Professional Authors

ဝေးလွင့်ခြင်း ပြက္ခဒိန်

 

      အဲဒီနေ့…

လောင်မီးကျလိုက်ပုံများတော့

လင်းနေကျ ကောင်းကင်ကလည်း

တ၀က်တပျက် မှောင်လို့…..

စီးဆင်းနေကျ နှလုံးသွေးကလည်း

ပြောင်းပြန်လှည့်လို့…

လွမ်းနေကျ အလွမ်းကလည်း

မိုးကုတ်စက်ဝိုင်းအောက်မှာ လှုပ်လို့ မြုပ်လို့…..။

 

            ကိုယ်တိုင်လိုက်မပို့ဖြစ်လိုက်တဲ့

ခရီးရှည်မှာ

နင် နွေးထွေးနေပါ့မလား ငါ အကြိမ်ကြိမ်စဉ်းစားတယ်….

ရေဘူးရယ် ဖိနပ်ရယ်

သုံးရာသီစာ ငါ့ချစ်ခြင်းတွေရယ်…

ဒီခရီးအတွက်

ငါတို့ ပြင်ဆင်မထားမိလိုက်ဘူးလေ….။

 

            နင် နောက်ဆုံး အသက်အောင့်ပစ်လိုက်တဲ့

မြတ်နိုးခြင်းအတွက်

ငါဟာ တသက်စာ ကြည်နူးခွင့်ရခဲ့ပြီ….။

 

            ဒီ ကြမ္မာနှင်တံကို ကိုင်ခဲ့တာ

မာန်နတ်လား ငါလား…

ဒါမှမဟုတ် နောင်တ တရားလား

ဝေေ၀၀ါးဝါးနဲ့ပဲ

သံသရာက လည်နေတုန်း…။

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment