Professional Authors

နင့်ရင်ခွင်နဲ့ လွဲခဲ့တဲ့အခါ………

ငါတို့ဝေးသွားပြီပဲ
ကြင်နာခဲ့သမျှ အကုန်မေ့ပစ်ရလောက်အောင်တော့
ငါ မရင့်ကျက်သေးဘူး ချစ်သူ…………..။

ဆုံမှတ်မရှိတဲ့ သတ်မှတ်ချက်တစ်ခု
နင် အကြိမ်ကြိမ်မပြောလည်း ငါနားလည်ပါတယ်
လက်မခံရဲသေးတာ ငါ့အပြစ်လို့သာ သဘောထားပေါ့…..။

မမေ့တတ်တာ မဟုတ်ရပါဘူး
နင့်လိုချစ်သူကို ငါမေ့မရတာ……….
မုန်းနိုင်ဖို့ခွန်အား နင့်ကိုရော ဘယ်လို ပေးသနားရမှာတဲ့လဲ…..?

မျက်ဝန်းတွေထဲက ဘာသာစကား
ငါတို့နားနဲ့မကြားနိုင်လည်း…….
နာကျင်ရသမျှ ငါ့နှလုံးသားက ကျင့်သားရနေပြီပဲ…….။

တွေဝေမှုတွေမပါတဲ့ ပြတ်သားမှုအတွက်
အရာရာကိုတော့ ငါမစွန့်လွတ်ရက်ပါဘူး ချစ်သူ……..
လက်ညှိုးညွှန်တိုင်း ရေမဖြစ်နိုင်တဲ့ငါ့ဘ၀မှာ……….

နင့်ရင်ခွင်နဲ့ လွဲခဲ့တဲ့အခါ…….
အလွမ်းက အကြိမ်ကြိမ်နှိပ်စက်
အချစ်မရှိတော့တဲ့ ငါ့ဘ၀……..
မလေးနက်မှုတွေနဲ့ အခါခါမိတ်ဆက်
နင်ပေးဖူးတဲ့ သံယောဇဉ်တွေကိုပဲ…….ငါ ခြေရာခံနေမိတော့တယ်…………..။       ။

(နင်မသိနိုင်တော့ပေမယ့်…….ငါ့ရဲ့ ရင်ထဲ နင်ရှိနေပါသေးတယ်)

In: ကဗျာ Posted By: Date: Dec 10, 2010
Comment #1

ကြင်နာခဲ့သမျှ အကုန်မေ့ပစ်ရလောက်အောင်တော့
ငါ မရင့်ကျက်သေးဘူး ချစ်သူ…………
မမေ့တတ်တာ မဟုတ်ရပါဘူး
နင့်လိုချစ်သူကို ငါမေ့မရတာ……….
နင်မသိနိုင်တော့ပေမယ့်…….ငါ့ရဲ့ ရင်ထဲ နင်ရှိနေပါသေးတယ် …….

very nice ! I agree wtih u totally .I like all of ur poems 🙂

commentinfo By: rabbit at Dec 10, 2010
Comment #2

ဆုံမှတ်မရှိတဲ့ သတ်မှတ်ချက်တစ်ခု
နင် အကြိမ်ကြိမ်မပြောလည်း ငါနားလည်ပါတယ်
လက်မခံရဲသေးတာ ငါ့အပြစ်လို့သာ သဘောထားပေါ့…..။

မမေ့တတ်တာ မဟုတ်ရပါဘူး
နင့်လိုချစ်သူကို ငါမေ့မရတာ……….
မုန်းနိုင်ဖို့ခွန်အား နင့်ကိုရော ဘယ်လို ပေးသနားရမှာတဲ့လဲ…..?

စကားလုံး သုံးထားတာ အရမ်းကောင်း..

commentinfo By: နှောင်းလူ at Dec 10, 2010
Comment #3

အကောင်းစားကြီးပါလား

Comment #4

မမေ့တတ်တာ မဟုတ်ရပါဘူး
နင့်လိုချစ်သူကို ငါမေ့မရတာ……….
မုန်းနိုင်ဖို့ခွန်အား နင့်ကိုရော ဘယ်လို ပေးသနားရမှာတဲ့လဲ…..?

မမ ကေသရီကအဲ့လောက် ကဗျာစပ်တာ တော်ရတာလဲ

commentinfo By: မိုးဖြူ at Dec 17, 2010
Comment #5

ဟုတ်ပါဗျာ… အ၇မ်းကောင်းတယ်
ငါတို့ဝေးသွားပြီပဲ
ကြင်နာခဲ့သမျှ အကုန်မေ့ပစ်ရလောက်အောင်တော့
ငါ မရင့်ကျက်သေးဘူး ချစ်သူ…………..။
မမေ့တတ်တာ မဟုတ်ရပါဘူး
နင့်လိုချစ်သူကို ငါမေ့မရတာ……….
မုန်းနိုင်ဖို့ခွန်အား နင့်ကိုရော ဘယ်လို ပေးသနားရမှာတဲ့လဲ…..?
အ၇မ်းgood တယ်ဗျာ….စာလုံးသုံးထားတာ ကောင်းတယ် အမ ကေသ၇ီ

commentinfo By: genius.jinx28 at Dec 17, 2010
Comment #6

မရှိသင့်တော့ဘူး…………… 🙁

commentinfo By: Zin Zinn at Dec 23, 2010
Comment #7

ကဗျာလေးက ကောင်းလိုက်တာ…..ကေသရီ..အားပေးနေတယ်နော်
ဆက်ရေးပါဦး

commentinfo By: အသဲကွဲမိုး at Dec 30, 2010
Comment #8

ကျေးဇူးပါ အသည်းကွဲမိုး ရဲ့ကဗျာတွေလည်း တော်တော်ကောင်းပါတယ်

commentinfo By: kaytthari at Dec 30, 2010
Comment #9

it’s really enough to die.

commentinfo By: ei lay at Aug 6, 2011
Comment #10

တွေဝေမှုတွေမပါတဲ့ ပြတ်သားမှုအတွက်
အရာရာကိုတော့ ငါမစွန့်လွတ်ရက်ပါဘူး ချစ်သူ……..
လက်ညှိုးညွှန်တိုင်း ရေမဖြစ်နိုင်တဲ့ငါ့ဘ၀မှာ……….

နင့်ရင်ခွင်နဲ့ လွဲခဲ့တဲ့အခါ…….
အလွမ်းက အကြိမ်ကြိမ်နှိပ်စက်
အချစ်မရှိတော့တဲ့ ငါ့ဘ၀……..
မလေးနက်မှုတွေနဲ့ အခါခါမိတ်ဆက်
နင်ပေးဖူးတဲ့ သံယောဇဉ်တွေကိုပဲ…….ငါ ခြေရာခံနေမိတော့တယ်…………..။ ။

(နင်မသိနိုင်တော့ပေမယ့်…….ငါ့ရဲ့ ရင်ထဲ နင်ရှိနေပါသေးတယ်)

commentinfo By: May Kha at Aug 18, 2011
Comment #11

ငါတို့ဝေးသွားပြီပဲ
ကြင်နာခဲ့သမျှ အကုန်မေ့ပစ်ရလောက်အောင်တော့
ငါ မရင့်ကျက်သေးဘူး ချစ်သူ…………..။
အမရေးတာအရမ်းမိုက်တယ်နော်..

commentinfo By: heartless girl at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment