Professional Authors

ခြေရာထပ်ကျန်ချင်တဲ့ လမ်းကလေး – နရီထက်

ခြေထပ်ကျန်ချင်နေတဲ့ လမ်းမကလေး
ရှုပ်ယှက်ခတ်နေတဲ့ ခြေထပ်တွေကြား
အရိပ်မကျန် နောက်ကျခဲ့ နေ့ရက်တွေ ရှိခဲ့တယ်

အသစ်ဆိုတာ ချခင်းကြည့်တော့
တစ်ပတ်နွမ်းလေး…
မဆန်းပါဘူးလေ…
ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထပ်ထွင်ရအုံးမယ် မဟုတ်လား

ပုံသေ မဟုတ်တဲ့ ပန်းချီကားတွေက
အမြင် မဆန်းပေမဲ့
အမြင်ခြင်း မတူခဲ့တာ များပါတယ်

ပိုင်ဆိုင်မှုများတဲ့ ကောင်းကင်ကြီးက
တိမ်လွှာတွေ ကင်းစင်တဲ့အခါ
ရင်ခွင်မဲ့သွားပေမဲ့
သူ ငိုမပြတတ်ခဲ့ဘူး

စက္ကန့်တွေက အချိန်တွေကို ဖြတ်စားတိုက်ချေတယ်
နာရီလက်တံတွေက လမ်းပြသက်သက်ပေါ့

အတွေးတိုင်းမှာ နင် မရှိနိုင်သလို
နင်ကလည်း အတွေးတစ်ခုမဖြစ်နိုင်ဘူး
နင်ရော ငါရော..
နေ့တိုင်း အရေးကြီးသူ မဖြစ်နိုင်ဘူး

အဝေးပျံဌက်တွေအတွက် ကိုင်းရှိတယ်
စက်ယန္တရားအတွက် ရပ်ဆိုင်းချိန်ရှိတယ်
ငါ့တို့ နှလုံးသားအတွက် ဦးနှောက်က အသက်မှန်မှန် ရှုပေးတယ်

အားလုံးက အမြင့်စံ မဟုတ်ဘူး
ဆောင်းမပါတဲ့ နွေ
မိုးမပါတဲ့ ဆောင်း
ထီးမရှိတဲ့ မိုး
အရိပ်မဲ့တဲ့ နွေ
ကြုံခဲ့ဖူးကြတယ် မဟုတ်လား

နှုတ်ဆက်ချိန်တိုင်း လမ်းခွဲချိန် မဟုတ်သလို
နီးစပ်မှုတိုင်း နားလည်မှု တစ်ခု မဖြစ်ခဲ့ဘူး

ခြေရာထပ်ကျန်ချင်တဲ့ နှလုံးသားအတွက်
အရိပ်မချပေးတဲ့ ဦးနှောက်က
မဆန်းဘူးလေး…။      ။

နရီထက်
( ၃၀ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 30, 2011
Comment #1

ခြေရာတွေက အထီးကျန်နေတယ်

commentinfo By: Aung Ko at Jul 30, 2011
Comment #2

ခြေထပ်ကျန်ချင်နေတဲ့ လမ်းမကလေး
ရှုပ်ယှက်ခတ်နေတဲ့ ခြေထပ်တွေကြား
အရိပ်မကျန် နောက်ကျခဲ့ နေ့ရက်တွေ ရှိခဲ့တယ်အဝေးပျံဌက်တွေအတွက် ကိုင်းရှိတယ်
စက်ယန္တရားအတွက် ရပ်ဆိုင်းချိန်ရှိတယ်
ငါ့တို့ နှလုံးသားအတွက် ဦးနှောက်က အသက်မှန်မှန် ရှုပေးတယ်

အားလုံးက အမြင့်စံ မဟုတ်ဘူး
ဆောင်းမပါတဲ့ နွေ
မိုးမပါတဲ့ ဆောင်း
ထီးမရှိတဲ့ မိုး
အရိပ်မဲ့တဲ့ နွေ
ကြုံခဲ့ဖူးကြတယ် မဟုတ်လား

နှုတ်ဆက်ချိန်တိုင်း လမ်းခွဲချိန် မဟုတ်သလို
နီးစပ်မှုတိုင်း နားလည်မှု တစ်ခု မဖြစ်ခဲ့ဘူး

ခြေရာထပ်ကျန်ချင်တဲ့ နှလုံးသားအတွက်
အရိပ်မချပေးတဲ့ ဦးနှောက်က
မဆန်းဘူးလေး…။ ။ အဲ့အပှဒ်လေးတွေ ကြိုက်တယ် အထိးကျန်နေတဲ့ လူတွေ အတွက်တော့ heart ထိတာပေါ့ဗျာ

commentinfo By: thuya at Jul 30, 2011
Comment #3

အတွေးတိုင်းမှာ နင် မရှိနိုင်သလို
နင်ကလည်း အတွေးတစ်ခုမဖြစ်နိုင်ဘူး
နင်ရော ငါရော..
နေ့တိုင်း အရေးကြီးသူ မဖြစ်နိုင်ဘူး
စာသားလေးကမိုက်တယ်အကိုကြီး
အားပေးသွားတယ်နော်

commentinfo By: myintmo at Jul 30, 2011
Comment #4

နှုတ်ဆက်ချိန်တိုင်း လမ်းခွဲချိန် မဟုတ်သလို
နီးစပ်မှုတိုင်း နားလည်မှု တစ်ခု မဖြစ်ခဲ့ဘူး

ခြေရာထပ်ကျန်ချင်တဲ့ နှလုံးသားအတွက်
အရိပ်မချပေးတဲ့ ဦးနှောက်က
မဆန်းဘူးလေး…။ ။တော်တော်သဘောကျတယ်…ကိုနရီထက်
…..အားကျ..လျှက်…အားပေးသွားသည်

commentinfo By: အသဲကွဲမိုး at Jul 30, 2011
Comment #5

ကဗျာလေးက ဆန်းတယ် ကောင်းလည်းကောင်းပါတယ် တစ်ခါတစ်လေတော့လည်း ဦးနှောက်က ၁ နှလုံးသားက ၂ ဖြစ်နေတတ်တယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Jul 30, 2011
Comment #6

ပိုင်ဆိုင်မှုများတဲ့ ကောင်းကင်ကြီးက
တိမ်လွှာတွေ ကင်းစင်တဲ့အခါ
ရင်ခွင်မဲ့သွားပေမဲ့
သူ ငိုမပြတတ်ခဲ့ဘူး…။…။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #7

အားပေးနေပါတယ်…….။

Comment #8

ပိုင်ဆိုင်မှုများတဲ့ ကောင်းကင်ကြီးက
တိမ်လွှာတွေ ကင်းစင်တဲ့အခါ
ရင်ခွင်မဲ့သွားပေမဲ့
သူ ငိုမပြတတ်ခဲ့ဘူး

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #9

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးတင်ပါသည်။

commentinfo By: Nayihtet at Aug 5, 2011
Comment #10

အတွေးတိုင်းမှာ နင် မရှိနိုင်သလို
နင်ကလည်း အတွေးတစ်ခုမဖြစ်နိုင်ဘူး
နင်ရော ငါရော..
နေ့တိုင်း အရေးကြီးသူ မဖြစ်နိုင်ဘူး

You used a Good words and i like these paragraphs..:)

နှုတ်ဆက်ချိန်တိုင်း လမ်းခွဲချိန် မဟုတ်သလို
နီးစပ်မှုတိုင်း နားလည်မှု တစ်ခု မဖြစ်ခဲ့ဘူး

ခြေရာထပ်ကျန်ချင်တဲ့ နှလုံးသားအတွက်
အရိပ်မချပေးတဲ့ ဦးနှောက်က
မဆန်းဘူးလေး…။ ။ တဲ့..
စာသားလေးတွေက အရမ်း ကို ထိတယ်…

commentinfo By:ွှLayaitcho at Dec 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment