Professional Authors

ကျေးဇူးပြုပြီး

ငတ်မွတ်ခြင်းတွေကြောင့်

လူ အဖြစ်ကိုစိတ်ပျက်နေတဲ့

ကလေးငယ်တွေအတွက်

ဘ၀သာယာအောင်ကြိုးစားပေးဖို့ဆိုရင်

ကျေးဇူးပြုပြီး ငါ့နာမည်ကိုသတိရပေးပါ…။

 

အကြောင်းတွေအမျိုးမျိုးကြောင့်

ပူပန်မှုတွေအပြည့်နဲ့

စိတ်ဓာတ်ကျ ၀မ်းနည်းနေတဲ့သူတွေကို

ဖေးမပေးဖို့ဆိုရင်

ကျေးဇူးပြုပြီး ငါ့ ကို ပါဝင်ခွင့်ပေးပါ…..။

 

အသက်အရွယ်ရဲ့တိုက်စားမှုအရ

လောကကြီးနဲ့ အံမ၀င်သလိုခံစားနေရတဲ့

အသက်ကြီးတဲ့ သူတွေအတွက်

ကူညီပေးဖို့အတွက်ဆိုရင်

ကျေးဇူးပြုပြီး ငါ့ ကိုစာရင်းသွင်းဖို့မမေ့ပါနဲ့…။

 

ကမ္ဘာကြီးအတွက်

သာယာဖို့ ……စိမ်းလန်းဖို့

သဘာဝသယံဇာတတွေကာကွယ်ဖို့အတွက်

 ပြတ်ပြတ်သားသားတိုက်ပွဲဝင်ဖို့ဆိုလည်း

ကျေးဇူးပြုပြီး  ငါ့ကိုချန်မထားခဲ့ပါနဲ့….။

 

ခေတ်ရေစီးကြောင်းအလိုက်

ဖက်ရှင်ပြပွဲတွေ၊ရုပ်တူပြိုင်ပွဲတွေ

မော်ဒယ်ရှိုးပွဲတွေ၊ ကျော်ကြားချင်ရုံသက်သက်နဲ့ အလှုပေးနေတဲ့

တချို့လူတွေရဲ့ အခမ်းအနားတွေတက်ဖို့ဆိုရင်တော့

ကျေးဇူးပြုပြီး

ငါ အိပ်ရေးဝအောင်အိပ်ပါရစေ….။                              

 

In: ကဗျာ Posted By: Date: Sep 24, 2011
Comment #1

တစ်မျိုးလေးပဲဗျ။ကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 24, 2011
Comment #2

ဟုတ်တယ်….အမှန်ပဲ…….။
အိပ်ရေးဝအောင်အိပ်ပါရစေ…
ကျွန်တော့်ကိုလည်းလာမနှိုးပါနဲ့ ။

အားပေးသွားတယ်……..။ 🙂

commentinfo By: terry at Sep 24, 2011
Comment #3

သိပ်ဟုတ်တာပေါ့ စူနိုင်ရေ
ညီမရေးတဲ့ ဒီကဗျာလေးက တော်တော်ကောင်းပါတယ်
အားပေးသွားတယ် ညီမလေး

commentinfo By: ကေသရီ at Sep 26, 2011
Comment #4

😉
🙂
🙂

commentinfo By: ei lay at Jul 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment