Professional Authors

ငါ့ဖက်က အချစ်ရဲ့ထင်မြင်ချက် (မင်းကိုချစ်တဲ့သူ)

အမြင်တွေခြား အဆင်ကွဲပြားတဲ့
မရေရာခြင်းတွေနဲ့ ဆုံဆည်းခဲ့တဲ့
ငါတို့တွေရဲ့ နေ့တွေများမှာ
ဘယ်အရာက တွယ်တာစေခဲ့လဲ…

အမှတ်တရတွေကို အမှတ်တမဲ့တွေးမိတိုင်း
ငါတို့ရဲ့  အတိတ်ကအချိန်တွေဟာ
အခုအချိန်ထိ ပူနွေးနေဆဲ
ငါ့လောက် ဘယ်သူကတန်ဖိုးထားနိုင်လို့လဲ…

အမှတ်မထင် ပြန်လည်ဆုံတွေ့ခြင်းက
ကံကြမ္မာဆီက လျော်ကြေးပြန်ရသလို
ခက်ထန်တဲ့အကြည့်တွေကတော့
နှုတ်မဆက်ချင်တဲ့ သဘောပဲလား…

တကယ်တော့ အဝေးကနေရပေမယ့်
နှလုံးသားကတော့ အနီးဆုံးမှာပါ
ပိုင်ဆိုင်ချင်တဲ့ အတ္တကိုခ၀ါချခဲ့တာ
ငါ့ထက်ငါ မင်းကိုပိုချစ်ခဲ့လို့ပါပဲ…

မျဉ်းပြိုင်နှစ်ကြောင်းလို့ မဖွဲ့နွဲ့ဘူး
တကယ်လို့ ပြိုင်ခဲ့ရင်တောင်
ငါ့က မင်းဆီကိုယိုင်လိုက်မှာပါ
အချစ်မှာ မာန်မာနတွေမလိုပါဘူး…

ငါကလည်း လူတစ်ယောက်ပါပဲ
မျှော်လင့်ချက်တွေများစွာနဲ့ပေါ့
မှေးမှိန်နေတဲ့ အနာဂါတ်အတွက်
အာမခံချက်ဆိုတာ မထားချင်ဘူး
လူ့ဘ၀ဆိုတာ…
ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရတာမှမဟုတ်တာ…

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

dar pay me pan tine dot shi ya hmar pop.
kan ko yone loh hma ma ya tar.
koh ta mine kou ko pe yae ya hmar.

commentinfo By: ei lay at Nov 14, 2011
Comment #2

လူ့ဘ၀ဆိုတာ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရတာမှ မဟုတ်တာ..

commentinfo By: မြတ်နိုးမွန် at Dec 25, 2011
Comment #3

အရမ်းကိုကောင်းပါတယ်
ငါ့ကိုငါထက်မင်းကိုပိုချစ်လို့ပါတဲ့လား
အရမ်းမိုက်တယ်
အားပေးနေမယ်နော်

commentinfo By: မိုး at Dec 25, 2011
Comment #4

lu ba wa so tar phyit chin tin phyit kwint ma shi pay me,,,,
phyit chin tar ko phan te u naing phoe a kwint a yae dot shi par de,

commentinfo By: ei lay at Jan 6, 2012
Comment #5

read again

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment