သတင်းရောင်းစားနည်း – နရီထက်
ခေတ်ပျက်နေရင်တောင် …
ချွတ်ခြုံကျနေတဲ့ မြေမြင်ထဲမှာ
သားကောင်တွေရဲ့ သတင်း အနံ့အသက်တွေလား
တိုးတက်မှုကို အသာထား
အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်
အပျက်အယွင်းတွေကို စကာတင်လို့
သတင်းတွေ ရောင်းစားနေတယ်
သူ့အကြိုက်က ဟမ်ဘာကာနှင့် ဟော့ဒေါ့ ဆို
အလင်းမဲ့နေတဲ့ ကလေးတွေက
ဘာတွေ တောင်းတ နေမှန်း
ငါ မသိတတ်ခဲ့ဘူး…
ခေတ်မီ ကွန်ပျူလိုက်ဇေးရှင်းနဲ့
လူသားတွေကို မှတ်ပုံတင်ကြည့်တယ်
ချို့တဲ့မွဲပြာမှုက အိုက်တန် တစ်မျိုးနှင့်ရယ်
ဂယ်လိုဘယ်လိုက်ဇင်းရှင်းတဲ့လား
ဘာသာစကားတွေက ရောင်းစားလို့ ကောင်းနေတုန်းပဲ
နိုင်ငံခြားတွေက လူသားချင်း လဲလှယ်မှုစနစ်တစ်ခုတဲ့
သတင်းကွန်ယက်တွေ စီးဆင်းနေစဲကွယ်
မထိတထိနှင့် မင်းသမီး အိမ်ထောင်ရေး သတင်းတွေက
အိုဇုန်လွှာထက် ရောင်းကောင်းတယ်
မသိတသိနှင့် မင်းသား အရက်မူး ကားမောင်းကြမ်းတာ
ရေငတ်နေတဲ့ ပြသနာထက် ကောင်းတယ်
တရိပ်ရိပ်နှင့် ဘောလုံးမန်နေဂျာတွေက
သဘာပတိတွေထက် မိန့်ခွန်း အခြွေများတယ်
အလှကုန်တွေထက်…
ယဉ်ကျေးမှုသင်တန်းက နည်းလာတယ်
ဖန်စီတွေထက်…
ဘန်စကားက အသုံးနည်းလာတယ်
ဟော့ကီတွေအတွက်
တော်ကီတွေက အသုံးကျလာပြီး
ဆဲလ်လူးဖုန်းနှင့်ရယ်…
3D အချက်တွေနှင့်
မျက်မှန်တွေက အမြင်ကျယ်လာတယ်
ဟိတ်လူတွေ…
နောက်ကြည့်မှန်အတွက်
သတိထား နေပေးပါအုန်းလား။ ။
နရီထက်
( ၀၄ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #4
3D အချက်တွေနှင့်
မျက်မှန်တွေက အမြင်ကျယ်လာတယ်
ဟိတ်လူတွေ…
နောက်ကြည့်မှန်အတွက်
သတိထား နေပေးပါအုန်းလား။ ။
မိုက်တယ်…..။
By: terry at Aug 4, 2011
Comment #5
ကဗျာအရေးအသား တယ် ကောင်းတယ်ဗျာ အားပေးသွားပါတယ် ။
By: X - ray at Aug 4, 2011
Comment #6
မထိတထိနှင့် မင်းသမီး အိမ်ထောင်ရေး သတင်းတွေက
အိုဇုန်လွှာထက် ရောင်းကောင်းတယ်
မသိတသိနှင့် မင်းသား အရက်မူး ကားမောင်းကြမ်းတာ
ရေငတ်နေတဲ့ ပြသနာထက် ကောင်းတယ်
တရိပ်ရိပ်နှင့် ဘောလုံးမန်နေဂျာတွေက
သဘာပတိတွေထက် မိန့်ခွန်း အခြွေများတယ်..
အမှန်တွေပြောပြနေတယ်…great great
By: ဖိုးနမ်း at Aug 4, 2011
Comment #7
ကဗျာလေးက ဆန်းတယ်နော် တစ်မျိုးလေးပဲနော် မထိတထိနှင့် မင်းသမီး အိမ်ထောင်ရေး သတင်းတွေက
အိုဇုန်လွှာထက် ရောင်းကောင်းတယ်
မသိတသိနှင့် မင်းသား အရက်မူး ကားမောင်းကြမ်းတာ
ရေငတ်နေတဲ့ ပြသနာထက် ကောင်းတယ်
တရိပ်ရိပ်နှင့် ဘောလုံးမန်နေဂျာတွေက
သဘာပတိတွေထက် မိန့်ခွန်း အခြွေများတယ်3D အချက်တွေနှင့်
မျက်မှန်တွေက အမြင်ကျယ်လာတယ်
ဟိတ်လူတွေ…
နောက်ကြည့်မှန်အတွက်
သတိထား နေပေးပါအုန်းလား။ ။ အဲ့အပျဒ်လေးတွေက ပိုပြိး ဖတ်လို့  ကောင်းတယ်…
By: thuya at Aug 5, 2011
Comment #8
သည်ကဗျာသည် 2011 အောက်တိုဘာလထုတ် အပြင်စီးမဂဇင်း(မလေးရှား)တွင် ဖော်ပြခြင်းခံရသည်။
By: Nayihtet at Oct 12, 2011




Comment #1
မထိတထိနှင့် မင်းသမီး အိမ်ထောင်ရေး သတင်းတွေက
အိုဇုန်လွှာထက် ရောင်းကောင်းတယ်
မသိတသိနှင့် မင်းသား အရက်မူး ကားမောင်းကြမ်းတာ
ရေငတ်နေတဲ့ ပြသနာထက် ကောင်းတယ်
တရိပ်ရိပ်နှင့် ဘောလုံးမန်နေဂျာတွေက
သဘာပတိတွေထက် မိန့်ခွန်း အခြွေများတယ်
ဖြစ်ရပ်မှန်များ