Professional Authors

အမာရွတ်

မှိုင်း ဝေ ပြာ လဲ့
အလွမ်းကို ဇာချဲ့တတ်တဲ့ ဆောင်းက
ဇာတ်သိမ်းမှာမှ မျက်ရည်နဲ့ပေါင်းမတဲ့..
ကောင်မလေးရေ…
နေကောင်းရဲ့လား.။

သတိရမှုမိုးတိမ် တလွင့်လွင့်မှာ
လရောင် အဆင့်ဆင့်ချိတ်ဆက် သင်း မြ
ဟိုးအဝေးက
ဝင်းဝင်းပပ ကြယ်ပြာလေးရေ…
နင့်ရဲ့ အလင်းဝါ၀ါမှာ
သီချင်းကဗျာတွေနဲ့ ရွှဲ နစ်
(နင့်ကိုလွမ်းလို့ ရေးတဲ့ကဗျာတိုင်း)
အနာတရတွေပဲ အမြဲဖြစ်နေပေါ့။

In: ကဗျာ Posted By: Date: Jan 9, 2013
Comment #1

Nay Kaung bu.
🙁

commentinfo By: ei lay at Jan 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment