Professional Authors

ကြွေလျက် ၊ ဝေလျက် – နရီထက်

မခူးရတဲ့ ပန်းမို့ လှမ်းကြည့်ရုံနဲ့ လှတယ်
ဝေးနေရာက ကွယ်ပျောက်မှာကို မမြင်ချင်ဘူး
အလှတရားကို ပိုင်စိုး ဇမ္ဘူဒိပ်ရောက်အောင် သွားကြမယ့် လူလူချင်းပါဗျာ
ပဲ့ကြွေထွက်သွားတဲ့ လေဟာနယ်ကို ကာကွယ်အရေးမယူ
အနည်ထိုင်ကျလာမဲ့ စိတ်ကိုပဲ အပြစ်တင်စောနေတာ
အချင်းရော အဆင်းရော လှအောင် ဘယ်ရွှေလင်ပန်းက ဆုတောင်းပေးဘူးလဲ…
တစ်သက်စာဆိုပြီး လေထဲ ၀ဲပစ်လိုက်ကြတာ
ကြွေချိန်မှာလည်း လှတယ်…
ငြိမ်သက်လို့မှမရတာ… ဆုတောင်း ကောင်းဖူးတာမှ မဟုတ်တာ
အမြင့်စံအလှမှာ အာမခံချက်မရှိသလို
အနိမ့်ခံအလှမှာလည်း  ထွက်ဆိုချက်တွေ မလိုဘူး
အသစ်သစ်တွေနှင့် နှစ်ပါးသွားတဲ့ သင်ခန်းစာကိုပဲ စာအံ့လျက်
အနှစ်နှစ်တွေနှင့် ဥပက္ခာ မပြုလုပ်တဲ့ မြေကြီး အားနာလှပြီး…

နရီထက်
( ၃၀ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 30, 2012
Comment #1

မခူးရတဲ့ ပန်းမို့ လှမ်းကြည့်ရုံနဲ့ လှတယ်
ဝေးနေရာက ကွယ်ပျောက်မှာကို မမြင်ချင်ဘူး………..

ကဗျာစာသားလေးတွေလန်းတယ်ဗျ၊အားပေးသွားတယ်နော်

commentinfo By: harris at Jan 30, 2012
Comment #2

မခူးရတဲ့ ပန်းမို့ လှမ်းကြည့်ရုံနဲ့ လှတယ်

commentinfo By: zawthetoo at Jan 30, 2012
Comment #3

အမြင့်စံအလှမှာ အာမခံချက်မရှိသလို
အနိမ့်ခံအလှမှာလည်း ထွက်ဆိုချက်တွေ မလိုဘူး
အသစ်သစ်တွေနှင့် နှစ်ပါးသွားတဲ့ သင်ခန်းစာကိုပဲ စာအံ့လျက်
အနှစ်နှစ်တွေနှင့် ဥပက္ခာ မပြုလုပ်တဲ့ မြေကြီး အားနာလှပြီး…

commentinfo By: May Kha at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment