Professional Authors

ရုပ်ရှင် ( ကဗျာ) – နရီထက်

မနေ့က အိမ်မက်အတွက်
ယနေ့ညနေမှာ ငါ ရုပ်ရှင်ရုံသွားခဲ့တယ်
ငိုနေတဲ့ မင်းသမီး
အပြင်မှာ သူ တကယ့် ရယ်နေခဲ့တာ ငါတွေ့ခဲ့သေးတယ်
ဟာသပြက်လုံးတွေ အလူးအလဲသုံးခဲ့တဲ့
အရံမင်းသားတစ်ယောက်
လမ်းထောင့်တစ်နေရာမှာ ခြေချော်လှဲကျခဲ့တာ
ငါ့မျက်စေ့ထဲ မြင်ယောင်နေဆဲပါ. . .

အပူအပင်ကင်းမဲ့စွာနှင့် ငါတို့တွေ
ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကားကြည့်နေခဲ့တယ်
ဒါပေမဲ့လေး ငါ့တို့ရဲ့ ရုပ်ရှင်ဘ၀ပြဇာတ်ကတော့
တွေးထောင့်တစ်နေရာ ဦးနှောက်ပြဇတ်ရုံထဲမှာ
တစ်ခါတစ်ရံ မခေါ်ပဲ အလည်လာကာ
တေးသွားတစ်ပုဒ်လို့ တင်ဆက်ခဲ့ကြသေးတယ်
တကယ်တမ်းကျတော့ လွမ်းစရာဇာတ်ကွက်တွေက
ငါ တစ်ခေါက် ပြန်ရစ်ကြည့်တော့
ဟာသတစ်ကွက် ဖြစ်စေခဲ့တယ်. . .

သပြေခက်တွေ ဝေနေမယ့်လို့ ပြောသံတွေကြား
ငါ လမ်းလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်မှာတော့
အလွမ်းအို သစ်ပင်တွေက မားမားမတ်မတ်နှင့်. . .
စမ်းကျရေသံတွေထဲက သည်ရုပ်ရှင်
အပြင်မှာတော့ မြေနီလမ်းကလေးတစ်ခုပေါ့. . .

မနေ့က ကဖို့အတွက်
ဆောက်ထားတဲ့ စဉ်တစ်ခု
ဒီနေ့မှာတော့ ကွက်လပ်တစ်ခုမြေပြင်တစ်နေရာပေါ့
ဒါပေမဲ့လေး ငါကိုယ်တိုင်ကတော့
ဘ၀ဇတ်လမ်းတွေ ကပြနေရတုန်းပါပဲ. . .
သည် ရုပ်ရှင်တွေရယ်
ရှင်သန်ဖို့အတွက် ရှင်စေခဲ့တာလား. . .
ရှင်ရုပ်တွေလို့ပဲ ဆိုလိုက်ပါရစေ. . .

နရီထက်
( ၀၂ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 2, 2010
Comment #1

သပြေခက်တွေ ဝေနေမယ့်လို့ ပြောသံတွေကြား
ငါ လမ်းလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်မှာတော့
အလွမ်းအို သစ်ပင်တွေက မားမားမတ်မတ်နှင့်. . .
စမ်းကျရေသံတွေထဲက သည်ရုပ်ရှင်
အပြင်မှာတော့ မြေနီလမ်းကလေးတစ်ခုပေါ့. . .
ဆိုတဲ့စာသားလေး..အရမ်းလန်းတယ် ဗျာ……………

commentinfo By: Demon 13 at Nov 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment