Professional Authors
ငါမပြောဘူးလားမိယမုံ…ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့  (terry)
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းဖြစ်တယ်………..။
သတ်ကွင်းကိုတောင်
ပန်းခင်းထင်ခဲ့တဲ့ကောင်
တံလျှပ်ပျစ်ပျစ်ထဲမှာ
နစ်နေတုန်းပဲ……
…….
သိပ်ဟုတ်တာပေါ့…မိယမုံရယ်
မျှော်………စင်……..ဆိုတာ
အလွမ်းတွေနဲ့
တည်ဆောက်ထားတဲ့
ဥယျာဉ်ပေါ့……….
နင်ငါ့ကိုနှုတ်ဆက်ကာနီး
အမှတ်တရအဖြစ်
တက်ကြည့်ဖူးပါတယ်
ဟုတ်တယ်……
အဲ့ဒီတစ်ခေါက်ပါပဲ
ခုထိ……
ငါပြန်မဆင်းတတ်တော့ဘူး။
ဘယ်လိုမေးလိုက်တယ်….
စက္ကန့်တိုင်းသတိရနေပါတယ်လို့ 
ငါမပြောချင်ဘူး……
နင့်အကြောင်းစဉ်းစားမိတိုင်း
စီးကရက်နဲ့မီးခြစ်ထုတ်
အခုဆို…..
ငါ့အဆုတ်က
လေကိုတောင်မမှတ်မိတော့ဘူး။
ငါလည်းမှားခဲ့ပါတယ်
မိယမုံ…………..
နင်နဲ့ ပတ်သက်ရင်
သေသေသပ်သပ်ကို
မှားခဲ့တဲ့ကောင်ပေါ့…
ဒါကြောင့်လည်း
ကံနတ်ဘုရားရဲ့ဓားက
အသွားနှစ်ဖက်ပါမယ်လို့ 
မယုံခဲ့တာပေါ့……။
အေးလေ……………….
နင်ပြောတာလည်း
ဟုတ်ရင်ဟုတ်မှာပါ
ကံကြမ္မာကငါနဲ့မှမခင်တာ
သူ့ အစီအစဉ်တွေအကြောင်း
အတိတ်စိမ်းလောက်တောင်
မပြခဲ့ဘူး။
မြက်တစ်ပင်ပါ…
လေလာရင်တိမ်း
ယိမ်းနွဲ့ရုံနဲ့တင်လုံလောက်ပါတယ်
ငါ့အကြောင်းလား…….
မသိချင်တော့ပါနဲ့   မိယမုံရယ်….
သင်္ချိုင်းဖြစ်မယ့်စကားမို့ 
အသံထွက်ကိုက
မီးခိုးစော်နံမယ်။
ဒါနဲ့နင်မျက်နှာလည်းမကောင်းပါလား
သူနင့်ကိုဂရုမစိုက်တော့လို့ လား…
သူနင့်ကိုမချစ်တော့လို့ လား…..
သူတီရှပ်တွေဝတ်လို့ လား….
နင်စိတ်ကောက်ရင်
ဘယ်လိုချော့ရမယ်ဆိုတာ
သူ  မသိလို့လား….
ဟော…ပြောရင်းနဲ့မျက်ရည်ကကျလာပြန်ပြီ
တော်တော့်….မငိုနဲ့ တော့…နော်
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
တိတ်တော့နော်…မိယမုံ။
ကဲ…ကဲ……..
နင့်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်
ဟိုးရှေးတုန်းက
ဟာသတစ်ပုဒ်ပေါ့….
နေပူကျဲကျဲမှာ
နေ့နဲ့ညလိုလွဲခဲ့တယ်နော်..မိယမုံ
နင်ကလက်ဖမိုးဘက်မှာစောင့်
ငါကလက်ဖ၀ါးဘက်မှာစောင့်နဲ့…
ငါတိုးတိုးလေးဆုတောင်းနေတယ်….
မရယ်ဘူးဆိုရင်တောင်
တစ်ချက်လောက် ပြုံးလိုက်ပါ…
လုပ်ပါ……….
တစ်ချက်လောက်ပဲ…
ပြုံးလိုက်ပါ…မိယမုံ….
ပြတိုက်ထဲက
သက်တမ်းကုန်သွားတဲ့
(၃) နှစ်ကို
ဖုန်ခါရင်းပြန်နမ်းကြည့်ချင်လို့ ပါ။
ကြည့်…ကြည့်…..ကြည့်…..
နင်ပြုံးလာပြီ
ငါ့ရာဇ၀င်အခန်းဆက်တိုင်းမှာ
အဲ့ဒီမျက်ဝန်းတွေကို
ငါအလွမ်းတတ်ဆုံးပဲ…….
သေမင်းနံပါတ်နဲ့ ဆောက်တဲ့
ပထမဦးဆုံးသခင်မကို
မေ့သွားပြီထင်လို့ လား…
ယုံကြည်တယ်ဆိုရင်တောင်
ငါ့ဆီပြန်မလာပါနဲ့ တော့…..မိယမုံ။
ထားလိုက်ပါတော့….
ထားလိုက်ပါတော့…..မိယမုံ
အချိန်တန်ရင်
အိမ်ပြန်ကြရမှာပဲ…..
ငါတို့ နှစ်ယောက်ရဲ့
ရေစက်ကို
ပတ်ဝန်းကျင်က
ကောင်းကောင်းမွန်မွန်
မြှုပ်နှံသင်္ဂြိုလ်ပြီးပြီပဲမဟုတ်လား…..။
လမင်းတောင်
လင်းကြက်တွန်ပြီ….
ငါတို့ ……….
သင့်မသင့်ဆိုတာတွေ
ထည့်စဉ်းစားရတော့မယ်
တံတားတွေအကြောင်းထက်
တံတိုင်းတွေအကြောင်းကို
ပိုစဉ်းစားရတော့မယ်….မိယမုံ
နင့်အမျိုးတွေရှေ့ မှာဆို
ငါ့ကိုမခေါ်ပါနဲ့ …….
မျက်လုံးနဲ့ ရယ်ပြရင်ကိုဖြစ်ပါတယ်။
ဒီတော့………………
နင်…….
မျက်မှန်အမြဲတမ်းတပ်ပါ
အိပ်ရေး၀၀အိပ်ပါ…….
အခွေမှန်မှန်ငှားပါ……..
အသက်မှန်မှန်ရှုပါ……..
ငါ့အကြောင်းစဉ်းစားမိရင်တော့
မီးသာပိတ်ပစ်လိုက်ပါ…..
ငါလား……….
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းရဦးမယ်………..။
                                                 terry(1.10.2011)10:00pm
                                      [email protected]
In: ကဗျာ Posted By: Date: Oct 11, 2011
Comment #1
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းဖြစ်တယ်………..။
သတ်ကွင်းကိုတောင်
ပန်းခင်းထင်ခဲ့တဲ့ကောင်
တံလျှပ်ပျစ်ပျစ်ထဲမှာ
နစ်နေတုန်းပဲ……
…….
သိပ်ဟုတ်တာပေါ့…မိယမုံရယ်
မျှော်………စင်……..ဆိုတာ
အလွမ်းတွေနဲ့
တည်ဆောက်ထားတဲ့
ဥယျာဉ်ပေါ့……….
နင်ငါ့ကိုနှုတ်ဆက်ကာနီး
အမှတ်တရအဖြစ်
တက်ကြည့်ဖူးပါတယ်
ဟုတ်တယ်……
အဲ့ဒီတစ်ခေါက်ပါပဲ
ခုထိ……
ငါပြန်မဆင်းတတ်တော့ဘူး။
ဘယ်လိုမေးလိုက်တယ်….
စက္ကန့်တိုင်းသတိရနေပါတယ်လို့ 
ငါမပြောချင်ဘူး……
နင့်အကြောင်းစဉ်းစားမိတိုင်း
စီးကရက်နဲ့မီးခြစ်ထုတ်
အခုဆို…..
ငါ့အဆုတ်က
လေကိုတောင်မမှတ်မိတော့ဘူး။
ငါလည်းမှားခဲ့ပါတယ်
မိယမုံ…………..
နင်နဲ့ ပတ်သက်ရင်
သေသေသပ်သပ်ကို
မှားခဲ့တဲ့ကောင်ပေါ့…
ဒါကြောင့်လည်း
ကံနတ်ဘုရားရဲ့ဓားက
အသွားနှစ်ဖက်ပါမယ်လို့ 
မယုံခဲ့တာပေါ့……။
အေးလေ……………….
နင်ပြောတာလည်း
ဟုတ်ရင်ဟုတ်မှာပါ
ကံကြမ္မာကငါနဲ့မှမခင်တာ
သူ့ အစီအစဉ်တွေအကြောင်း
အတိတ်စိမ်းလောက်တောင်
မပြခဲ့ဘူး။
မြက်တစ်ပင်ပါ…
လေလာရင်တိမ်း
ယိမ်းနွဲ့ရုံနဲ့တင်လုံလောက်ပါတယ်
ငါ့အကြောင်းလား…….
မသိချင်တော့ပါနဲ့  မိယမုံရယ်….
သင်္ချိုင်းဖြစ်မယ့်စကားမို့ 
အသံထွက်ကိုက
မီးခိုးစော်နံမယ်။
ဒါနဲ့နင်မျက်နှာလည်းမကောင်းပါလား
သူနင့်ကိုဂရုမစိုက်တော့လို့ လား…
သူနင့်ကိုမချစ်တော့လို့ လား…..
သူတီရှပ်တွေဝတ်လို့ လား….
နင်စိတ်ကောက်ရင်
ဘယ်လိုချော့ရမယ်ဆိုတာ
သူ မသိလို့လား….
ဟော…ပြောရင်းနဲ့မျက်ရည်ကကျလာပြန်ပြီ
တော်တော့်….မငိုနဲ့ တော့…နော်
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
တိတ်တော့နော်…မိယမုံ။
ကဲ…ကဲ……..
နင့်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်
ဟိုးရှေးတုန်းက
ဟာသတစ်ပုဒ်ပေါ့….
နေပူကျဲကျဲမှာ
နေ့နဲ့ညလိုလွဲခဲ့တယ်နော်..မိယမုံ
နင်ကလက်ဖမိုးဘက်မှာစောင့်
ငါကလက်ဖ၀ါးဘက်မှာစောင့်နဲ့…
ငါတိုးတိုးလေးဆုတောင်းနေတယ်….
မရယ်ဘူးဆိုရင်တောင်
တစ်ချက်လောက် ပြုံးလိုက်ပါ…
လုပ်ပါ……….
တစ်ချက်လောက်ပဲ…
ပြုံးလိုက်ပါ…မိယမုံ….
ပြတိုက်ထဲက
သက်တမ်းကုန်သွားတဲ့
(၃) နှစ်ကို
ဖုန်ခါရင်းပြန်နမ်းကြည့်ချင်လို့ ပါ။
ကြည့်…ကြည့်…..ကြည့်…..
နင်ပြုံးလာပြီ
ငါ့ရာဇ၀င်အခန်းဆက်တိုင်းမှာ
အဲ့ဒီမျက်ဝန်းတွေကို
ငါအလွမ်းတတ်ဆုံးပဲ…….
သေမင်းနံပါတ်နဲ့ ဆောက်တဲ့
ဧကရာဇ်သားအတိတ်မြို့ ရိုးပေါ်က
ပထမဦးဆုံးသခင်မကို
မေ့သွားပြီထင်လို့ လား…
ယုံကြည်တယ်ဆိုရင်တောင်
ငါ့ဆီပြန်မလာပါနဲ့ တော့…..မိယမုံ။
ထားလိုက်ပါတော့….
ထားလိုက်ပါတော့…..မိယမုံ
အချိန်တန်ရင်
အိမ်ပြန်ကြရမှာပဲ…..
ငါတို့ နှစ်ယောက်ရဲ့ 
ရေစက်ကို
ပတ်ဝန်းကျင်က
ကောင်းကောင်းမွန်မွန်
မြှုပ်နှံသင်္ဂြိုလ်ပြီးပြီပဲမဟုတ်လား…..။
လမင်းတောင်
လင်းကြက်တွန်ပြီ….
ငါတို့ ……….
သင့်မသင့်ဆိုတာတွေ
ထည့်စဉ်းစားရတော့မယ်
တံတားတွေအကြောင်းထက်
တံတိုင်းတွေအကြောင်းကို
ပိုစဉ်းစားရတော့မယ်….မိယမုံ
နင့်အမျိုးတွေရှေ့ မှာဆို
ငါ့ကိုမခေါ်ပါနဲ့ …….
မျက်လုံးနဲ့ ရယ်ပြရင်ကိုဖြစ်ပါတယ်။
ဒီတော့………………
နင်…….
မျက်မှန်အမြဲတမ်းတပ်ပါ
အိပ်ရေး၀၀အိပ်ပါ…….
အခွေမှန်မှန်ငှားပါ……..
အသက်မှန်မှန်ရှုပါ……..
ငါ့အကြောင်းစဉ်းစားမိရင်တော့
မီးသာပိတ်ပစ်လိုက်ပါ…..
ငါလား……….
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းရဦးမယ်………..။
ကွန်မန့် ရှည်သွားရင်ဆောရီးဗျာ..
တစ်ပုဒ်လုံးရင်ကိုထိရှလို့ ပါဗျာ
မတတ်နိုင်ဘူးဗျ
ဒီကဗျာဖတ်ရတာ….တော်တော်ခံစားရတယ်…အားပေးနေဆဲပညာယူနေမြဲ..ကျေးဇူးဗျာ
commentinfo By: sharon myorr myor at Oct 11, 2011
Comment #2
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
နင်ပြုံးလာပြီ
ငါ့ရာဇ၀င်အခန်းဆက်တိုင်းမှာ
အဲ့ဒီမျက်ဝန်းတွေကို
ငါအလွမ်းတတ်ဆုံးပဲ…….
ကို terry ရေ….
စာသားတွေက ……ခံစားချက်တွေကို ပြန်ဖော်နေသလိုပါပဲ…..။
အရမ်းကောင်းတယ်ဗျာ….။
အားပေးသွားပါတယ်….။
commentinfo By: ကေသရီ at Oct 11, 2011
Comment #3
တံတားတွေအကြောင်းထက်
တံတိုင်းတွေအကြောင်းကို
ပိုစဉ်းစားရတော့မယ်….မိယမုံ အဲ့နားလေး မဆိုးဘူးဗျ ဖတ်သွားတယ် ကိုterryရဲ့ ဒီလိုကဗျာအရေးအသားကရှားတယ်နော် ဒါပေမယ့် ဖတ်လို့တကယ်ကောင်းပါတယ် အားပေးသွားတယ် ။
commentinfo By: X - ray at Oct 11, 2011
Comment #4
ဘယ်နေရာကောင်းလဲပြန်ကူးမနေတော့ဘူး အကျိုးနည်းကောင်းပါလားဗျာ အားပေးတာထက်ပိုသွားပီ မိုက်လွန်းတယ်ဗျာ အရေးအသားက လေးစားပါတယ်ဗျို့
Comment #5
speechless , very very very good ကိုယ့်ညီကဗျာ သိပ်ကောင်းတယ်။ ဒီထက် မပြောတတ်တော့ဘူး။
ချီရွန် ( ပုလဲ )
commentinfo By: ChIr0N at Oct 11, 2011
Comment #6
ဘယ်လိုမေးလိုက်တယ်….
စက္ကန့်တိုင်းသတိရနေပါတယ်လို့ 
ငါမပြောချင်ဘူး……
နင့်အကြောင်းစဉ်းစားမိတိုင်း
စီးကရက်နဲ့မီးခြစ်ထုတ်
အခုဆို…..
ငါ့အဆုတ်က
လေကိုတောင်မမှတ်မိတော့ဘူး။
commentinfo By: thang at Oct 11, 2011
Comment #7
ငါလား……….
ဒီ လို ပါ ပဲ …. …. …..
အဲ့ဒီညတွေဆို
စာရွက်အလွတ်တွေထဲ
ဝင်ဝင်ပုန်းရဦးမယ်………..။
တပုဒ်လုံး ကောင်းလွန်း ပါတယ်ဗျာ
Comment #8
ကမ်းကုန်အောင် မိုက်တယ်ဗျာ
commentinfo By: heinn thu at Oct 12, 2011
Comment #9
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
မိုက်တယ် …
commentinfo By: Nge Lay at Oct 12, 2011
Comment #10
အမရှာရွန်….အမကေသရီ…..ကိုX – ray…မောင်မြတ်သူ…အကိုချီရွန်(ပုလဲ)
ကိုလုလင်ငယ်သွေး…thang ….heinn thu တို့ အားပေးတာ…ကို…..
တကယ်..တကယ့်ကို..အားရှိပါတယ်…ဗျာ….ဒီထက်ကောင်းအောင်ကြိုးစားပါမယ်..။ 🙂
commentinfo By: terry at Oct 12, 2011
Comment #11
ခုနက…မတွေ့ လိုက်လို့ ပါ…..ကိုNge Lay ကိုလည်း..ကျေးဇူးတင်ပါတယ်…
အားပေးသွားတဲ့အတွက်……..။ 🙂
commentinfo By: terry at Oct 12, 2011
Comment #12
ဟင့် … ငယ်လေး မိန်းမစစ်စစ် ပါဂျာ … 🙁
commentinfo By: Nge Lay at Oct 12, 2011
Comment #13
အိ….မသိလို့ ပါဂျ….ဘွာတေး..ဘွာတေး…
ငယ်လေးရေ…..။ 😀
commentinfo By: terry at Oct 12, 2011
Comment #14
ဟီး …. ရပါတယ်ဗျာ .. မသိလို့ပဲဟာ …
commentinfo By: Nge Lay at Oct 12, 2011
Comment #15
ဟေ့ကောင်….ဖုန်းလေး ဘာလေး လည်းဆက်လို့၇ပါတယ် နော်.မင်းဆီက ပ်ုက်ဆံ မချေးတော့ပါဘူး
အဆင်ပြေသွားပါပြီ
commentinfo By: kaungzaw at Oct 12, 2011
Comment #16
ကိုတယ်ရီ…တော်တော်goodတယ်ဗျ။
ခံစားချက်တွေကို..ဖော်ကျူးထားတာကလည်း…မသိမသာလေးနဲ့တော်တော်ကိုသိသားတယ်။
င့ါအကို…အားပေးနေဆဲပါ။
commentinfo By: poem.poem28 at Oct 12, 2011
Comment #17
ကိုတယ်ရီ . . ဂွဒ် တယ် ဗျို့ . . . အားပေးနေတယ် . . . ဆက်လက်ချီတက်ဗျို့  . . . . 😉
commentinfo By: လမင်းဇော် at Oct 14, 2011
Comment #18
………………
ဘာမှမပြောခဲ့တော့ဖူး…ရင်ဘတ်ကြီး..နာသွားလို့..ဖြစ်တယ်မှတ်လား..
တယ်ရီ
commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #19
နင့်အလိုက်တွေသူသိအောင်
ငါ့ရင်ဘတ်ကိုဖွင့်ပြပြီး
အလွတ်ကျက်ခိုင်းလိုက်မယ်….
So good!!!!!!!!!!!!!
commentinfo By: စုနိုင် at Dec 7, 2011
Comment #20
har,,,
lone wa heart hti de.
commentinfo By: ei lay at Dec 7, 2011
Comment #21
read again par,
so much like
commentinfo By: ei lay at Jun 7, 2012
Comment #22
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ် ပါပဲ ဗျာ…
commentinfo By: သွေသစ်မင်း at Aug 16, 2012
Comment #23
Read again
Feel again
Cry again
commentinfo By: ei lay at Aug 16, 2012
Comment #24
မီးခိုး မွှန်တယ်…
commentinfo By: SoFarAwayFromU at Nov 2, 2012
Comment #25
!_!
!_!
!_!
!_!
commentinfo By: ei lay at Nov 2, 2012
Comment #26
သိပ်ဟုတ်တာပေါ့…မိယမုံရယ်
မျှော်………စင်……..ဆိုတာ
အလွမ်းတွေနဲ့
တည်ဆောက်ထားတဲ့
ဥယျာဉ်ပေါ့……….
နင်ငါ့ကိုနှုတ်ဆက်ကာနီး
အမှတ်တရအဖြစ်
တက်ကြည့်ဖူးပါတယ်
ဟုတ်တယ်……
အဲ့ဒီတစ်ခေါက်ပါပဲ
ခုထိ……
ငါပြန်မဆင်းတတ်တော့ဘူး။
ခိုက်တယ် အကို
commentinfo By: နိုးဆက် နေ့ at Dec 30, 2012
Comment #27
read n read again….
commentinfo By: Sofarawayfromyou at Feb 26, 2013
Comment #28
ခိုက်မြဲ ခိုက်ဆဲ….
commentinfo By: နိုးဆက် at Feb 26, 2013
Comment #29
ဘာကိုမှပြောတတ်တော့ဘူး…..very very good…
commentinfo By: tabound at Feb 26, 2013
Comment #30
တပုဒ်လုံးကို.နှစ်သက်သွားပါတယ်..ကိုတယ်ရီရေ..
မိယမုံဆိုတဲ့..အရေးအသားက..တော်တော်စွဲသွားတယ်..အစ်ကိုရ..
နိုးဆက်နေ့ (16th) ရဲ့ မိသံလွင်နဲ့တောင်သတိရသွားတယ်..
ကိုတယ်ရီရဲ့ ကဗျာအားလုံးနီးပါးကို.အားပေးသွားပါတယ်….
ဆက်လက်ပြီးလည်းအာားပေးနေဦးမှာဖြစ်ပါတယ်…
ထပ်ပြီးလည်း…မိယမုံအကြောင်းကို..သိချင်ပါသေးတယ်…
commentinfo By: မင်းထက် at Nov 1, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment