Professional Authors

အပေးအယူ – နရီထက်

ပါးလွှားတဲ့ စည်းတစ်ခြားမှာ
အချစ်နှင့် အမုန်းကို
နီးစပ်ခွင့် ပေးထားတယ်
ခံယူသူနှင့် ပေးဆပ်သူကြားမှာ
ဘယ်သူက ပို ရက်ရောတတ်သလား
ရက်စက်မှုနှင့် ကြင်နာမှုမှာ
အတ္တတွေလွန်ကဲနေသလား
အကျိုးနှင့် အကြောင်းမှာလည်း
ညောင်ရေသွန်းတဲ့ ပြဇာတ်တွေ ပါခဲ့ဖူးမယ်
တစ်ခုလိုချင် တစ်ခုစွန့်
တစ်သက်လုံးအတွက် နှုတ်ဆိတ်ခဲ့တာလည်း ရှိကြတယ်
အားလုံး စကားလုံးတွေထဲမှာ မွဲတေခဲ့ရတယ်
ဘ၀တွေထဲမှာ ရှင်သန်အိမ်မက်တွေနှင့်ရယ်
သန်းခေါင်ယံမှာ အာရုဏ်ဦးကို တပ်မက်ကြတယ်
နံနက်ခင်းလောက်မှာတော့ ညနေဆည်းဆာကို လွမ်းဆွတ်ကြတယ်
ဖျော့တော့တော့ ကောင်းကင်ကို
အတည်ပေါက်နှင့် ဒဏ်ချက်တွေ ရှိခဲ့သလားလို့
မွှေနှောက်ရှာကြတယ်
အပြုံးအောက်မှာ စတေနေတဲ့ မာယာလည်း
ဧည့်ကောင်း တစ်ယောက်ဖြစ်ဟန်ရှိနေတယ်
ဒေါသတွေ ပြိုကျမှာ
ဟာသတွေ တီထွင်တတ်တဲ့ လူရွှင်တော်တွေ ထွက်လာမယ်
ခင်သူ ကြင်သူ ရန်သူတွေကြားမှာ
မင်းဆီက အကြင်နာတွေ လာယူကြမယ်
ဒဏ်ခတ်တတ်တဲ့ အလေ့အကျင့် မရှိတဲ့ ဦးနှောက်က
မင်းကို သူစိမ်းဆန်လိုက် ရယ်လိုက် ဟားလိုက် လုပ်နေအုန်းမှာ
တည်တည်ငြိမ်ငြိမ်နှင့် သည်မျက်လုံးတွေက
ငြင်းဆန်လိုက်သေးတယ်
ဟန်ဆောင်မှုတွေကို ဘယ်သူ ပိုရလိုက်သလဲ…။     ။

နရီထက်
( ၀၂ ၊ ဒီဇင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

ရက်စက်မှုနှင့် ကြင်နာမှုမှာ
အတ္တတွေလွန်ကဲနေသလား
အကျိုးနှင့် အကြောင်းမှာလည်း
ညောင်ရေသွန်းတဲ့ ပြဇာတ်တွေ ပါခဲ့ဖူးတယ် .
အဲံအပှ်းလေးတွေကြိုက်တယ်. ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ အကျိုး နဲ့ အကြောင်း ကဗျာလေးကို ပြန်သတိရသွားတယ်။ အားပေးသွားတယ်။

commentinfo By: thuya at Dec 2, 2011
Comment #2

အတည်ပေါက်နှင့် ဒဏ်ချက်တွေ ရှိခဲ့သလားလို့မွှေနှောက်ရှာ

အပြုံးအောက်မှာ စတေနေတဲ့ မာယာ

ဟန်ဆောင်မှုတွေကို ဘယ်သူ ပိုရလိုက်သလဲ……

တစ်ကယ်ကောင်းပါတယ်….

အားပေးသွားတယ်နော်……

commentinfo By: harris at Dec 2, 2011
Comment #3

တပုဒ်လုံးအရမ်းကောင်းတယ်အကိုကြီး…
အားပေးသွားတယ်နော်…

commentinfo By: myintmo at Dec 2, 2011
Comment #4

သိပ်ကောင်း၏ အားပေးသွားပါ၏

commentinfo By: naungyoesit at Mar 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment