Professional Authors

နယူးဗားရှင်း – နရီထက်

အကြွားသန်သန်
လေထန် ထက်ထက်
အိုဗားရှင်းကို
နောက်တစ်မျိုး အမည်ပြောင်းလိုက်တယ်
နယူးဗားရှင်းရယ်

တစ်မိုးအောက်မှာ
အတူနေဖို့
သုံးနှစ်သုံးမိုး
မထူးခြားနားရယ်
တစ်ယောက်ပြီးတစ်ယောက်တွဲလာတယ်
နယူးဗားရှင်းတွေနှင့်ရယ်

ခွဲစိတ်မှုတွေက
မငြင်မသာလေးရယ်
အလှအတွက်နှင့်
နှလုံးသားကို
နယူးဗားရှင်းလုပ်ဖို့
ထပ်ကျန်သေးတယ်

ဂလိုဘယ်လိုက်ဇေရှင်းကို
ဖြတ်ကျော်ဖို့
ကမ္ဘာရွာကလေးထဲမှာ
အနေမဲ့ တဲကလေးတွေက
အိုဗားရှင်းတွေနှင့်ရယ်

ငြိမ်းချမ်းရေးကို
ဗားရှင်းအသစ်လုပ်ဖို့
ကြိုးစားနေချိန်မှာ…
စစ်လက်နက်တွေက
နယူးဗားရှင်းတွေနှင့်ရယ်

မွဲတေးမှုကို
ဗားရှင်းပြောင်းတဲ့အချိန်တိုင်းမှာ
ချမ်းသာမှုတွေက
နယူးဗားရှင်းတွေနှင့်ရယ်

စကားလုံးတွေကို
ဗားရှင်းပြောင်းလိုက်တဲ့အခါ
ဘန်းစကားနှင့်ပြောလိုက်တယ်
မင်းက နံပါတ်တစ်…
နယူးဗားရှင်းရယ်….။    ။

နရီထက်
( ၁၂ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 12, 2011
Comment #1

ဘေတာကြီးဘာတွေဖြစ်ခဲ့တာရှိလိုလဲ(တစ်ယောက်ပြီးတစ်ယောက်ဘာဖြစ်လိုတွဲရတဲ့အကြောင်ရင်ကိုသိလာ)
ဘေတာကြီး

commentinfo By: u yaenaing at Jun 16, 2011
Comment #2

ဒီလိုပါပဲ…ဦးလေးကြီး

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment