Professional Authors

ကျွနုပ်တို့ နှင့် ကျွန်ုပ်တို့

ကောင်းကင်ကိုကြည့်
ပြာနေ၏…..။
ကမ္ဘာကိုကြည့်
လုံးနေ၏….။
လူတွေကိုကြည့်
ဖုံးနေ၏…..။
မျိုးစုံသော
အဖုံးအကာတို့
အောက်တွင် လူတို့သည်
ပျော်ရွှင်စွာနေကြလေ၏
တစ်ချို့က
အတ္တတွေနဲ့
တစ်ချို့ကလည်း
မာနနဲ့ပေါ့
တစ်ချို့များကြတော့
မာယာတွေနဲ့
ဖုံးကြ၏…
တစ်ချို့က
ဒေါသတွေနဲ့
ဖုံးကြ၏…
တစ်ချို့က
လောဘတွေနဲ့
ဖုံးကြသေး၏….
တစ်ချို့ကတော့………………။
ပျော်တဲ့လူတွေ
ရှိနေလေ၏..
ဝမ်းနည်းနေသူတွေလည်း
ရှိနေနိုင်လေ၏
သူတို့ ရယ်နေချိန်တွင်
ကျွန်ုပ်ငိုနေနိုင်၏
သူတို့ငိုနေချိန်တွင်
ကျွန်ုပ် ရယ်ချင်ရယ်နိုင်သည်….။
ကျွန်ုပ်တို့ ပျော်ရွှင်စွာ
စားသောက်နေကြချိန်မှာ
တစ်ချို့တွေ သေလုမတတ်
ငတ်နေကြ၏….
ကျွန်ုပ်တို့
ဆွေရိပ်မျိုးရိပ် မှာ
ခိုလှုံနေခိုက်
တစ်ချို့တွေ
စစ်ဘေး
သဘာဝဘေး
အန္တရာယ်တွေ
ကြားမှ ခိုလှုံ နေရလေ၏….
ကျွန်ုပ်တို့ ဘာကိုမှ
အလေးမထားတတ်သေးချိန်မှာ
တစ်ချို့ တွေ
ကမ္ဘာအတွက်
လူမျိုးအတွက်
နိုင်ငံအတွက်
အသက်စွန့်နေကြလေ၏…။
ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့ပဲဖြစ်ကြ၏
ကံကြမ္မာအလိုအရ
အသားရောင်
ဘာသာ
လူမျိုး
နိုင်ငံ
အယူအဆ ကွဲနေကြလေရဲ့
ဒါပေမယ့်
သင်တို့သိထားရမှာက
ကျွန်ုပ်တို့ဟာ
ကျွန်ုပ်တို့ပါပဲ……။
ကျွန်ုပ်ကဗျာရေးနေလေ၏
ထိုကဗျာသည်
ကျွန်ုပ်အတွက်ပင်ဖြစ်သည်။
သင်ကော
ဘာလုပ်နေပါသလဲ…………။

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

bar hma loak kwint ma ya loh tat tay chin sate pauk nay par de.

commentinfo By: ei lay at Sep 3, 2011
Comment #2

သိပ်ကောင်းတဲ့ကဗျာလေး

commentinfo By: မိုးသစ်လေပြေ at Sep 3, 2011
Comment #3

ကောင်းတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment