Professional Authors

တချိန်ချိန်ရောက်ခဲ့ရင်………..(terry)

ငါလက်နဲ့ရေးတဲ့ဇာတ်ကို
နင်ခြေနဲ့ဖျက်ခဲ့တယ်။
ဒါပေမယ့် မဆန်းပါဘူး
ငါကိုယ်တိုင်က
လူသွားလမ်းမှာ ခင်းမိတာကိုး။

ခံစားချက်ချင်း မတူညီနိုင်သ၍
နားလည်မှု့ကဝေးနေဦးမှာပဲ။
လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို
နင်ဘယ်လိုပေတံမျိုးနဲ့
တိုင်းတာခဲ့တာလဲ။

မိဘဆိုတဲ့ ခုတုံးနဲ့
ငါ့ယုံကြည်မှု့ကို
အလွဲသုံးစား လုပ်ခဲ့တယ်။
ငါဆိုတဲ့ကောင်က
နာကြည်းမှု့ ဆိုတဲ့
ဝေါဟာရကိုတောင်
မေ့လျှော့နေတဲ့သူပါ။

ဘေးလူတွေ အပြောကို
ငါခေါင်းမော့ပြီး နေနိုင်ပေမယ့်
နင့်ရဲ့သက်ရှိုက်သံ ကြားရင်တောင်
ငါဟာ ကမ္ဘာပြိုအောင်
အစိုးရိမ်ကြီးတတ်ခဲ့ဖူးတယ်။

ဒါပေမယ့်လေ……
ဒါပေမယ့်များစွာရဲ့
နောက်ကွယ်မှာ
ငါကိုယ်တိုင်မြုပ်နှံခြင်းခံခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ..
နင်ပိုင်ဆိုင်ထားတဲ့သူက
အချစ်တစ်ခုကလွဲရင်
အရာရာမှာ ငါ့ထက်သာပါတယ်။

ငါပေးဆပ် ဖျက်ဆီးခဲ့တဲ့
မျှော်လင့်ခြင်းတွေအတွက်
ထိုက်တန်မယ် ထင်တဲ့
အရာတစ်ခု
ငါတောင်းဆိုချင်တယ်
”ငါ့အချစ်တွေကို
နင်နားလည်လာတဲ့ တနေ့
ရောက်ခဲ့ရင်တောင်
ဘယ်တော့မှ
မျက်ရည်မကျပါဘူး”
ဆိုတဲ့ ကတိပဲ………..

                                             terry

In: ကဗျာ Posted By: Date: Aug 8, 2010
Comment #1

အင်း…
ခံစားချက်တွေက
ခံရခက်အောင်
တော်တော်ပြင်းသကိုးးးး
လိုချင်တဲ့ အချစ်ကလေး
ပြန်လည်လာပါစေဗျာ

commentinfo By: barnay at Aug 9, 2010
Comment #2

ကောင်းပါတယ်ဗျာ:)

commentinfo By: anatyong at Aug 9, 2010
Comment #3

အရမ်းကောင်းတယ် အစ်ကိုရေ…။

commentinfo By: မိုးစက်ဦး at Oct 14, 2010
Comment #4

terry ရေ မင်းကိုတော. ငါလေးစား ပါတယ် တကယ်ပြောတာ ငါလည်း ကဗျာတေါ ရေးနေတဲ့ သူတစ်ယောက်ပါပဲ အပျော်ပေါ.နော် ငါ. ကဗျာတွေ လည်း တင်မှာပါ တကယ်ပြောတာ အရမ်းကောင်း တယ် ငါ. သူငယ်ချင်းတွေ လည်းရေးတယ် ငါတို. ဒီ ဆိုဒ် ကို ခုမှ ရောက်ဖူးတာ ပါ

commentinfo By: paingthu at Nov 11, 2010
Comment #5

သားကြီး နောက်တာနော်
အပေး က စာတွေ က
ဟီး
ကောင်းပါတယ်
ငါ. သူငယ်ချင်းတွေ လည်းပြောပါတယယူ ရေးထားတာ ကောင်းတယ်လို.

commentinfo By: paingthu at Nov 12, 2010
Comment #6

so niceeeeeeeeee

commentinfo By: ei lay at Feb 25, 2012
Comment #7

ဘေးလူတွေ အပြောကို
ငါခေါင်းမော့ပြီး နေနိုင်ပေမယ့်
နင့်ရဲ့သက်ရှိုက်သံ ကြားရင်တောင်
ငါဟာ ကမ္ဘာပြိုအောင်
အစိုးရိမ်ကြီးတတ်ခဲ့ဖူးတယ်။
……………..
……………..
ဘာမှမပြောခဲ့တော့ဘူးဗျာ

commentinfo By: အသဲကွဲမိုး at Nov 8, 2012
Comment #8

ဒါပေမယ့်လေ……
ဒါပေမယ့်များစွာရဲ့
နောက်ကွယ်မှာ
ငါကိုယ်တိုင်မြုပ်နှံခြင်းခံခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ..
နင်ပိုင်ဆိုင်ထားတဲ့သူက
အချစ်တစ်ခုကလွဲရင်
အရာရာမှာ ငါ့ထက်သာပါတယ်။

commentinfo By: May Kha at Nov 8, 2012
Comment #9

လူသွားလမ်းမှာသွား အိပ်မိနေတယ်……..

commentinfo By: SoFarAwayFromU at Nov 8, 2012
Comment #10

ငါ့အချစ်တွေကို
နင်နားလည်လာတဲ့ တနေ့
ရောက်ခဲ့ရင်တောင်
ဘယ်တော့မှ
မျက်ရည်မကျပါဘူး”
ဆိုတဲ့ ကတိပဲ………..

commentinfo By: mayviolet at Nov 8, 2012
Comment #11

အချစ်အရမ်းကြီးတာပေါ့နော်

commentinfo By: မေပျို at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment