Professional Authors

ရင်ခွဲသူ..ငိုပွဲ

အကြင်နာကို အပြစ်မြင်
ဒီရင်က ပြန်ထွက်
ပြည့်စုံစွာချန်လှပ်ခဲ့….။
ဖြေသူမဲ့ ကွက်လပ်များ
စကားမသိ နားမရှိ
ငါ့ရင်ခွင်..မျှားထိလေသလား…
ပစ်ခွင်းသူ အနားတ၀ိုက်
ငါ့ရင်ခွင်..မျှားစိုက်လေသလား..
ဒဏ်ရာတွေ မနည်းငုံ့ ကြည့်
ငါ့အသည်နှလုံး မရှိတော့ပါလား
ဟော..ဟိုမှာ ငါ့အဆို့ ရှင်
တံဆို့ ကင်..မီး  ဖို နံဘေး
ပစ်ခွင်းသူလို့  ငါမထင်
အိုကွယ်..ဘာကြောင့်
သူငိုကြွေးလဲ…….။

 (စူဠသုဘဒ္ဒါ  အား အခြေခံပြီး ပုံစံပြောင်း ရေးသားအပ်ပါသည်…ဆက်လက် ကြိုးစားပါအုံးမည်..။)

In: ကဗျာ Posted By: Date: Dec 12, 2010
Comment #1

ကောင်းတယ်…. လင်းထိုက်။

commentinfo By: moezat at Dec 13, 2010
Comment #2

ကဗျာလေးက တမျိုးသစ်နေတယ် .. .

Comment #3

အားပေးသွားပါတယ်ခင်ဗျာ .. 🙂

commentinfo By: chityellusoelay at Aug 17, 2011
Comment #4

ဖြေသူမဲ့ ကွက်လပ်များ
စကားမသိ နားမရှိ
ငါ့ရင်ခွင်..မျှားထိလေသလား .. like this

commentinfo By: ဗုဒ္ဓဟူး at Sep 20, 2011
Comment #5

ကောင်းပါတယ်

commentinfo By: မေပျို at Dec 2, 2012
Comment #6

2013 မှ စတင်ပြီး ကဗျာ အသစ်လေးများ ထပ်တင်ပေးပါအုံးမည်။

commentinfo By: linhtike at Dec 9, 2012
Comment #7

ဒဏ်ရာတွေ မနည်းငုံ့ ကြည့်
ငါ့အသည်နှလုံး မရှိတော့ပါလား

Nice Writing ~

commentinfo By: X - ray at Jul 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment