Professional Authors

တစ်ပုဒ်တည်းသော တေးသွား- ရဲဝင့်အောင်

သူ…..
အိပ်မပျော်တဲ့ဒဏ်ရာတွေအတွက်
အလွမ်းချိုချို တစ်ခွက်ကိုဖျော်
ကောင်းကင်ကိုမော်ကြည့်တယ်…
ခုနှစ်စင်ကြယ်အမှီးမထောင်တော့တာ
ကြာခဲ့ပြီဲပဲ…..
သူ ခပ်လေးလေးသက်ပြင်းတစ်ခု
ချလိုက်တယ်…..

ကိုယ်ပိုင်ကောင်းကင်နဲ့ လင်းလက်ခွင့်
မရှိခဲ့တဲ့ သူဟာသူမအတွက်
ကြယ်တစ်လုံးဖြစ်ချင်ခဲ့တယ်…..
ကြွေချင်ကြွေသွားပါစေ…..
ပြယ်ချင်ပြယ်သွားပါစေ…..
သူဟာ သူမအတွက်
ထာဝစဉ် လင်းလက်ချင်နေခဲ့တယ်…

မျှော်တော်ယောင် စောင်းကြိုးတွေလည်း
ပြတ်….ရှ…..ကုန်….ပါ…ပြီ….
ဒါပေမယ့် သူဟာ တစ်ချောင်းတည်းသော
သံယောစဉ်ကြိုးကို ရစ်ပတ်ချည်ပြီး
တစ်ပုဒ်တည်းသောတေးသွားကို
သူမအတွက် တီးခတ်တယ်…
ပြန်လာခဲ့ပါ…..
ပြန်လာခဲ့ပါ…..
“ပြန်လာခဲ့ပါ” တဲ့
                          ရဲဝင့်အောင်(ဒဿနိကဗေဒ)

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

ကိုယ်ပိုင်ကောင်းကင်နဲ့ လင်းလက်ခွင့်
မရှိခဲ့တဲ့ သူဟာသူမအတွက်
ကြယ်တစ်လုံးဖြစ်ချင်ခဲ့တယ်…..
ကြွေချင်ကြွေသွားပါစေ…..
ပြယ်ချင်ပြယ်သွားပါစေ…..
သူဟာ သူမအတွက်
ထာဝစဉ် လင်းလက်ချင်နေခဲ့တယ်…

commentinfo By: အသဲကွဲမိုး at Sep 22, 2011
Comment #2

အိပ်မပျော်တဲ့ဒဏ်ရာတွေအတွက်
အလွမ်းချိုချို တစ်ခွက်ကိုဖျော်
ကောင်းကင်ကိုမော်ကြည့်တယ်…အလွမ်းချိုချိုတဲ့လား
ကောင်းတယ်ဗျာ…အားပေးသွားပါတယ်။

commentinfo By: ကြယ်စစ်သည် at Sep 22, 2011
Comment #3

မျှော်တော်ယောင် စောင်းကြိုးတွေလည်း
ပြတ်….ရှ…..ကုန်….ပါ…ပြီ….
ဒါပေမယ့် သူဟာ တစ်ချောင်းတည်းသော
သံယောစဉ်ကြိုးကို ရစ်ပတ်ချည်ပြီး
တစ်ပုဒ်တည်းသောတေးသွားကို
သူမအတွက် တီးခတ်တယ်…
ပြန်လာခဲ့ပါ…..
ပြန်လာခဲ့ပါ…..
“ပြန်လာခဲ့ပါ” တဲ့

commentinfo By: May Kha at Sep 22, 2011
Comment #4

အရမ်းမိုက်တယ်အစ်ကို။အားပေးသွားပါတယ်နော်။

commentinfo By: yelaylover2010 at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment