Professional Authors

ချစ်သူမက်ဖို့ အိမ်မက်ရှည်-ရဲဝင့်အောင်

တစ်ခါခါမှာရော…
အခါခါတိုင်းမှာရော…
ငါ့အိပ်မက်မှာမင်းပုံတွေနဲ့ 
ပြည့်နေတယ်ချစ်သူ…
ငါ့အတွေးတိုင်းမှာ မင်းဟာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်စီနဲ့ 
ငါ့ကိုလှည့်စားနေတာလား….???
ငါမတွေးရဲဘူး….
ငါဟာမင်းအတွက်ဆို အမြဲတမ်း
နိုင်နေရက်နဲ့ အရှုံးပေထားသူပါ…
တခြားသူတွေရဲ့အိပ်မက်မှာ
နင်မျောပါသွားမှာ
ငါသိပ်သိပ်ကြောက်တယ်…
ငါရ့င်ဘတ်တံခါးဝကိုလာပြီး
ငါကပ်ထားတဲ့ အလွမ်းကြေညာစာကို
ဖတ်ကြည့်လှည့်ပါဦး…
သေမင်းတမာန်အသဲခွဲခန်းမှာ
ငါ့ကို မလှောင်ပိတ်ထားပါနဲ့ ချစ်သူ…
မင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကို
ပြန်မြင်တိုင်း ငါ့အိပ်မက်မှာ
ငါပြန်ပြန်သေနေရတယ်…
ဂစ်တာတစ်လက်ရဲ့ သမိုင်းမှာ
ချစ်သူအတွက် သေသီချင်းဆိုတာ
ရှိရိုးအမှန်ပါ….
ဒါပေမယ့်
လွမ်းတေးတွေချည်းပဲတော့
ငါမဆိုညည်းချင်ဘူး ချစ်သူ….
စာနာပါဦး….
ညှာတာပါဦး…
ပြန်လာပါဦး…
ငါ့အိပ်မက်တွေရဲ့ဆုံမှတ်က
မင်းပါပဲ ချစ်သူ
သုညဆန်တဲ့ ငါ့ဘ၀ထဲမှာ
မင်းဟာ ဆူးတစ်ချောင်းကိုင်ပြီး
ဘုရင်မလုပ်နေဆဲပါ….
ချစ်သူ…
လွဲမှားခဲ့မှုတွေကို ကလဲ့စားချေဖို့ 
ချစ်ခြင်းတွေပြန်မွေးဖွားဖို့ 
ငါ့ရင်ဘတ်ထဲကို ပြန်လာခဲ့ပါတော့ချစ်သူ…
                                         ရဲဝင့်အောင်(ဒဿနိကဗေဒ)

In: ကဗျာ Posted By: Date: Sep 15, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

ငါဟာမင်းအတွက်ဆို အမြဲတမ်း
နိုင်နေရက်နဲ့ အရှုံးပေထားသူပါ…
တခြားသူတွေရဲ့အိပ်မက်မှာ
နင်မျောပါသွားမှာ
ငါသိပ်သိပ်ကြောက်တယ်…

commentinfo By: May Kha at Sep 16, 2011
Comment #3

အားပေးသွားပါတယ် ညီလေး

Comment #4

Bro ရယ်လာ အားပေးသွားတယ်ဗျ။
လွမ်းတေးတွေချည်းပဲတော့
ငါမဆိုညည်းချင်ဘူး ချစ်သူ….
စာနာပါဦး….
ညှာတာပါဦး…
ပြန်လာပါဦး…
ငါ့အိပ်မက်တွေရဲ့ဆုံမှတ်က
မင်းပါပဲ ချစ်သူ

commentinfo By: gadounlay at Jan 6, 2012
Comment #5

here i m…
kwi,,kwi,,,
just teasing naw.

great poem,,,
lovely feeling,,,
nice style,,,

commentinfo By: ei lay at Jan 6, 2012
Comment #6

how many times do i read.?
😛

commentinfo By: ei lay at Sep 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment