Professional Authors

ဝေ ဆဲ တွေဆဲ လေ ဆဲ ငိုဆဲ ပါ ဆောင်းရယ်…………………………….။

ဝေ ဆဲ တွေဆဲ လေ ဆဲ ငိုဆဲ ပါ ဆောင်းရယ်…………………………….။

ဆောင်းတွင်း ညနေ

လွမ်းလျှက်နဲ့ နေသည်
အချစ်တို့ ပြိုလဲ
နောင်တတို့ သာပြည့်နေပြီ
နောင်တ ရဲ့ လက်ဆောင်တံပိုး
ငါထမ်းပိုးထား လျှက်
အမုန်းတစ်ဖက် အရှုံးတစ်ဖက်
အပြန်အလှန် လွန်ဆွဲ
ငါ့နှလုံးသားက ဓါးစာခံ
အထီးကျန်ခြင်း ဆိုတဲ့
စောင်တထည် ခြုံမိတယ်
ဘယ်လိုမှ မလုံ………………………
အချစ်မရှိ ပုံများ
အသည်းခိုက်အောင် အေးတယ်
လွမ်းလို့ တုန်တာလား
ချမ်းလို့ တုန်တာလား
မပြောတတ်…………………….
ဆွေးရတာ များလာတော့
ညတာတွေ ရှည်လာလိုက်တာ
နေလုံးကြီးပျောက်ပေါ့……………..
ခပ်အေးအေးအသည်း
အချစ်(သူမ) နဲ့တွေ့မှ
နွေးထွေးမှုကို
မြတ်နိုးခဲ့တယ်……………………
ပျော်ရွှင်မှုကို မနာလိုတဲ့
ပညတ်တွေက နည်းနည်းများတော့
ဝတ္ထုတွေ ဘယ်လောက်များများ
လမ်းညွှန်စာစောင်တွေ ဘယ်လောက်များများ
ကဗျာတွေ ဘယ်လောက်များများ
သူမ ရဲ့ စကားတစ်ခွန်းကို မကျော်နိုင်ခဲ့
အချစ်ဆိုတဲ့ အလံကိုဖြုတ်တယ်
မာန ဆိုတဲ့ လက်နက်ကို ငါချတယ်
ဒူးထောက်အရှုံးပေးခဲ့တယ်
ဒါပေမယ့် ငါ့နှလုံးသားတောင်ကုန်း
ကွဲကြေသွားခဲ့ပြီ………………………
ဝေ ဆဲ တွေဆဲ လေ ဆဲ ငိုဆဲ ပါ ဆောင်းရယ်…………………………….။

In: ကဗျာ Posted By: Date: Jan 10, 2013
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Jan 10, 2013
Comment #2

mike tal fri arr pay tal byar ….. 🙂

commentinfo By:ုkoko at Jan 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment