်တစ်ကြိမ်ခင်ဗျ။ ကြိုက်လွန်းလို့

commentinfo By: 13th at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment