ကျောင်းတော်ရဲ့လမ်း
 ဘယ်တော့မှမငိုကြွေးတဲ့
 ဟော့ဒီအိမ်မက်လမ်းကလေးမှာ
 ဘယ်သူမှနားမဆင်ဖြစ်တဲ့ အလွမ်းတေးတွေရှိသတဲ့။
 အကြိမ်ကြိမ်…
 လွင့်စင်ကျကွဲဖူးသောရယ်သံများ
 အကြိမ်ကြိမ်…
 လျှောတိုက်မျောပါဖူးသော ခြေလှမ်းများ
 အကြိမ်ကြိမ်…
 ချိုမြိန်ရှတဖူးသော ဒဏ်ရာများ
 အကြိမ်ကြိမ်…
 ထုဆစ်ခဲ့ကြသောအမှတ်တရများ
 အကြိမ်ကြိမ်…
 အကြိမ်ကြိမ်…
 အချစ်ကိုလှောင်ပြောင်ဟားတိုက်ခဲ့ကြပြီးနောက်
 ဟော့ဒီလမ်းကလေးထဲ
 လင်းလိုက် မှောင်လိုက် ရာဇ၀င်တွေရွှဲရွှဲစို
 ကျောင်းတော်ကြီးကတော့
 ကန္တာရဆူးတွေပြွမ်းတဲ့လမ်းမှာ
 စိန်ပန်းတွေ နီလိုက် ၀ါလိုက်နဲ့
 ထာဝရသစ်နေမယ့် သမီးပျို…။
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 