မျက်နှာမများတဲ့ ပင်လယ် … – နရီထက်
မမွှေးခဲ့သော ပန်းတွေ
ရနံ့ပြယ်လွင့်နေသော လေပြေတွေ
မက်ခဲ့ဖူးတဲ့ အိမ်မက်ချိုတွေက
တစ်ခါက စိတ္တဇဟောင်းတွေပါ…
မရှိတော့တဲ့ လမ်းတွေ
ဖြတ်ကျော်လာတဲ့ စက္ကန့်တွေ
ပြေးလွင့်သွားတဲ့ အရိပ်တွေက
တစ်ခါက စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ…
မိုးကလေး တဖွဲဖွဲလေးရယ်
ပြီးတော့ နှင်းတွေ စစီစီနှင့်ရယ်
ဟို အဝေးက ဥသြသံချိုတွေက
အတွေးအာရုံကို လှည့်စားစေခဲ့တဲ့
တစ်ခါက ရူးသွပ်မူတွေပါ…
မြို့ပြအာရုံထဲ စီးဝင်ကြည့်လိုက်တော့
လွမ်းဆွတ်မှုတွေ ပျံ့လွယ်မနေဘူး
အထီးကျန်အတ္တတွေက ဒဏ်ခတ်နေကြတယ်
နွေးထွေးမှုကို ထုတ်ရောင်းခွင့် မပြုကြတော့ဘူး
ကောင်းကင်ပြိုကျမှာ ကြောက်နေသူတစ်ယောက်အတွက်
သူရှေ့မှာ… ကြယ်တွေက ဆက်တိုက် ကြွေကျနေတယ်
ဆုံးရှုံးမှုကို နှစ်သိမ့် ခံစားလိုက်ရသလိုပဲ…
ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့ ဘ၀မှာ
ဖြစ်သင့်တာတွေကို နားလည်သယောင် လက်ခံကြည့်လိုက်တော့
ရူးသွပ်နေတဲ့ လမင်းတစ်စင်း…
ပင်လယ်ပြင်ထဲ ရေသောက်ဆင်းတဲ့အခါ
ရေမျက်နှာပြင်ထက် တ၀ဲဝဲ လည် နှစ်သိမ့်ခံစားမှုတွေနှင့်ရယ်
ပင်လယ်ပြာတာ ကောင်းကင်ပြာကြောင့်ဆို
ဒါပေမဲ့…
ပင်လယ်က မျက်နှာမများခဲ့ဘူး
အရောင် ပြောင်းတတ်တဲ့ မိုးတိမ်တွေကြောင့်ပါ
ပင်လယ်ကလည်း လိုက်ပြီး အရောင်ပြောင်းလဲနေရတာပါ။ ။
နရီထက်
( ၂၀ ၊ ဇွန်လ ၊ ၂၀၁၁ )
Comment #3
ကျေးဇူးပါ.. ညီမလေး မြင့်မိုရ်
By: Nayihtet at Jun 20, 2011
Comment #4
ကျေးဇူးပါ…. khant naung ….
By: Nayihtet at Jun 20, 2011
Comment #5
ပင်လယ်ပြာတာ ကောင်းကင်ပြာကြောင့်ဆို
ဒါပေမဲ့…
ပင်လယ်က မျက်နှာမများခဲ့ဘူး
အရောင် ပြောင်းတတ်တဲ့ မိုးတိမ်တွေကြောင့်ပါ
ပင်လယ်ကလည်း လိုက်ပြီး အရောင်ပြောင်းလဲနေရတာပါ။ ။
ကောင်းတယ်ဗျို့
အားပေးသွားပါတယ်…။ ။
By: ကေသရီ at Jun 20, 2011
Comment #6
ကျေးဇူးပါ… ကေသရီ….
By: Nayihtet at Jun 20, 2011
Comment #7
ဒိကဗျာလေးကိုအရမ်းကြိုက်ပါတယ် ဒိအပှဒ်လေးတွေဆို အရမ်းကြိုက်တယ် စာသားကော အဓိပ္ပါယ် အရင် ကအကြောင်းတွေကိုတောင်ပြန်တွေးမိတယ် ကိုကြိး ( မမွှေးခဲ့သော ပန်းတွေ
ရနံ့ပြယ်လွင့်နေသော လေပြေတွေ
မက်ခဲ့ဖူးတဲ့ အိမ်မက်ချိုတွေက
တစ်ခါက စိတ္တဇဟောင်းတွေပါ…
မရှိတော့တဲ့ လမ်းတွေ
ဖြတ်ကျော်လာတဲ့ စက္ကန့်တွေ
ပြေးလွင့်သွားတဲ့ အရိပ်တွေက
တစ်ခါက စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ…
မိုးကလေး တဖွဲဖွဲလေးရယ်
ပြီးတော့ နှင်းတွေ စစီစီနှင့်ရယ်
ဟို အဝေးက ဥသြသံချိုတွေက
အတွေးအာရုံကို လှည့်စားစေခဲ့တဲ့
တစ်ခါက ရူးသွပ်မူတွေပါ…ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့ ဘ၀မှာ
ဖြစ်သင့်တာတွေကို နားလည်သယောင် လက်ခံကြည့်လိုက်တော့
ရူးသွပ်နေတဲ့ လမင်းတစ်စင်း…
ပင်လယ်ပြင်ထဲ ရေသောက်ဆင်းတဲ့အခါ
ရေမျက်နှာပြင်ထက် တ၀ဲဝဲ လည် နှစ်သိမ့်ခံစားမှုတွေနှင့်ရယ်
ပင်လယ်ပြာတာ ကောင်းကင်ပြာကြောင့်ဆို
ဒါပေမဲ့…
ပင်လယ်က မျက်နှာမများခဲ့ဘူး
အရောင် ပြောင်းတတ်တဲ့ မိုးတိမ်တွေကြောင့်ပါ
ပင်လယ်ကလည်း လိုက်ပြီး အရောင်ပြောင်းလဲနေရတာပါ။ ။) တဲ့ ဆက်အားပေးနေမယ်နော် ။ကိုကြိး
By: thuyaung at Jun 20, 2011
Comment #9
ကျေးဇူးပါ… ချစ်ညီလေး.. သူရ
By: Nayihtet at Jun 20, 2011
Comment #10
ကျေးဇူးပါ… poem.poem28
By: Nayihtet at Jun 20, 2011
Comment #12
ညီ… ညီ့အားပေးစကားကို ကြားရတော့ ပီတီဖြစ်ရတယ်… ကျော်ကြားမှုကိုတော့ မတပ်မက်ချင်ဘူး… အစ်ကိုတတ်ခဲ့သမျှ ၊ သိခဲ့သမျှတွေကို နိုင်ငံခြားလောကမှာ အလုပ်လုပ်ရင်း ပြန်ပြီး share ပေးနေတာပါ… အစ်ကိုရဲ့ ကဗျာတွေကို ဖတ်ပြီး ရည်ရွက်ချက်တွေ ရှိတယ်ဆိုတာ သိရင် အစ်ကို တကယ့် ကျေနပ်ပါတယ်….
By: Nayihtet at Jun 20, 2011
Comment #13
အောက်ဆုံးပိုဒ်ကိုသိပ်မကြိုက်ဘူး
စာနဲ့တူသွားတယ်
အပေါ်အပိုဒ်တွေမိုက်တယ်
By: Ayethawda at Oct 11, 2012




Comment #1
ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့ ဘ၀မှာ
ဖြစ်သင့်တာတွေကို နားလည်သယောင် လက်ခံကြည့်လိုက်တော့
ရူးသွပ်နေတဲ့ လမင်းတစ်စင်း…
ပင်လယ်ပြင်ထဲ ရေသောက်ဆင်းတဲ့အခါ
ရေမျက်နှာပြင်ထက် တ၀ဲဝဲ လည် နှစ်သိမ့်ခံစားမှုတွေနှင့်ရယ်
ပင်လယ်ပြာတာ ကောင်းကင်ပြာကြောင့်ဆို
ဒါပေမဲ့…
ပင်လယ်က မျက်နှာမများခဲ့ဘူး
အရောင် ပြောင်းတတ်တဲ့ မိုးတိမ်တွေကြောင့်ပါ
ပင်လယ်ကလည်း လိုက်ပြီး အရောင်ပြောင်းလဲနေရတာပါ။
အရမ်းကိုကောင်းတယ်အကိုကြီး
ဒီကဗျာလေးကိုအရမ်းကြိုက်တယ်…thanks