Professional Authors

လမ်းခွဲဆုတောင်း

သင်ဘယ်လိုလူစားလဲ?

ချစ်တယ်လို့ တယောက်ကိုတယောက် ပြောပြီးကာမှ
လူနှစ်ယောက်လမ်းခွဲလိုက်ကြတဲ့အခ

တချို့က…
နာစရာရှိတာတွေကိုတွေးပြီး မေ့ပစ်လိုက်ကြတယ်

တချို့က…
ဘ၀ကြီးကိုအရွဲ့တိုက် ဖြစ်ချင်ရာဖြစ် ရှင်သန်လိုက်ကြတယ်

တချို့က…
အလွမ်းသမားကြီးအဖြစ်နဲ့ အသနားကိုခံယူကြတယ်

တချို့က…
ကိုယ့်မာနကိုယ်သုံးပြီး ဝေဒနာကို မသိချင်ယောင်ဆောင်နေတတ်ကြတယ်

တချို့က…
ဝေဒနာရဲ့ဒဏ်ကို ကြောက်တဲ့စိတ်နဲ့ ဆောက်တည်ရာမရရှင်သန်ကြတယ်

တချို့က…
စူဋ္ဌသုဘဒ္ဒါလို ကိုယ့်နောင်တနဲ့ ကိုယ့်ကိုကိုယ်နှိပ်စက်
ရင်ကွဲနာကြပြီး သေမတတ်ခံစားနေကြရသတဲ့

ဘယ်လိုပဲဖြစ်ဖြစ်လေ….
မိတ်ဆွေ,
မပြောကောင်းပြောကောင်း ဒီလိုအဖြစ်မျိုးနဲ့များကြုံခဲ့ရရင်ပေါ့
ကိုယ်ဆုတောင်းပေးလိုက်တယ်
ခံစားစရာရှိတာတွေကိုလည်း ကုန်သွားအောင်ခံစားလိုက်ပါ
ပြီးရင်တော့ ကိုယ့်ဘ၀မှာ ကိုယ်ပဲရှိတော့တယ်ဆိုတာကို
မြန်မြန်ဆန်ဆန် လက်ခံနှလုံးသွင်းလိုက်နိုင်ပါစေဗျာ။

In: ကဗျာ Posted By: Date: Jun 20, 2012
Comment #1

thz so much,,

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment