Professional Authors

သံယောဇဉ်ပြတ် နှုတ်ဆက်ခန်း..{terry}

အပေါစားဆန်တဲ့အချစ်အတွက်
ငါခင်းခဲ့တဲ့စကား
ငါရင်းခဲ့တဲ့
နှလုံးသားကိုတောင် အားနာတယ်
ဘာဖြစ်လို့လဲဆိုတော့
ငါ့နှလုံးသားက
လမ်းဘေးစာ မစားဘူး။

ဟိုတစ်ချိန်က နင်နင်းဖို့
ငါခင်းတဲ့ ပန်းဆန်လမ်းဟာ
ငါ့သွေးနဲ့မွှေးပြီး
တောက်လောင်ခြင်းအတိနဲ့
အပြာရောင် ငရဲမီးထက်
ပြင်းစေရမယ်။

နင့်အတွက်
မလိုဘူး မဟုတ်လား
အစကတည်းက
ငါကအပိုလူပါ..
နင့်အတွက်ကျခဲ့တဲ့
ငါ့မျက်လုံးထဲ မိုးတွေဟာ
လှိုင်းတံပိုး အဖြစ်နဲ့
တစ်ချိန်မှာ နင့်ရင်ကို
မုန်တိုင်းဆန်စေရမယ်။

နှုတ်မရတဲ့
စကားတစ်ခုနဲ့ ခြေကျွံ့သူကို 
အသုံးမကျလို့
လွှင့်ပစ်ထားတဲ့ ဓားတစ်ချောင်းနဲ့
ခိုင်းနှိုင်းခဲ့သူ
နင့်ဘ၀နေ၀င်ချိန်မှာ
အဲ့ဒီ့ ဓားနဲ့
မနှုတ်ဆက်ရပါစေနဲ့လို့
ငါ အိပ်ရာဝင်တိုင်း
ဆုတောင်းပေးပါတယ်..။
                                 
                                    terry

In: ကဗျာ Posted By: Date: Aug 1, 2010
Comment #1

အရမ်းကောင်းတယ်….သိလား…တကယ်ပြောတာ

commentinfo By: virtualheart at Aug 1, 2010
Comment #2

။တစ်ချိန်က ကောင်မလေးတစ်ယောက်အတွက်….ရေးထားတာပါ။

commentinfo By: terry at Aug 1, 2010
Comment #3

ဒါဆို ခုကောင်မလေး အတွက်ရေးထားတဲ့ ကဗျာကရော….

commentinfo By: virtualheart at Aug 1, 2010
Comment #4

ဟား………………အလုံးတွေကတယ်ပြင်းပါလား
စိတ်ကိုလျှော့ စိတ်ကိုလျှော့ !!
ံခံစားချက်ပြင်းပြင်းနဲ့ ကဗျာကိုအတော်လေးဗျင်းထားတာဘဲဗျ
ဖတ်ရတာလူတောင် ကြက်သီးနည်းနည်းထသွားတယ်
အားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Feb 10, 2012
Comment #5

ဟုတ်ပဗျာ…ကဗျာဖတ်ရတဲ့သူတောင်ကြောက်တယ်
…ကိုတယ်ရီ ရာ..
အားပေးသွားပါတယ်။…

commentinfo By: poem.poem28 at Feb 10, 2012
Comment #6

အရမ်းကြိုက်တယ်…share ခွင့်ပြုပါ……အားပေးလျှက်ပါ

commentinfo By: tabound at Feb 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment