Professional Authors

အမှန်တရား တော အုပ်က သိုး မည်း တစ် ကောင်

(၁)ငါဆို တာ.. ရင်ဘတ် တံဆပ် မှာ

အမှား ပဲရှိ တယ်

အမှန်တရား တစ် ခု

သိမ်းထုတ် ပိုး ဖို့

အမြဲမှားနေတဲ့ ကောင် ပေါ့

ကို အငဲ ပြော သလို

သစ္စာ တရား ဟာ ငါ့ အတွက် ခါးသီး ခြင်း

ယုန်သူငယ်ရဲ့ ရဲ ရင့် မှု ကို

ကျားရဲ တို့ဖုံး ကွယ် ထားသလို မျိုး

အမှန် တရား တစ် ခု ဟာ

… နီ ရွှေသွေးရင့်

အနက် ရောင် ဆေး သုတ် ထား တဲ့

တိုက် ခန်း မှာ ရှိ နေ ခဲ့တယ်

တစ် ကယ် တော့

နာ မည် သာ ကွဲ တယ်….

နှင်းဆီ ကတော့……နှင်း ဆီ ပါပဲ

 

 

(၂)ဘယ် သူမှ မသိ ဘဲ

ငါ့ မှာ အမှန် တရား တစ် ခု ရှိနေခဲ့ တယ် 

မရှိ တဲံ ကောင်း ကင် ကို မော် မကြည့် တော့ ပါ

ဘ၀မှာ… တစ် ကြိမ် တစ် ခါ ရွှာ ချ ဖို့

မိုးတိမ် လို လွင့် မျော…

မျက် စိ နှစ် လု့း ဖွင့် ရင်..

..မင်္ဂ လာပါ .မင်္ဂ လာ ပါ….

ပြောတတ် ဆို တတ် ဖို့

ငါ ငို ပြရ ဦး မယ်….

ဒီလို လေ….

နှုတ် ဆက်တဲ့ လက် မှာက

ငါ့အတွက် အနာကို.. တံ ဆိပ် ခတ် နှိပ် ထား ပြီး သား

 

(၃)သူတို့ က ပြော မယ်

ပန်း တွေလဲ သစ္စာ မရှိ တော့ ဘူး တဲ့

ရာသီဥ တု မှန်ရင် တော့ လဲ

ငါ လဲ မိုး ထဲ လေ ထဲ မှာ

အဆုတ် လိုက်အခိုင်လိုက် ပွင့် ပြလိုက် ချင် တယ်

ပိတောက် ဆို တာ အပွင့် အခိုင် အတွက်

ရေ ပဲ ငတ် ခဲ့ တာ ပါ..

 

(၄)သစ္စာ တရား=အမှန်တရား

မပြောင်း လဲ တတ် သော သဘော ရှိ သည်

သို့ သော်.. စောင့် သိ သူ တို့

ပြောင်း လဲ ရ ပေ မည်…။

ကမ္ဘာ မြေ ပင် လယ် ရေ တို့

ကောင်း ကင် ၏ သစ္စာ တရား အတွက်

အခိုး အငွေ့ အဖြစ် ပြောင်း လဲ ရ သကဲ့သို့

ငါ တို့ လဲ ပြောင်း ရ ပေ မည်။

အချစ် သည် အမှန် တရား ဖြစ် ခဲ့ လျှင်

ချစ် တတ်သူအဖြစ် ငါ တို့ ပြောင်း လဲ ရ ပေဦး မည်….။ငါ့ တွင် အမှန် တရား တစ်ခု ရှိ ပါ သည်ထိုသို့ ဖြင့် ငါ ပြောင်း လဲရ ပေ ဦး မည်…။

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

(၂)ဘယ် သူမှ မသိ ဘဲ

ငါ့ မှာ အမှန် တရား တစ် ခု ရှိနေခဲ့ တယ်

မရှိ တဲံ ကောင်း ကင် ကို မော် မကြည့် တော့ ပါ

ဘ၀မှာ… တစ် ကြိမ် တစ် ခါ ရွှာ ချ ဖို့

မိုးတိမ် လို လွင့် မျော…

မျက် စိ နှစ် လု့း ဖွင့် ရင်..

..မင်္ဂ လာပါ .မင်္ဂ လာ ပါ….

ပြောတတ် ဆို တတ် ဖို့

ငါ ငို ပြရ ဦး မယ်….
…………………………….
ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jun 1, 2011
Comment #2

တစ် ကယ် တော့

နာ မည် သာ ကွဲ တယ်….

နှင်းဆီ ကတော့……နှင်း ဆီ ပါပဲ

Comment #3

တစ် ကယ် တော့

နာ မည် သာ ကွဲ တယ်….

နှင်းဆီ ကတော့……နှင်း ဆီ ပါပဲ

အရမ်းကောင်းပါတယ်

Comment #4

အရမ်းကိုကြိုက်မိပါတယ်

commentinfo By: မိုးသစ်လေပြေ at Jun 2, 2011
Comment #5

thz u all!!!!!!!

commentinfo By: Demon 13 at Jun 2, 2011
Comment #6

ကောင်းတယ်ဗျာ အားပေးသွားသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment