Professional Authors

ရှင်ကွဲ-ရဲဝင့်အောင်

ဒီအတိုင်းလေးပါပဲ…
စွယ်တော်ရွက်ခြောက်လေးတွေ
ငါ့ရင်ခွင်က ထွက်ခွါသွားကြတယ်…

မိုးနှောင်းမှာပွင့်တဲ့
တစ်ရာသီစာပန်းတွေ
ဟိုလိုလိုဒီလိုလိုနဲ့  မြေခသွားခဲ့
ဘာမှသာမဟုတ်တယ်
ဆွဲဆုတ်ခံရတဲ့နေ့ စွဲတွေ
ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ 
လမင်းလိုက်တမ်း ကစားခဲ့ရတယ်…

သမားရိုးကျ လမ်းခွဲလေးတစ်ခု
ဘာမှမဖြစ်သလိုနေပြကြရင်း
ဒဏ်ရာကိုယ်စီဖန်တီးလိုက်တယ်…
တကယ်တမ်းက…
တမ်းတမှုကိုယ်စီနဲ့ ရှိုက်နင့်ခဲ့ပေါ့…

နှုတ်ဆက်ပါတယ်ချစ်သူ…
အာဒံဧ၀လည်း အဆုံးသတ်သွားပါပြီ
ရိုမီရိုဂျူးလီးယက်လည်း ပြီးသွားပါပြီ
ငါတို့ ကသာ မပြီးသေးတဲ့အလွမ်းတွေနဲ့ 
အညတရလမ်းခွဲလေးမှာ ရှင်ကွဲကွဲခဲ့ပေမယ့်
တံလျှပ်ပေါ်တင် ကွပ်မျက်ခံရတဲ့
နှလုံးသားက တမလွန်ထိ
တမ်းတဆဲပါ……………….
                                ရဲဝင့်အောင်(ဒဿနိကဗေဒ)

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

သမားရိုးကျ လမ်းခွဲလေးတစ်ခု
ဘာမှမဖြစ်သလိုနေပြကြရင်း
ဒဏ်ရာကိုယ်စီဖန်တီးလိုက်တယ်…
တကယ်တမ်းက…
တမ်းတမှုကိုယ်စီနဲ့ ရှိုက်နင့်ခဲ့ပေါ့…

နှုတ်ဆက်ပါတယ်ချစ်သူ…
အာဒံဧ၀လည်း အဆုံးသတ်သွားပါပြီ
ရိုမီရိုဂျူးလီးယက်လည်း ပြီးသွားပါပြီ
ငါတို့ ကသာ မပြီးသေးတဲ့အလွမ်းတွေနဲ့ 
အညတရလမ်းခွဲလေးမှာ ရှင်ကွဲကွဲခဲ့ပေမယ့်
တံလျှပ်ပေါ်တင် ကွပ်မျက်ခံရတဲ့
နှလုံးသားက တမလွန်ထိ
တမ်းတဆဲပါ……………….ကောင်းတယ်….ကြိုက်လို့အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #2

လုလင် အားပေးသွားပါတယ်ခင်ဗျာ

Comment #3

အားပေးသွားပါတယ်……..
ရဲဝင့်အောင်ရေ…….

commentinfo By: sitayenyein at Sep 16, 2011
Comment #4

နှုတ်ဆက်ပါတယ်ချစ်သူ…
အာဒံဧ၀လည်း အဆုံးသတ်သွားပါပြီ
ရိုမီရိုဂျူးလီးယက်လည်း ပြီးသွားပါပြီ
ငါတို့ ကသာ မပြီးသေးတဲ့အလွမ်းတွေနဲ့ 
အညတရလမ်းခွဲလေးမှာ ရှင်ကွဲကွဲခဲ့ပေမယ့်
တံလျှပ်ပေါ်တင် ကွပ်မျက်ခံရတဲ့
နှလုံးသားက တမလွန်ထိ
တမ်းတဆဲပါ……………….

commentinfo By: May Kha at Sep 16, 2011
Comment #5

nice

commentinfo By: ei lay at Sep 18, 2011
Comment #6

အရမ်းကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment