Professional Authors
ကိန်းဂဏန်းသခင်မအတွက်မကြေငြာဖြစ်တဲ့ဟောစာတမ်း (terry)
ကွန်ဂရက်ကျူလေးရှင်း!!!!!!
သူမဦးနှောက်အတွက်
ကျုပ်နှလုံးသားရဲ့
ဂုဏ်ပြုချက်ကို
အိပ်မက်ရောင်
နာကျင်ခြင်းငှက်တစ်ကောင်နဲ့
ကြေးနန်းရိုက်လိုက်တယ်။
ယုံလွန်းလို့ရှုံးသွားတာကို
ငါမသုံးဘူး………………..။
စက္ကူရွက်တွေနဲ့တပ်ဆင်မှ
အသက်ရှုမကြပ်မယ့်သူမအတွက်
မျက်ရည်လမ်းနဲအိပ်မက်အနွမ်း
စုံလုံးကန်းလှုတယ်။
“ကိုချစ်တဲ့သူရဲ့စွန့်ခွာမှုကို
မခံချင်ရင်
ကိုယ်ကသူ့ကိုစွန့်ခွာရမယ် “ဆိုတဲ့
ကိုယ်ပိုင်အတ္တရဲ့
အပြုံးတစ်စကို ချွန်မြအောင်
သနေတဲ့သူ……….
သိပြီးသားပါ။
ငါပေးလိုက်တဲ့မေတ္တာစကားဟာ
ဆူးသွားအဖြစ်နဲ့
ငါ့ရင်ဘတ်ကနေဖောက်ထွက်လာမယ်ဆိုတာ။
ငါးလာရင်မျှားမယ်။
မလာရင်ရေကစားမယ်။
သွေးအေးသတ္တ၀ါစကားနဲ့ပြောရင်
ဒီနေရာမှာငါ ငါးဖြစ်သွားတယ်။
ဘယ်ရှုထောင့်ကကြည့်ကြည့်
ထုတ်လုပ်သူနဲ့သုံးစွဲသူ
ခံယူချက်ခြင်းတော့မတူဘူး။
တစ်ချိန်မှာပေါက်ကွဲဖို့အတွက်ပဲ
နားလည်မှု့ကိုမှောင်မည်းထားခဲ့တယ်။
တစ်ချိန်မှာဖျောက်ပစ်ဖို့ အတွက်ပဲ
ကတိတွေကိုငါတို့ ဆောက်ဖြစ်ခဲ့တယ်။
မျက်လုံးတွေရဲ့ခံစားချက်မှာ
စကားလုံးတွေအသားမာတက်လာတယ်။
မရှိခဲ့ဘူးတဲ့
မဖန်တီးရရင်
အကုန်ဖျက်စီးရမယ်ဆိုတဲ့စိတ်ဓါတ်၊
မှော်ဆရာတစ်ယောက်ရဲ့အိပ်မက်၊
ကံကြမ္မာကို
အမြစ်ကနေပြန်စလို့ ရမယ်ဆို
တမ်းတခြင်းကိုအရောင်ပြောင်းပြီး
လက်ဖွဲ့မယ်………………….။
” ငါ န င့်  ကို မု န်း တ ယ် . . .. . ..” ။
                                                             terry(1.8.2011)1:30am
                                                         [email protected]
In: ကဗျာ Posted By: Date: Aug 3, 2011
Comment #1
“ကိုချစ်တဲ့သူရဲ့စွန့်ခွာမှုကို
မခံချင်ရင်
ကိုယ်ကသူ့ကိုစွန့်ခွာရမယ် “ဆိုတဲ့
ကိုယ်ပိုင်အတ္တရဲ့
အပြုံးတစ်စကို ချွန်မြအောင်
သနေတဲ့သူ……….
သိပြီးသားပါ။
ငါပေးလိုက်တဲ့မေတ္တာစကားဟာ
ဆူးသွားအဖြစ်နဲ့
ငါ့ရင်ဘတ်ကနေဖောက်ထွက်လာမယ်ဆိုတာ။
commentinfo By: Aung Ko at Aug 3, 2011
Comment #2
သိစိတ်ကမုန်းပေမယ့်  မသိစိတ်ကချစ်နေတုန်းပဲ
commentinfo By: Aung Ko at Aug 3, 2011
Comment #3
တစ်ချိန်မှာပေါက်ကွဲဖို့အတွက်ပဲ
နားလည်မှု့ကိုမှောင်မည်းထားခဲ့တယ်။
တစ်ချိန်မှာဖျောက်ပစ်ဖို့ အတွက်ပဲ
ကတိတွေကိုငါတို့ ဆောက်ဖြစ်ခဲ့တယ်။
မျက်လုံးတွေရဲ့ခံစားချက်မှာ
စကားလုံးတွေအသားမာတက်လာတယ်။
commentinfo By: jenny at Aug 3, 2011
Comment #4
အရေးအသားကောင်းတယ် အားပေးသွားတယ်ဗျာ ။
commentinfo By: X - ray at Aug 3, 2011
Comment #5
ဝင်ရောက် ခံစားသွားတယ်
Comment #6
ခံစားသွားတယ် terry ရေ… အမြဲအားပေးနေတယ်ဗျာ..
Comment #7
ကိုချစ်တဲ့သူရဲ့စွန့်ခွာမှုကို
မခံချင်ရင်
ကိုယ်ကသူ့ကိုစွန့်ခွာရမယ် “ဆိုတဲ့
ကိုယ်ပိုင်အတ္တရဲ့
အပြုံးတစ်စကို ချွန်မြအောင်
သနေတဲ့သူ……….
သိပြီးသားပါ။
commentinfo By: May Kha at Aug 3, 2011
Comment #8
ငါးလာရင်မျှားမယ်။
မလာရင်ရေကစားမယ်။
သွေးအေးသတ္တ၀ါစကားနဲ့ပြောရင်
ဒီနေရာမှာငါ ငါးဖြစ်သွားတယ်။
ဘယ်ရှုထောင့်ကကြည့်ကြည့်
ထုတ်လုပ်သူနဲ့သုံးစွဲသူ
ခံယူချက်ခြင်းတော့မတူဘူး။
ခံစားသွားပါတယ်..
commentinfo By: songmoezin at Aug 3, 2011
Comment #9
တမ်းတခြင်းကိုအရောင်ပြောင်းပြီး
လက်ဖွဲ့မယ်………………….။
” ငါ န င့်  ကို မု န်း တ ယ် . . .. . ..” ။
commentinfo By: နှင်း at Aug 3, 2011
Comment #10
တပုဒ်လုံးကို..ကြိုက်တယ်
commentinfo By: အသဲကွဲမိုး at Aug 3, 2011
Comment #11
ကွန်ဂရက်ကျူလေးရှင်း!!!!!!
သူမဦးနှောက်အတွက်
ကျုပ်နှလုံးသားရဲ့
ဂုဏ်ပြုချက်ကို
အိပ်မက်ရောင်
နာကျင်ခြင်းငှက်တစ်ကောင်နဲ့
ကြေးနန်းရိုက်လိုက်တယ်။
ကောင်းလိုက်တဲ့စာသားလေး
အားပေးသွားပါတယ်။
commentinfo By: poem.poem28 at Aug 3, 2011
Comment #12
မျက်လုံးတွေရဲ့ခံစားချက်မှာ
စကားလုံးတွေအသားမာတက်လာတယ်။……….ဆိုတဲ့စကားလုံး ကို ဘယ်လို ကြိုက်မှန်း ကို မသိဘူး
ဝင် ရောက် အားပေးသွားပါတယ်ဗျာ
commentinfo By: yelinsat at Aug 4, 2011
Comment #13
အားပေးကြတဲ့ကဗျာချစ်သူမောင်နှမတွေ
အားလုံး….အားလုံး…..(အားလုံး) ကို
ရင်နှင့်အမျှကျေးဇူးတင်ပါသည်…..။ 🙂
commentinfo By: terry at Aug 4, 2011
Comment #14
ငါးလာရင်မျှားမယ်။
မလာရင်ရေကစားမယ်။
သွေးအေးသတ္တ၀ါစကားနဲ့ပြောရင်
ဒီနေရာမှာငါ ငါးဖြစ်သွားတယ်။
ဘယ်ရှုထောင့်ကကြည့်ကြည့်
ထုတ်လုပ်သူနဲ့သုံးစွဲသူ
ခံယူချက်ခြင်းတော့မတူဘူး။..
ရေးချက်တွေက မာတယ် ကြိုက်တယ်ဗျာ
commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #15
မိုက်တယ်ကွာ………….တကယ်အလန်းတွေခည်းပဲသိလား…………………..ကြိုးစားထားကွာနော်
commentinfo By: ကောင်းဖော် at Aug 14, 2011
Comment #16
အကို့ကဗျာထဲ ဝင်ဖတ်ကြည့်စမ်းပါဦးကွာ
မင်း ဗဟုသုတရသွားအောင်လို့..
နောက်တာ ချစ်လို့နော်..
commentinfo By: G.T13 at Aug 24, 2011
Comment #17
လက်ဖွဲ့မယ်………………….။
” ငါ န င့်  ကို မု န်း တ ယ် . . .. . ..” ။
commentinfo By: Sofarawayfromyou at Feb 26, 2013
Comment #18
good ကောင်းတယ် ဗျာ Face book သုံးလားဗျ ကျနော်လဲ ကဗျာတွေရေးပါတယ် အကိုကဗျာကို လဲ ကျနော်ကြိုက်နှစ်သက်သော ကဗျာများ Page မှာ တင်ပေးထားပါတယ် https://www.facebook.com/latyarpoem
commentinfo By: let yar poem at Jun 23, 2014
Leave Comments
Name*
Email*
Website
Email me whenever there is new comment