Professional Authors

အို…….ဒေ၀ီ

အလှဘုရင်မ ပေမယ့်
အမုန်းသတင်းမှာ
နာမည်ကြီးလေသူ
သူမုန်းလို့
တစ်ခါတစ်လေတောင်
တိမ်တွေတောင်
ငိုရလေရဲ့
အလှ မှာကြွေ
မာယာမှာ ယစ်မူး
ငါ့ကို ငါ သူရဲကောင်းလို့တော့
တစ်ခါတစ်လေ
ဟစ်ကြွေးဖူးလေရဲ့
မျှော်လင့်ခြင်းရဲ့ တစ်ဖက်
ကိုယ့်ကို ကိုယ်
အထင်ကြီးနေသူတစ်ယောက်နဲ့
ဒေ၀ီအရှင်မ တစ်ပါးတို့
အပြိုင်အဆိုင်
စကားတွေထိုးစစ်ဆင်
မျက်လုံးတွေနဲ့
တိုက်နေကြလေပြီ….။
ငါရှုံးခဲ့တယ်
ဒါပေမယ့်
နင်မနိုင်ပါဘူး…။
ငါက သီအိုရီတွေကို
ကျော်လွန်နိုင်တာမှ
မဟုတ်တာ
ငါက မနုသ တစ်ဦးပဲလေ…။
တစ်ခါတစ်လေတော့လည်းလေ
သင်တို့ သတိထားမိကြရဲ့လား
အချစ်ကို အစော်ကားခံရချိန်
အပစ်ပယ်ခံ ရချိန်တို့မှာ
အဲ့ ဒီနူးညံသိမ်မွှေ့လွန်းလှတဲ့
အချစ်ဟာ
အဆိပ်တွေလူး
ဆူးတွေဆူးကာ
ကြောက်စရာ
သတ္တ၀ါတစ်ကောင်အဖြစ်
သိသိသာသာ
ပြောင်းလဲလေရဲ့
ဘယ်လောက်ပင်
ချစ်ရသူဖြစ်ပစေ
စေတနာနဲ့မတန်
မေတ္တာနဲ့ မဟန်ရင်
ထားသမျှစေတနာတွေဟာ
အပေါစားရေခဲရေတစ်ခွက်နဲ့
လဲသောက်ခံရသလိုပဲ
မချစ်နိုင်ရင်နေပါစေ
သူတပါးကို
ထိခိုက်အောင်မလုပ်ကြပါနဲ့ဗျာ
ခံစားချက်လွယ်တဲ့
လူအဖို့
နေ့စဉ်ထုတ်သတင်းစာမှာ
နောက်ဖက်စာမျက်နှာမှာ
မထင်မရှားကြော်ငြာမှာ
ပါရုံက လွဲ လို့ ….။
သင်ဘာမှ ရမှာမဟုတ်ဘူးဒေ၀ီ
နင့်ကို လွမ်းတာ
ချစ်လို့မဟုတ်ဘူး
ဂလဲ စားရဲ့
တိုက်တွန်းချက်ကြောင့်ပါ…
နင့်ကြောင့်ပြိုလဲ သွားတဲ့
အသည်းနံရံ
အမြောက်အမြားကြောင့်ပါ…
နင် နှလုံးသွေးတွေ
များများသောက်နိုင်ပါစေလို့
ငါလိုလို လားလားနဲ့ဆုတောင်းပေးနေလေရဲ့
နင်ကံကောင်းပါစေရဲ့…….။

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

cool.

commentinfo By: ei lay at Sep 3, 2011
Comment #2

oh,,,oh,,
kyauk sa yar g

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment