Professional Authors
ရင်ခွင်စိမ်းသူ
ဘ၀ကိုကောင်းစွာမတည်ဆောက်ခဲ့တဲ့ငါ့ကို
လောကဓံကြီးက ဒဏ်ကောင်းကောင်းခတ်ခဲ့တယ်၊
သူပြင်ဆင်ပေးထားတဲ့နင့်ကိုမစောင့်ပဲ
ငါ့ပျော်ရွှင်မှု့တွေအတိုင်းလိုက်မျှောလို့တဲ့။
အချစ်ဆိုတာနှုးညံ့တယ်.
ပေးဆပ်ခြင်းလဲမဟုတ်ဘူး…ရယူခြင်းလဲမဟုတ်ဘူး…
ချစ်နေရုံသတ်သတ်ပဲ ဆိုတာကိုနင်ပဲသင်ပေးခဲ့တယ် ။
ပိုင်ဆိုင်ဖို့လဲမဟုတ်သလို
ချည်နှောင်ဖို့လဲ မဟုတ်ဘူးလေ
မင်းကိုချစ်ခဲ့ရလို့……မင်းနဲ့မဆုံဆည်းရပေမဲ့
ငါအသဲလဲမကွဲခဲ့ဘူး…
ငါကိုယ်ကမင်းကိုချစ်တတ်လွန်းနေခဲ့တာပါ။
အချိန်ဆိုတဲ့အရာကိုပြောင်းပြန်စီးဆင်းစေချင်မိတာ
ငါ့ဆန္ဒသန့်သန့်လေးပါ….
ရည်ရွယ်ချက်က မင်းနဲ့ပဲဆုံဆည်းချင်မိအောင် ဖန်တီးချင်မိခဲ့သူပါ..
ငါ့နှလုံးသားအသစ်ကိုအပ်နှင်းချင်မိတာပါ။
ယောက်ကျားတယောက်ကိုချစ်မြတ်နိုးစိတ်တခုတည်းနဲ့
အကြိမ်ကြိမ် ငါငိုကြွေးခဲ့ဘူးတာ ငါ့ပါးပြင်တွေသက်သေရှိတယ်။
ချစ်သူရေ……
အခုတော့ အရာရာလဲနှောင်း
အချိန်ဆိုတာလဲ ပြန်လည်ပတ်အောင်ပြောင်းပြန်စီးဆင်းအောင်
မစွမ်းသာ…..
ငါ့မိုက်ြ့ပစ်တွေကြောင့် မင်းနဲ့မနီးခဲ့ရတာပါဆိုတာလဲ
ငါနားလည်ထားပါတယ်…
ဖြေသာပါတယ်…..မင်းမှန်ပါတယ်….
ငါ့ကိုမနာကျင်စေပဲ..ငါ့နားကတိတ်တိတ်လေး
ထွက်ပြေးသွားတာကို.
ငါလေကျေးဇူးတင်နေဆဲပါ……………..
ငါလေ နင့်ကို ချစ်နေဆဲ..မြတ်နိုးနေဆဲ..မျှော်လင့်နေဆဲ.
နင်ကကော……………
In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1
အားပေးသွားပါတယ်………မေခရေ
commentinfo By: sitayenyein at Aug 17, 2011
Comment #2
လုလင် လည်း အားပေးသွားပါသည်
Comment #3
အားလုံးကိုကျေးဇူးတင်ပါတယ်….
commentinfo By: May Kha at Aug 17, 2011
Comment #4
ကဗျာလေး ကောင်းသဗျ ဖတ်ရှုအားပေးသွားပါတယ် ။
commentinfo By: X - ray at Aug 17, 2011
Comment #5
မပြောတက်တော့လောက်အောင်ကောင်းတယ်ဗျာ .. မမေခရေ .. လူဆိုးအားပေးသွားပါတယ်နော် .. 🙂
commentinfo By: chityellusoelay at Aug 17, 2011
Comment #6
အချစ်ဆိုတာနှုးညံ့တယ်.
ပေးဆပ်ခြင်းလဲမဟုတ်ဘူး…ရယူခြင်းလဲမဟုတ်ဘူး…
ချစ်နေရုံသတ်သတ်ပဲ ဆိုတာကိုနင်ပဲသင်ပေးခဲ့တယ် ။
ပိုင်ဆိုင်ဖို့လဲမဟုတ်သလို
ချည်နှောင်ဖို့လဲ မဟုတ်ဘူးလေ
မင်းကိုချစ်ခဲ့ရလို့……မင်းနဲ့မဆုံဆည်းရပေမဲ့
ငါအသဲလဲမကွဲခဲ့ဘူး…
ငါကိုယ်ကမင်းကိုချစ်တတ်လွန်းနေခဲ့တာပါ။
ဟုတ်တယ်ဗျာ
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်
တကယ်ချစ်မိပြီဆိုရင် ချစ်နေရရုံနဲ့ကျေနပ်နိုင်ပါပြီ
ရင်နာစွာနဲ့ကျေနပ်ရတာပေါ့ဗျာ….
commentinfo By: လွမ်းနောင် at Aug 17, 2011
Comment #7
according to ur story,,,
i think he’ll also suffer like u,
coz he didn’t make u feel hurt not only ur life but also u.
it shows that how much he loved u so much.
he left u secretly is good for u.
wishing u to meet with him again.
wishing him to meet ur real nice poem.
commentinfo By: ei lay at Aug 18, 2011
Comment #8
အိလေး……..ဆုတောင်းပေးတဲ့တိုင်းပြည့်ချင်တယ်…
commentinfo By: May Kha at Aug 18, 2011
Comment #9
အကိုတေိာများကိုလဲကျေးဇုတင်ပါတယ်……ရေးသားချက်ညံ့တာကိုကျိတိမိတ်မျိုသိပ်အားပေးလိုပါ.
ဟိဟိ
commentinfo By: May Kha at Aug 18, 2011
Comment #10
ပိုင်ဆိုင်ဖို့လဲမဟုတ်သလို
ချည်နှောင်ဖို့လဲ မဟုတ်ဘူးလေ
မင်းကိုချစ်ခဲ့ရလို့……မင်းနဲ့မဆုံဆည်းရပေမဲ့
ငါအသဲလဲမကွဲခဲ့ဘူး…
ငါကိုယ်ကမင်းကိုချစ်တတ်လွန်းနေခဲ့တာပါ။
အဲ့ဒီ…စာသားလေးတော်တော်ကြိုက်တယ်ဗျာ…..
commentinfo By: terry at Aug 18, 2011
Comment #11
အားပေးသွားပါတယ် အစ်မ မေခ..။
Comment #12
ပိုင်ဆိုင်ဖို့လဲမဟုတ်သလို
ချည်နှောင်ဖို့လဲ မဟုတ်ဘူးလေ
မင်းကိုချစ်ခဲ့ရလို့……မင်းနဲ့မဆုံဆည်းရပေမဲ့
ငါအသဲလဲမကွဲခဲ့ဘူး…
ငါကိုယ်ကမင်းကိုချစ်တတ်လွန်းနေခဲ့တာပါ။
မမေခ ..ကြိုက်တယ်
အားပေးသွားပါတယ်။
commentinfo By: poem.poem28 at Aug 19, 2011
Comment #13
ကျေူးကျေးပါ…………
commentinfo By: May Kha at Aug 19, 2011
Comment #14
အင်းရေးတဲ့ စတိုင်ပြောင်းလာပြီ…..ပြောချင်တာတွေများလာတာနဲ့ အမျှ လေးလုံးထပ်တို့ နဘေတို့ဆိုတာ
အလိုလို ထဲ့သုံးလို့မဖြစ်တော့ဘူး…ရေးပါ ရင်ထဲရှိတဲ့အတိုင်း ပြောချင်တာကိုချပြပေါ့…..
နေ့သစ်ဆို အကြောင်းအရာကိုပဲ ဦးစားပေး ရေးဖြစ်တော့တယ် တစ်ခါတစ်လေမှ ကာရံတို့ နဘေတို့ကို ဖြစ်ညှစ်ပြီး
ရေးဖို့ မနည်းကြိုးစားနေရတယ်…….အားပေးသွားပါတယ်
commentinfo By: nate thit(နေ့သစ်) at Aug 23, 2011
Comment #15
ဟိုတစ်နေ့က ရေးဖို့ အချိန်မရလိုက်လို့
ကျေူးကျေးပါ…………ဆိုတဲ့ စကားလုံးကိုပြောချင်တာ
အရမ်းလှတယ်လို့ မြင်တယ်…. စကားလုံးအသစ်အဆန်းလေးပေါ့
နောင်နှစ်ပေါင်း ၁၀၀ လောက်ကြာတဲ့အခါ မြန်မာအဘိဓာန် ဒီလို စကားလုံးတွေ ပေါ်လာမယ်လေ
…..နေ့သစ်သူငယ်ချင်းတစ်ယောက်က သူအစ်ကိုမိန်းမ(ယောင်းမ)ကို ယောင်းယောင်းလို့ခေါ်တယ်တဲ့
အရမ်းလှတယ်စကားလုံးလေးပဲ…..နေ့သစ် အမြင်ပါ၊။
ဒါပေမယ့် ကျေးကျေးဆိုတဲ့စကားလုံးကို ဘယ်သူစထွင်လဲ မသိပေမယ့်
နေ့သစ်က မမေခသုံးမှ မြင်ဘူးတာ……..
….
…..
ဘာပဲပြောပြော ကျေးကျေးပါ။
အင်းဒါပေမယ့် …အခုမှခေါင်းထဲရောက်လာတာတစ်ခုရှိတယ်
ကျေးကျေးလို့ပြောရင်းကနေ…..နောက်ပိုင်း အသံတွေပြောင်းလာပြီး ဂျေးဂျေး(jail)တို့ကေးကေးတို့
ဖြစ်လာနိုင်တယ်
မသိဘူး….တော်ပြီ…..များသွားပြီ
ကျေးကျေးပါနော်
commentinfo By: nate thit(နေ့သစ်) at Aug 26, 2011
Comment #16
သူတွေအားလုံးကိုဒီလိုပဲပြောလိုက်မိတာပါ……….
တကယ်တော့ချစ်စနိုးပြောလိုက်တဲ့စကားလေးပါ……….
ထပ်ပီးကျေးကျေးနော်…………
commentinfo By: May Kha at Aug 26, 2011
Comment #17
ချစ်သူရေ……
အခုတော့ အရာရာလဲနှောင်း
အချိန်ဆိုတာလဲ ပြန်လည်ပတ်အောင်ပြောင်းပြန်စီးဆင်းအောင်
မစွမ်းသာ…..
ငါ့မိုက်ြ့ပစ်တွေကြောင့် မင်းနဲ့မနီးခဲ့ရတာပါဆိုတာလဲ
ငါနားလည်ထားပါတယ်…
ဖြေသာပါတယ်…..မင်းမှန်ပါတယ်….
ငါ့ကိုမနာကျင်စေပဲ..ငါ့နားကတိတ်တိတ်လေး
ထွက်ပြေးသွားတာကို.
ငါလေကျေးဇူးတင်နေဆဲပါ……………..
ငါလေ နင့်ကို ချစ်နေဆဲ..မြတ်နိုးနေဆဲ..မျှော်လင့်နေဆဲ.
နင်ကကော……………
အားပေးသွားပါတယ်
commentinfo By: monsoon at Sep 14, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment