Professional Authors

အတုမဲ့…..ည- ရဲဝင့်အောင်

ညဂြိုလ်စီးတဲ့ ဟင်းလင်းပြင်မှာ
တမြေ့မြေ့တောက်ပခဲ့တဲ့
မျှော်လင့်ခြင်း အလင်းစက်တွေဖြန့်ဆင်းရင်း
နောက်နေ့ များစွာရှင်သန်ကြမယ်……

ခုထက်ထိတော့…..
ပြယ်လင့်သွားမယ့် အိပ်မက်ဟာ
သစ်လွင်ဆဲ…
ကြွေကျသွားမယ့် ကြယ်ကလည်း
တောက်ပဆဲ…

ငှက်ဆိုးတွေရဲ့စောင်းသံကိုနားစွင့်
ပြောပြသူမရှိတဲ့ပုံပြင်ကို
သန်းခေါင်ထိတိုင်အောင်
နားထောင်နေတုန်းမှာ
လမင်းဟာ ညကိုဝှက်ပစ်လိုက်တယ်…

ကြာတော့လည်း ကြာခဲ့ပါပြီ
ဓူဝံကြယ်မကြွေကျခင်
ပြတ်ခဲ့ရတဲ့ စောင်းကြိုးတွေ
ကြာတော့လည်း ကြာခဲ့ပါပြီ…

အခုတော့…..
အဖြူရောင်အတုတွေနဲ့ လင်းတဲ့
လရောင်ရဲ့ ၀တ်ရုံလွှာအောက်မှာ
ငါ့ညလေးကိုပြန်ပေးခဲ့ကြပါ….
                             ရဲဝင့်အောင်
 

 မှတ်ချက်။      ။ ကျွန်တော်သည် ရွှေကြယ်မိုးဟူသောကလောင်ဖြင့်
                      ဤကဗျာလေးအား ရတီမဂ္ဂဇင်းသို့ ပေးပို့ ခဲ့ပါသည်။

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

ကောင်းတယ်ဗျ။အားပေးသွားပါတယ်။
ကြာတော့လည်း ကြာခဲ့ပါပြီ
ဓူဝံကြယ်မကြွေကျခင်
ပြတ်ခဲ့ရတဲ့ စောင်းကြိုးတွေ
ကြာတော့လည်း ကြာခဲ့ပါပြီ…

commentinfo By: poem.poem28 at Sep 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment