Professional Authors

ဝါရင့်ဝိုင်တစ်ခွက် – နရီထက်

အရသာပြင်းရှ အပျော့စားရယ်မဟုတ်
ဖျော့တော့တော့ မှိန်တစ်လက်လက်
အဆီပြန် ရည်လျှံကျတယ်
စွဲဆောင်စရာ ၀ိုင်အပြင်းစားလေးလား

ရီထွေထွေ အမှားများရယ်
အရွက်ဖုံး ခေါင်းစွပ်နှင့်ရယ်
တစ်တို့တစ်ဖဲ့စွဲမက်ကာရယ်
ရစ်မူးမိတယ် အမှားနဲ့ကွယ်
ဘယ်သူသိမှာလဲ အသေးစားလေးတွေကွဲ့
တစ်စက်စက်နှင့်ရယ် တစ်ခွက်ဖြစ်လာတယ်

တစ်ခွက်လျှံ မှေးမှိန်တယ်
လင်းရောင်ခြည်နှင့် မော့ကြည့်မိတယ်
ပူလောင်ပြင်းပြ ရှတတတွေလား
အင်း တစ်ခွက်လောက်တော့
နောက်တစ်လှည့် ရှေ့တိုးကာပြန်
အို. . ရှု့ပ်ပြန်တယ် စိတ်နောက်ရယ်
လာစမ်းဟဲ့ တစ်ခွက်
မပြေရယ် ဒီရမက်
နောက်တစ်ခွက် နောက်တစ်ခွက်

တစ်ဆင့်တက်လို့ အတိုးချပြန်
ဝါရင့်ဝိုင်ခွက်တွေလား
ငါကရော ၀ါရင့်အမှားတွေနှင့်လား
ဟိတ်.. မသိမသာ ဇွတ်ငြင်းလိုက်တယ်
ဘယ်သူတွေ သိသေးလဲ။    ။

နရီထက်
( ၂၁ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment