Professional Authors

အတိတ်ရယ် ပစ္စုပ္ပန် ရယ် အနာဂါတ်ရယ် ရောငိုထားတဲ့ သီချင်း

(နိဒါန်း)

ငါ မရှိလဲ ရတယ် ဆိုတဲ့ ကောင်းကင်ကြီးအတွက်
ငါဟာ ခိုးခိုးပြီး ငိုရတဲ့ ကြယ်ပါ
ငါ့ရဲ့ လက်တစ်ဆစ်စာ အတွေးအခေါ်တစ်ချို့ ကြောင့်ပဲ
ကျွန်တော် နဲ့ သူဟာ အတိုင်းအဆ မသိ ဝေးခဲ့ရပြီ
ဟုတ်ပါတယ် . . . ကျွန်တော်ဟာ
နောက်ဆံတင်းတင်းနဲ့ ကိုယ့်ကိုယ်ကို ခြွေချလိုက်တဲ့ ကြယ် . . .

ဒီနေ့ လမင်းကြီးဟာ ၃၆၀ံ ပြည့်တယ်
နီယွန်မီးတိုင်အောက်က
အဖြူရင့်ရောင် အုတ်ခုံလေးပေါ် က ကျွန်တော်
သံဇဉ် တွေနဲ့ အတူ လေထုထဲမှာ နေရာယူထားလိုက်တယ်
“ သူမကို လွမ်းတယ် ”
အရင် တစ်ချိန် က သူမ နဲ့ ကျွန်တော်
အရိပ်လိုထပ်တူ ကျမိချိန်က ကာလတစ်ခု
ဂီတ ယန္တရား နဲ့  ဆက်သွယ်သွားလာမိခြင်းပါ
သူမ အတွက် သီချင်းတိုင်းဟာ
ကျွန်တော့် ရင်ဘတ် နဲ့ ခပ်ယူထားတဲ့ သစ္စာတရားတွေ ဆို
ကျွန်တော်ဟာ လူမသိ သူမသိ အနုပညာသမားတစ်ယောက်
ဒါမှ မဟုတ် 
နေမင်း အိပ်ချိန်တိုင်းမှာ
ကိုယ့်ကိုယ်ကို  ညှင်းဆဲတတ်တဲ့
အဖြူရောင် အကြမ်းဖက်သမား တစ်ယောက်  ၊၊            ၊၊

သူမဟာ ဘုရားသခင် လက်နဲ့ ဖန်ဆင်းထားတဲ့
“ သမုဒယ ဆုလာဘ် ” တစ်ခု
အိပ်မက်တွေ နဲ့  ဖွဲ့ စည်းထားတဲ့
“Angel” လေးတစ်းပါး
ကြီးကြီးမားမား ဆိုတာမျိုးကြီးမဟုတ်ပေမဲ့
ကျွန်တော့်အတွက် အခမ်းနားဆုံးက
စင်စစ် သူမ တစ်ယောက်တည်းရယ် ၊၊            ၊၊

(အတိတ်)

(၁)
နေ၀င်ချိန်တွေ ပိုမှောင်တတ်လာပြီ
သူမ နဲ့ ကျွန်တော်
မျက်လုံးချင်း သိနှင့်နေကြပြီ
ခွဲခွာချိန် ဒီည ခဏ မှာ
အနက်ရှိုင်းဆုံး အလွမ်းဆိုတာတွေ
ထုဆစ် ပုံဖော် ကြဖို့ 
နာရီ ပိုင်းလေး  ခွဲခွာကြဖို့ 
တစ်ယောက် နဲ့ တစ်ယောက်
ဒဏ်ရာပါးပါးလေးတွေနဲ့ နှုတ်ဆက်ကြစမြဲ
“ သူမ နဲ့ ကျွန်တော် ဒီလောက်ချစ်ခဲ့တယ် ”
ဘာလိုလို နဲ့ ကျွန်တော်ဟာ
ရိုးသားတဲ့ အနက်ရောင်တွေ ကြားက
နေ၀င်ချိန်တွေ မုန်းတတ်တဲ့ ချာတိတ်တစ်ယောက် ဖြစ်ခဲ့တယ် ၊၊         ၊၊

(၂)

ကန်တော်ကြီး အရိပ်
သူမ ကြောင့် ပိုလှပနေခဲ့တယ်
ကျွန်တော့်ရင်ထဲ ကဗျာ တစ်ပုဒ်တော့ မွေးဖွားသန့် စင်ပြီးပြီ
အလင်းတွေကို သေချာတွေ့ နိုင်တဲ့ အရပ်
အသံတွေကို ဝေးကွာပေးနိုင်တဲ့ အရပ်
“ ဘ၀စစ် ” လို့ ကျွန်တော် တီးတိုး နာမည်ပေးဖြစ်ခဲ့တဲ့
မြက်ခင်းစိမ်းလေးတစ်နေရာမှာ
ထိုင်ဖြစ်ခဲ့တယ်
ဆေးလိပ်လျှော့သောက်ဖို့ 
ကျန်းမာရေးဂရုစိုက်ဖို့ ကစလို့ 
ကျွန်တော်တို့ အနာဂါတ် အိမ်အတွက်
သူမ ဘယ်လိုပြင်ဆင်နေတယ်ဆိုတဲ့ စကားအဆုံး
ကျွန်တော်တို့ ရင်ခွင်ချင်း ဖလှယ်ခဲ့ကြတယ်
အသိခက်စေတဲ့ ကဗျာ ထိရှလွယ်စေတဲ့ အရာ
အနမ်းလေးတစ်ခု သူမ နဖူးထက် ခြေချခဲ့တယ်
နှစ်ဦးသား ရင်ထဲ
ယုံကြည်မှု တွေ စိမ့်ဝင်လာတယ်
အဖြူရောင်ချစ်ခြင်းမည် တဲ့ တံတိုင်းတစ်ချပ်
နှစ်ဦးသား အတွက် ခွန်အားဖြစ်စေခဲ့ တယ်
“ ကျွန်တော်တို့ ဘယ်တော့မှ မဝေးနိုင်တော့ဘူး ”

(၃)

အမှတ်တရ
ဘ၀အတွက် မမေ့ရက်စရာ
ကျွန်တော့် မွေးနေ့ ဆိုတဲ့ ရက်ရာဇာ တစ်နေ့ မှာ
သူမ နဲ့ ကျွန်တော်
ရွှေတိဂုံ စေတီ မှာ စိတ်တွေ သန့် ရှင်း ခဲ့ကြတယ်
သူမ နဲ့ အတူ အောင်မြေ နင်းရခြင်းဟာ
ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်လိုက်ရသလို
ရင်ထဲက လိုအင်ဆန္ဒ အားလုံး
သူမ ကြောင့် ပြီးပြည့်စုံ ခဲ့တယ်
အဲဒီ နေ့ က ကျွန်တော့် အပြုံးတွေ
ပို အသက်ဝင်စေခဲ့တာဟာ
သူမ ပေးခဲ့တဲ့ ရွှေ အို ရောင် ဂစ်တာ လေး တစ်လက်ပေါ့
မြင်လိုက်ရကတည်းက ကျွန်တော့်ရင်ထဲ
သူမ အတွက် သီချင်းတွေ ရေးစပ်နေခဲ့ပြီ . . .၊၊             ၊၊

(၄)

တစ်ခါတစ်ရံ
နေ၀င်ချိန် အင်းလျားကန်စပ်လေးဟာ
ကျွန်တော်နဲ့ သူမ အတွက် သုခဘုံ တစ်ခုပေါ့
တစ်နေ့ . . . ခွဲခွာချိန် မှာ
သူမဟာ စိတ်တွေကို လျှော့ 
ရင်ခုန်နှုန်းတွေ သာမန်ထက်မြန်နေတာ
သတိထားခဲ့မိပါရဲ့ 
ကျွန်တော့်ဘ၀အတွက် အထူးခြားဆုံး
အဆန်းပြားဆုံး . . .
သူမရဲ့ အလေးအနက် ဆုံးစကားလုံး စိမ်းစိမ်းတို့ 
ကျွန်တော် ကြားခဲ့ရတယ်
“ ကျွန်တော် တို့ တစ်နေ့ နေ့ မှာ အဝေးဆုံး ဝေးကြရမယ် ” တဲ့ 
ရင် တစ်ခုလုံး ဗြောင်းဆန်သွားတယ်
ဟင့်အင်း . .  ကျွန်တော်တို့ ဘာအကြောင်းနဲ့ မှ ဝေးမှာ မဟုတ်ပါဘူး
သူမ နဲ့ ကျွန်တော်ဟာ အရိုးသားဆုံး အချစ်တစ်ခုကို တည်ဆောက်
ခပ်နက်နက် ရင်ဘတ်တွေနဲ့ ဆေးစက်ချခဲ့ကြတာ
ဒီအချစ် ဘယ်တော့မှ ပျက်ယွင်းသွားမှာမဟုတ်ဘူး
ဘယ်သူ့ ပရောဂ ကြောင့်မှ ကွဲကွာ သွားနိုင်မှာ မဟုတ်တဲ့
နှစ်ကိုယ့်တစ်စိတ် တွေပါ . . .

(၅)

အဲဒီနောက်တော့
ရက်တွေ . .  လ တွေ . .
ပုံ ရိပ် တွေ . . . အိပ်မက်တွေ . . .
တစ်စ နဲ့ တစ်စ ကျွန်တော် အရိပ်တွေကို
ကြည့်တတ်လာခဲ့တယ်

ဟုတ်ပါတယ် . . .
ကျွန်တော်တို့ အဝေးဆုံး ဝေးခဲ့ကြရတယ်  ၊၊                ၊၊

(ပစ္စုပ္ပန်)

ဒီနေ့  လမင်းကြီးဟာ
သူချစ်တဲ့ . . သူမြတ်နိုးတဲ့ ကောင်းကင်ကြီးထဲမှာ မရှိဘူး
သူမ နဲ့ အိပ်စက်နေသလားတော့မသိ
နာရီလက်တံတွေဟာ ကျွန်တော့်အတွက်
သူစိမ်း ဆန်နေတုန်းပါ
သူမ အတွက် သီချင်းတွေကို
သူမ ပေးထားခဲ့တဲ့ ရွှေအိုရောင် ဂစ်တာလေးနဲ့ ပဲ
အသက်သွင်းနေခဲ့တယ်
ကျွန်တော့်ဖန်တီးမှုတွေဟာ 
သူမ ကို လွမ်းရုံသက်သက် . . . တမ်းတရုံသက်သက်မဟုတ်
အမြဲ မကွဲမကွာ သူမ နဲ့ ထာဝစဉ် ရှင်သန်နေချင်တဲ့
“ လွမ်းခြင်း ” တွေပါ
ဒီလိုနဲ့ ပဲဒီညဟာ ကျွန်တေ့်အတွက် အသက်မဲ့သွားတယ်
မှောင်အတိ နဲ့ ပေါ့  .၊၊        ၊၊

(၂)

ကျွန်တော် တစ်နေ့ ကို
ဆေးလိပ် တစ်ဗူး နီးပါး သောက်ဖြစ်တယ်
မီးခိုးငွေ့ တွေကြားမှာ
သူမ ဆုံးမ စကားတို့ ပြန်ဖွေရှာတယ်ဆိုလဲ
မမှားဘူးပေါ့ 
ဘ၀ဆိုတာ ဘာလဲ   . . .
ကျွန်တော့်အတွက်တော့ သေချာ မထုပ်စည်းထားတဲ့
ထင်းချောင်းတွေလိုပဲ
ပြယ်လျော့လျော့နဲ့ ကျွန်တော့်ဘ၀ဟာ
သီချင်းလေးတွေနဲ့ ပဲ အဖော်မဲ့ဖြစ်နေတယ်
သူမ မရှိတဲ့ ဘ၀မှာ  ဒဏ်ရာတွေနဲ့ မွန်းကြပ်လို့ 
အမှောင်တွေ ကြားမှာ ခဏခဏ လဲကျရတာ
ကိုယ့်ကိုယ်ကို မထူချင်တော့ဘူး ၊၊                ၊၊

(၃)

ဆူးခက် ဆူးလက်တွေ ကြားက 
အနူးညံ့ဆုံး နှလုံးသား 
ဟုတ်ပါတယ် . . အဲဒါ ကျွန်တော်
အိပ်မက်ဆိုးတွေနဲ့ ရပ်တည်
ဘ၀နွံ ထဲ ကျွန်တော် နစ်ကျန်ခဲ့ပြီ
အခန်းထဲမှာ ကဗျာ စာရွက်တွေဟာ ပြန့် ကျဲ
သီချင်းစာရွက်တွေဟာ ရှုပ်ထွေးလို့ 
ကုတင်ပေါ်ကနေ ကျွန်တော်
ကောင်းကင်ကို ငေးကြည့်ဖြစ်တယ်
ကြယ်တစ်လုံး ကြွေသွားတယ်
ကျွန်တော့် စိတ်ထင်သူဟာ
နောက်ဆံ တင်းတင်း နဲ့ 
ကိုယ့်ကိုယ်ကို ခြွေ ချ လိုက်ခြင်း ပင်
ကျွန်တော့်ခေါင်းထဲ အတွေးတစ်ချက် လင်းသွားတယ်
အခန်းမီးကတော့  ပိတ်လျက်သား  ၊၊            ၊၊

(၄)

အိပ်မပျော်လို့ 
ဆေးလိပ်သောက်ရင်း မိုးလင်းသွားတာလဲ မနည်းတော့
ကျွန်တော့်ရင်ထဲ ဆူး တစ်ချောင်း စူးနေခဲ့ပြီ
သူမ ဘာကြောင့် တဖြည်းဖြည်း ပိန်လာရသလဲ
သူမ ဘာကြောင့် အားနည်းရသလဲ
သူမ ဘာကြောင့် တဆစ်ဆစ် နဲ့ စူးအောင့် နာကျင်ခဲ့ရသလဲ
သူမ ဘာကြောင့် မကြာမကြာ နေမကောင်းဖြစ်ရသလဲ
ကျွန်တော် မျက်ရည်ကျဖြစ်တယ်
ကျွန်တော်ဟာ အတုံးအဆုံး ယောက်ျားတစ်ယောက် ဖြစ်ခဲ့သလို
သူမ ဟာ အပိရိ ဆုံး လိမ်ညာတတ်တဲ့ ကျွန်တော့်ရဲ့ ကောင်းကင်ဦးဖြစ်တယ်
အမှန်တရား က ရင်ခွဲပြခဲ့တဲ့နောက်တော့
သူမ အသက်ကို ကင်ဆာ ဆိုတဲ့ နတ်ဆိုး က
ဇီဝိန်ခြွေ သွားခဲ့ပြီ         
ရုတ်ခြည်း ခဏတော့ ကျွန်တော့် အလင်း မှောင်သွားတယ် . . .
ကြိုသိဖြစ်ခဲ့ရင်
ကျွန်တော့် အချစ်တွေ သူမ အတွက် အဆုံးစွန်ထိ ပေးချင်ခဲ့တာ
ခုတော့ . . .
ဒီလောက မှ သူမ မရှိတော့သလို     
ကျွန်တော့် နှလုံးသား တစ်စုံ လဲ သူမ နဲ့ အတူ ပျောက်ကွယ် သွားခဲ့ပြီ
လက်ရှိ ကျွန်တော်ဟာ  သူမ ရဲ့  အရိပ်
ကဗျာ ဆရာ
သူမ အတွက် သီချင်းရေး ဆရာ တစ်ယောက်
သီးသန့်  ရှင်သန် ကျန်ရစ်ခဲ့တယ်  ၊၊         ၊၊

(၅)

ကျွန်တော် သူမ ကို သတိရတိုင်း
“ ဘ၀စစ် ” မြက်ခင်း စိမ်းလေးမှာ ထိုင်ဖြစ်တယ်
ဆေးလိပ်တွေ သောက်ဖြစ်တယ်
နေ၀င်ချိန်တွေ မုန်းဖြစ်တယ်
ရွှေအိုရောင်ဂစ်တာလေးနဲ့ သီချင်းလေးတွေ ဆိုဖြစ်တယ်

ကျွန်တော့်မှာ ဆန္ဒ တစ်ခုတည်းရှိတော့တယ်
သူမ ကို သက်ဆုံးတိုင် ချစ်နေခွင့်
ဒါကိုတော့
ဘုရားသခင် ပေးသနားမယ် ထင်ပါရဲ့  ၊၊            ၊၊

( အနာဂါတ် )

ကျွန်တော်ဟာ
သူမ ကျွန်တော့်ကို လိုအပ်နေတာထက်
ကျွန်တော်မရှိလဲ ဖြစ်တယ် ဆိုတဲ့
သူမ လို ကောင်းကင်အတွက်
 နောက်ဆံတင်းတင်းနဲ့ 
ကိုယ့်ကိုယ်ကိုယ် ခြွေချချင်တဲ့ ကြယ်လေးတစ်လုံး
ဖြစ်ချင်နေတယ် 

သူမ မရှိတော့ပေမဲ့
ကျွန်တော့် အနာဂါတ် အိမ်လေးမှာ
သူမ အမြဲတမ်း ရှင်သန်လျက် ပါ
အိပ်မက်တွေ နဲ့ ခရီးတွေဆက် လို့ 
ကျွန်တော်ဟာ သူမအတွက်
အဆုံးမရှိတဲ့ ခရီးသွား လေးပါ

ကျွန်တော့်ကို ထာဝရ ချစ်နေတဲ့
သူမ ရဲ့ နှလုံးသား အပိုတစ်ခုကို ထမ်းလို့ 
ကျွန်တော့် အနာဂါတ် အိမ်လေးဆီ
ကျွန်တော် လျှောက်လှမ်းနေပြီ
ကျွန်တော့်ကို သူမ တစ်နေရာက
ကြည့်နေမှာ ကျိန်းသေပါတယ်
ကျိန်းသေပါတယ်  . . . ၊၊              ၊၊

( နိဂုံး )

ကျွန်တော် မျက်ရည်တွေ ကျဖြစ်တယ်
ကျွန်တော်ဟာ အခုတော့
သူမ အတွက် ပြီးပြည့်စုံ တဲ့ သီချင်းတစ်ပုဒ်
ရင်ဘတ်နဲ့ ခပ်ပြီး ရေးနိုင်ခဲ့ပြီ
ဘုရားသခင် ပြန်သိမ်းသွားတဲ့
သူမ ကို ကျွန်တော်
ကောင်းကင်တစ်စင်းလို ဖူးမျှော်ချင်တယ်
သေချာပါတယ် . . .
တစ်နေ့ နေ့ မှာ  . . . .ကျွန်တော်ဟာ
အဲဒီကောင်းကင်အတွက် ကြယ်တစ်စင်း ဖြစ်လာမှာ  ၊၊                      ၊၊

လမင်းဇော် 
[email protected]

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

အတိတ်ရယ် ပစ္စုပ္ပန် ရယ် အနာဂါတ်ရယ် ရောငိုထားတဲ့ သီချင်း
တကယ်ကောင်းတဲ့ ငိုခြင်း တစ်ပုဒ်ပဲဗျ..
ကျွန်တော် သူမ ကို သတိရတိုင်း
“ ဘ၀စစ် ” မြက်ခင်း စိမ်းလေးမှာ ထိုင်ဖြစ်တယ်
ဆေးလိပ်တွေ သောက်ဖြစ်တယ်
နေ၀င်ချိန်တွေ မုန်းဖြစ်တယ်
ရွှေအိုရောင်ဂစ်တာလေးနဲ့ သီချင်းလေးတွေ ဆိုဖြစ်တယ်

Comment #2

ကဗျာဖတ်ရင်းစိတ်ထဲနင့်လာတယ်…….
ကောင်းကင် ..ကြယ်လေး….ညနေခင်းတွေ…..
တချိန်ချိန်မှာ..ပြန်ဆုံဆည်းကြပါလိမ့်မယ်…….။

လမင်းဇော်ရေ….ကောင်းတယ်…ဗျာ…ကြိုးစားထား..။

commentinfo By: terry at Oct 26, 2011
Comment #3

ကိုလမင်းဇော်ရေ ကောင်းတယ်ဗျာ ဒီထက်ပိုကောင်းအောင် ၀တ္တုတိုလေးတစ်ပုဒ် ဖန်တီးလိုက်ပါလား ခံစားချက်တွေ ပိုကျယ်ပြန့်လာနိုင်မယ်ထင်တယ် အခုလဲ ဇာတ်လမ်းတစ်ပုဒ်ကြည့်နေရသလို ခံစားရတယ်လေ အားပေးနေပါတယ်ဗျာ

commentinfo By: Demon at Oct 26, 2011
Comment #4

ငါ မရှိလဲ ရတယ် ဆိုတဲ့ ကောင်းကင်ကြီးအတွက်
ငါဟာ ခိုးခိုးပြီး ငိုရတဲ့ ကြယ်ပါ
ငါ့ရဲ့ လက်တစ်ဆစ်စာ အတွေးအခေါ်တစ်ချို့ ကြောင့်ပဲ
ကျွန်တော် နဲ့ သူဟာ အတိုင်းအဆ မသိ ဝေးခဲ့ရပြီ
ဟုတ်ပါတယ် . . . ကျွန်တော်ဟာ
နောက်ဆံတင်းတင်းနဲ့ ကိုယ့်ကိုယ်ကို ခြွေချလိုက်တဲ့ ကြယ် . .
ကိုလမင်းဇော်..တော်တော်လေး…ကောင်းတယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 26, 2011
Comment #5

အားပေးသွားကြတဲ့ . . ကို လုလင်ငယ်သွေး . . .ကိုတယ်ရီ . . . ကိုဒီမွန် နဲ့  poem.poem28 တို့ ကို အရမ်းကျေးဇူးတင်မိပါတယ် ဗျာ . . ကျွန်တော် ဒီကဗျာ ကို ရေးထားခဲ့တာ နှစ်ပတ်လောက်ရှိခဲ့ပြီ . . တင်လဲ တင်ချင်လဲ . . မတင်လဲ မတင်ရဲလို့ ပါ . . . ကို ဒီမွန် ပြောသလို ပဲ ကျွန်တော်က ဒီကဗျာလေးကို ကဗျာ ဆိုတာထက် ၀တ္ထု တိုလေး တစ်ပုဒ် အနေနဲ့ တင်ပြချင်တာပါ . . ဒါပေမဲ့ ကျွန်တော့် ရဲ့  အသိဥာဏ်တွေက ၀တ္ထု တစ်ပုဒ် ဖန်တီးနိုင်လောက်တဲ့ အရည်အချင်းမရှိသေးလို့  ကဗျာ အနေနဲ့ ပဲ ဖန်တီး တင်ပြလိုက်ရခြင်းပါ . . . ကျေးဇူးတင်ပါတယ် ဗျာ ၊၊

commentinfo By: လမင်းဇော် at Oct 27, 2011
Comment #6

🙂 🙁

commentinfo By: pannei at Oct 27, 2011
Comment #7

so nice.
so romantic.
lots of tears r on my face.

same 2 ur story,
i also suffer pain.
b4 i die,i want 2 stay happily with him.
b4 i die,i want 2 show how much i love him.
b4 i die,i’ll let him know how he is important in my life.
i love him so so much without reasons.

commentinfo By: ei lay at Oct 27, 2011
Comment #8

အမှတ်တရ
ဘ၀အတွက် မမေ့ရက်စရာ
ကျွန်တော့် မွေးနေ့ ဆိုတဲ့ ရက်ရာဇာ တစ်နေ့ မှာ
သူမ နဲ့ ကျွန်တော်
ရွှေတိဂုံ စေတီ မှာ စိတ်တွေ သန့် ရှင်း ခဲ့ကြတယ်
သူမ နဲ့ အတူ အောင်မြေ နင်းရခြင်းဟာ
ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်လိုက်ရသလို
ရင်ထဲက လိုအင်ဆန္ဒ အားလုံး
သူမ ကြောင့် ပြီးပြည့်စုံ ခဲ့တယ်

commentinfo By: khaing at Mar 9, 2012
Comment #9

whenever i read this poem,,i feel sorry & cry,
whenever i read this poem,,i love him more & more.

commentinfo By: ei lay at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment