လမ်းခွဲခြင်း
ကိုယ့်လမ်းကိုယ် ဆက်လျောက်တဲ့လား..
အကြိမ်ကြိမ် လဲကျလိုက်
အကြိမ်ကြိမ်ပြန်ထလိုက်နဲ
ငါအားကိုးတကြီး ဖမ်းကိုင်လိုက်တဲ့
လက်တစုံဟာ မြုမှုန်လို
လေနဲ့ အတူပျောက်ကွယ်…။
တို့ ဆက်လျှောက်ရမယ့်လမ်း
မရေရာတာတောင်
မင်းနဲ့ အတူဆို သွားဝံ့တဲ့ကောင်ပါ..။
အကြိမ်ကြိမ်မှားယွင်းခဲ့ဖူးရင်
အကြိမ်ကြိမ် တောင်းပန်လို့ ရမယ်မထင်ပါနဲ့ တဲ့။
ကံပစ်ချထားသလို နေခဲ့ရတော့
အရာအားလုံး
အပြစ်မကင်းဘူးဆိုရင်တောင်
မင်းကိုချစ်ခဲ့တာတော့အပြစ်ကင်းပါတယ်…။
သံသရာဟာရှည်လွန်းတော့
ဒီနေ့ ဟာနောက်ဆုံးလို့ မပြောလိုက်ပါနဲ့ ..။
လူတိုင်းလူတိုင်း
တစ်ခါသာမက်ခွင့် ရတဲ့ အိပ်မက်တော့
တမ်းတခဲ့ကြတာပဲ…။
စိတ်ကူး အိပ်မက်မိုးတိမ်တွေ
လေအလာ ပျောက်ကွယ်လွင့်ပါးသွားရင်တောင်
နှစ်ယောက်အတူ ရှိခဲ့တဲ့
အချိန်တွေ ပျောက်ကွယ်မသွားပါဘူး..။
့ ၂၃.၄.၂၀၀၈
Comment #3
အရာအားလုံး
အပြစ်မကင်းဘူးဆိုရင်တောင်
မင်းကိုချစ်ခဲ့တာတော့အပြစ်ကင်းပါတယ်…။
သံသရာဟာရှည်လွန်းတော့
ဒီနေ့ ဟာနောက်ဆုံးလို့ မပြောလိုက်ပါနဲ့ ..။
တို့ ဆက်လျှောက်ရမယ့်လမ်း
မရေရာတာတောင်
မင်းနဲ့ အတူဆို သွားဝံ့တဲ့ကောင်ပါ..။
…………….
a yan kuang par tal
By: natthameelay at Nov 25, 2010
Comment #4
i like that one. Just know u wrote that.
By: mie mie at Nov 26, 2010
Comment #5
အရာအားလုံး အပြစ် မကင်းရင်တောင်
မင်းကိုချစ်ခဲ့တာ….အပြစ်ကင်းပါတယ် …
နှစ်ယောက်အတူရှိတဲ့အချိန်တွေက
ပျောက်ကွယ်မသွားဘူး….
ကျေးဇူးတင်ပါတယ်ဗျာ..
By: ကျော်နေ၀န်း at May 7, 2011
Comment #7
ဒါကိုလည်းကြိုက်တယ်]တကယ်ကောင်းတာ
ညီမလေးကအသည်းကွဲသီချင်းတွေ/ကဗျာတွေဆိုကြိုက်တယ်
နောက်ဒါမျိုးတွေလည်းရေးတင်ပါဦးနော်
By: htet at Oct 16, 2011
Comment #8
that’s right
By: ei lay at Nov 21, 2011




Comment #1
It is so nice.