တိုက်အိုပျက်တစ်ခုက သံသယမှန်တစ်ချပ် – နရီထက်
တိုက်ရိုက် တွန်းအားမရှိပေမဲ့
လွင့်စင်ကျနသွားတဲ့ ပန်းအိုးလေး
ကြမ်းပြင်ထက်မှာ ပွစာကြဲလို့
အစိတ်အပိုင်း ဆက်ယူမရတော့ဘူးလား
တမင်တကာ မရည်ရွယ်ခဲ့မိဘူး
အချိန်တွေက နောက်ဆုတ်ခွင့်မရှိခဲ့လို့ပါ
လေလွင့်လာတဲ့ သံသယစိတ်ကလေး
နိုးမထစေချင်ဘူး
အိမ်မက်တွေက ဆွဲငင်ယူသွားလို့
ငါ ရောက်ရှိနေနှင့်ပြီး
တိုက်အိုပျက်တစ်ခု…
အသုံးနည်းတံခါးချပ်မကြီးက
ငြင်းဆန်ချက်တွေနှင့် သိလား
မနည်းရုန်းကန်း တွန်းလှဲချင်စိတ်တွေနှင့်
ဒယီဒယိုင်း ဆွဲဖွင့်လိုက်တယ်
ရုတ်တရက် ထပျံသွားတဲ့ လင်းနို့တစ်သိုက်ရယ်
အမှောင်တွေကို လွှမ်းမိုးပြုစားထားတယ်
နွယ်တက်တွေက ရှင်သန်ခွင့်ရှိပေမဲ့
အမှန်တရားကို ရှုပ်ထွေးပတ်ရစ်ထားထားတယ်
မာနဆိုတဲ့ လှေကားထစ်တွေကလည်း
ဖုန့်မှုန့်တက်နေတဲ့ လှေကားမကြီးထက်မှာ
ခြေလျှောကျမတက်ရယ်
ဒေါသဆိုတာ လက်တန်းတိုင်လို့ပဲလား
မယိုင်ကျအောင် အားပြုပြီး ကိုင်ဆွဲရသေးတယ်
မာန်ဆိုတဲ့ ကြမ်းပြင်ထက်က ကြမ်းကျွံပေါက်တွေနှင့်
အောက်ထပ်ပြန်ပြုတ်ကျမှာကို ကြောက်နေရသေးတယ်
စပ်စုချင်တဲ့စိတ်လို့ အမည်မရှိချင်ဘူး
လေ့လာခွင့်တစ်ခုထဲနှင့်ပါ
ဖုံးအုပ်ထား အတ္တခြုံလွှာ
ကြားနားခွင့် မရှိတဲ့ နံရံချပ်ဘေး 
ထိတွေ့ခွင့်တွေ စည်းခြားထားသလို့ပဲ…
ဒါပေမဲ့ ရှေ့တိုးနေတုန်းပါ
သံသယစိတ်ကို အပြီးဝယ်ပြီးနောက်မှာ
အဖြူလွှာခြုံထည် အဝေးပစ်လွင့်ချိန်
အက်အွဲသံစဉ်တွေနှင့် ပေါက်ကွဲသွားတယ်
မှောင်ရိပ်တစ်ခုအသာ 
အကြည်းတန်လွန်းတဲ့ မှန်တစ်ချပ်က
ငါလည်း မလှဘူး
နင်လည်း မလှဘူး သိလား
ဒါပေမဲ့လေး…
သံသယစိတ်တွေက
မှန်အက်ကွဲကို တယုတယနှင့်
့်ယုယပြီး
ကြည့်ကောင်းအောင် 
ဟန်ဆောင်နေတာက
ဖုန်မှုန့်အလွှာအလွာနှင့် 
သံသယစိတ်ကလေးတွေပါ…။      ။
နရီထက်
( ၂၄ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )
( တစ်ဦးနှင့် တစ်ဦး သံသယကင်းစင် ကြည်ဖြူနိုင်စေသာဝ်…)
Comment #2
ကောင်းတယ်ကိုကြီး အစကနေအဆုံးထိ ကြိုက်တယ်။လူတစ်ယောက်နဲ တစ်ယောက် သံသယ တွေကင်းအောင်ရေးထားတဲ့  ကဗျာလေးနော် ခိုက်တယ်။ဖတ်လိုကောင်းတယ်
                        By: thuya at Jul 24, 2011
                    Comment #4
သံသယစိတ်ကို အပြီးဝယ်ပြီးနောက်မှာ
အဖြူလွှာခြုံထည် အဝေးပစ်လွင့်ချိန်
အက်အွဲသံစဉ်တွေနှင့် ပေါက်ကွဲသွားတယ်
မှောင်ရိပ်တစ်ခုအသာ
အကြည်းတန်လွန်းတဲ့ မှန်တစ်ချပ်က
ငါလည်း မလှဘူး
နင်လည်း မလှဘူး သိလား
….နှစ်သက်တယ်ဗျာ….
                        By: အသဲကွဲမိုး at Jul 24, 2011
                    Comment #6
သံသယစိတ်ကို အပြီးဝယ်ပြီးနောက်မှာ
အဖြူလွှာခြုံထည် အဝေးပစ်လွင့်ချိန်
အက်အွဲသံစဉ်တွေနှင့် ပေါက်ကွဲသွားတယ်
မှောင်ရိပ်တစ်ခုအသာ
အကြည်းတန်လွန်းတဲ့ မှန်တစ်ချပ်က
ငါလည်း မလှဘူး
နင်လည်း မလှဘူး
ဆိုလိုချက်လေးက ထိတယ်ဗျာ..ကြိုက်တယ်
                        By: ဖိုးနမ်း at Jul 28, 2011
                    Comment #8
အားပေးဖတ်ရှုကြသော ကဗျာ့ချစ်သူများအာားလုံးကို ကျေးဇူးတင်ပါတယ်…
                        By: Nayihtet at Jul 29, 2011
                    Comment #9
မှောင်ရိပ်တစ်ခုအသာ
အကြည်းတန်လွန်းတဲ့ မှန်တစ်ချက်က
ငါလည်း မလှဘူး
နင်လည်း မလှဘူး  သိလား   စာသားလေးက ပညာသားပါတယ်  ။ အားပေးသွားတယ်ဗျာ  ။
                        By: X - ray at Jul 30, 2011
                    



 
Comment #1
သံသယစိတ်ကို အပြီးဝယ်ပြီးနောက်မှာ
အဖြူလွှာခြုံထည် အဝေးပစ်လွင့်ချိန်
အက်အွဲသံစဉ်တွေနှင့် ပေါက်ကွဲသွားတယ်
မှောင်ရိပ်တစ်ခုအသာ
အကြည်းတန်လွန်းတဲ့ မှန်တစ်ချပ်က
ငါလည်း မလှဘူး
နင်လည်း မလှဘူး သိလား
အားပေးသွားတယ်အကိုကြီး