Professional Authors

ကျွန်တော့်ရဲ့မိုး……..

 

ကျွန်တော့်ရဲ့မိုး

ရွာနေတဲ့မိုးစက်တွေ

သူတို့ က

ကျွန်တော့်ကို

ချစ်သူရှိတဲ့

အတိတ်ကို ခေါ်ဆောင်သွားနိင်တဲ့

Express တစ်စီးပဲ……။

ပျော်ခဲ့ရတဲ့အချိန်တွေ

အတူရှိခဲ့တဲ့ နေ့တွေဟာ

ဥယျာဉ်တစ်ခုကို

ရင်ဘက်ထဲမှာ

အလိုလိုပျိုးပေးခဲ့တယ်လေ……။

ဘယ်လိုပဲဖြစ်ဖြစ်

ပြက္ခဒိန်တွေက

လှည့်ပတ်ပြေးနေကြတော့လည်း

လှပသာယာတဲ့

ထိုဥယျာဉ်လေးမှာ

ပန်းပျိုးလက်တွေ

အသက်မဲ့သွားလေဟန်……။

ဝတ္တရားကြီးကြီးနဲ့

ပွင့်ကြရမယ့်ပန်းတွေဟာ

ညနေတစ်ချို့နဲ့အတူ

ပျော်ပျော်ပါးပါး

ခရီးထွက်သွားကြလေရဲ့….။

ကျွန်တော်ဆီမှာက

မီးစာကုန်ဆီခန်းနေတဲ့

အနမ်းတချို့

လေညှင်းတောင်မဆောင်ယူနိုင်တော့တဲ့

ခပ်ညံညံ

လွမ်းရနံတစ်ချို့ကတော့

အသည်းပြင်တစ်ခုလုံးကို

ဖုံးလျှက်ပေါ့….။

ချစ်တယ်ဆိုတာဟာ

အမိုးအကာမရှိပေမယ့်

လုံခြုံမှု၊ နွေးထွေးမှု

အပေးနိုင်ဆုံးနေရာတစ်ခုကို

ဖြတ်သန်းသွားနိုင်တဲ့

တစ်ခုတည်းသော

လက်မှတ် တစ်ခုပါပဲ…..။

ဒါပေမယ့်လည်းလေ

ထိုလက်မှတ်ကို

တစ်ချိန်လုံး

ငါတယုတယ

တမြတ်တနိုး

ဆုတ်ကိုင်ထားရင်းက

အခုတော့

မင်းနဲ့အတူ အဝေးကို

လွင့်ပျက်ပျောက်ပြယ်သွားချေပြီ…။

ငါလွမ်းလျှက်ပါ…………….မိုးရယ်……….။

 

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

ဒီကဗျာ..လေး…ကို….တော်တော်လေး..နှစ်သက်လို့ 3ခေါက်တိတိ..တစ်ထိုင်တည်း..ဖတ်မိသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #2

ရင်ထဲကနေကိုအားပေးသွားတယ်နော် … 😛

commentinfo By: chityellusoelay at Sep 5, 2011
Comment #3

ဟားးးးးးးးးးးးးးးးးးးးးးအားပေးသွားတယ်ကွာ
ငါ့ရဲ့ မိုးလည်း ဘယ်ဆီကိုရောက်နေတယ် မသိတော့ဖူး………….

commentinfo By: sitayenyein at Sep 5, 2011
Comment #4

so cool !
so lonely !
like it !

commentinfo By: sharonmyorrmyor at Sep 5, 2011
Comment #5

Nice poem bro !

commentinfo By: May Kha at Sep 5, 2011
Comment #6

hin………..

lan kwe de..

commentinfo By: ei lay at Sep 5, 2011
Comment #7

ကောင်းတယ်ဗျာ
ရေးထားတဲ့ ပုံ စံ လေး လည်း မိုက်တယ်

Comment #8

ရွာနေတဲ့မိုးစက်တွေ

သူတို့ က

ကျွန်တော့်ကို

ချစ်သူရှိတဲ့

အတိတ်ကို ခေါ်ဆောင်သွားနိင်တဲ့

Express တစ်စီးပဲ……။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment