Professional Authors

အသက်မဲ့ တဲ့ကျွန်တော့်ရဲ့ကိုယ်ပိုင် အလွမ်းစစ်စစ်တချို့

လေတချို့ ခပ်ဖွဖွလေးတိုက်နေလေရဲ့
ပြန့်ကျဲနေတဲ့အတွေးတချို့ဟာ
ခပ်ပေါ့ပေါ့ သစ်ရွက်အချို့နဲ့
မလှမ်းမကမ်း အသည်းကွဲမြစ်ကမ်းဆီကို
အတင်းခေါ်ဆောင်သွားလေရဲ့
(၁)
မျက်လုံးအကြည့်တချို့
လှမလှတော့မသိ
ငါအပါအ၀င် ယောင်္ကျားလေးတွေအားလုံး
ပါတ်ဝင်းကျင်အသက်မဲ့
(၂)
လေတိုက်တိုင်း
ယိမ်းနွဲ့နေတဲ့
အကသင်တန်းတက်ထားခြင်းမရှိတဲ့
ဆံနွယ်တချို့
(၃)
သံစဉ်ဂီတ
ငါနားမဲ့လည်ပေမယ့်
သေချာတယ်
သူခြေလှမ်းအကျတွေက
ငါ့နှလုံးခုန်သံနဲ့က အံကျ
(……………)
ဒီလိုနဲ့ငါ
နှလုံးသားတစ်ခုနဲ့
အရင်းပြုထားတဲ့
ဆေးရောင်လှလှ
ပန်ချီကားတစ်ချို့
သူမအကြိုက်များတွေ့မလားလို့
ငါ အလှပဆုံးခင်းကျင်းပြသခဲ့တယ်
သူမကခေါင်းငြိမ့်လိုက်တယ်လို့
ငါထင်တယ်၊ငါမြင်တယ်
ဒါပေမယ့်
အလိုက်ကမ်းဆိုးဆိုတာဘာမှန်းငါမသိခဲ့ဘူး
မာယာဆိုတာ
ခပ်ထူထူအဘိဓါန်မှာပဲရှိမယ်လိုငါထင်ခဲ့တာ
ငါဟာနှလုံးသားသာရှိပြီးဦးနှောက်မရှိတဲ့
အချစ်ရှုးတစ်ကောင်မှန်း
ဗိုလ်တစ်ထောင်ကမ်းနားဘေး
မာကျူရီမီးလုံးအောက်
သူမရဲ့ ဆံနွယ်အောက်
သူမရဲ့အလှအောက်
သူမရဲ့အပြုံးအောက်မှာ ကောက်ကြောင်းတစ်ခုကို
ကြည့်ရုံနဲ့ဒီစုတ်ချက်ကိုငါ ခံစားမိပြီ………..
အချစ်မခံရဘဲလမ်းခွဲခံရတဲ့
ငတုံးတကောင် ဗိုလ်တစ်ထောင်မြစ်ကမ်းနံဘေး
ဆွေးဆွေးလေးနဲ့ငေးနေခဲ့လေရဲ့
အခုတော့
တိုးဝေ့နေတဲ့
လေညှင်း
ငါ့များသင်းတို့ ရွှဲ့နေသလား
စိတ်ထဲခနိုးခနဲ့
ကောင်မလေးရေဘယ်သူမှမသိလဲ
ငါသိနေတယ်
နင်မရှိလဲ နင်စောင့်ခိုင်းတဲ့ဒီနေရာ
ဘယ်အခြေအနေဖြစ်ဖြစ်ငါ စောင့်နေတယ်…..။.
မှတ်ချက်။          ။ကောင်မလေးရေ လွမ်းရတာကို သေလုအောင်မုန်းတဲ့ကောင်ပါ ငါမလွမ်းချင်လည်း မင်းကြောင့်ငါ ကြိတ်မှိတ်လွမ်းနေမိတယ်……..။

In: ကဗျာ Posted By: Date: Jul 15, 2012
Comment #1

misssssssssssssss soooooooooooo muchhhhhhhh

commentinfo By: ei lay at Jul 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment