Professional Authors

သူ နေမကောင်းတော့ပါ – နရီထက်

ဟိုအရင်က အချိန်
ပုံပြင် တစ်ပုဒ် ပြဇတ်တစ်ထုပ်
ဇာတ်လမ်း ဆန်ခဲ့တယ်
လက်ဆင့်ကမ်းပါးစပ်ရာဇ၀င်ထဲမှာ
သူ အကောင်းသားပါ…

စိတ်ချမ်းသာမှုလည်း ပေးခဲ့တယ်
စိမ်းလန်းမှုလည်း ပေးခဲ့တယ်
သက်ရှည်ခွင့်လည်း ပေးခဲ့တယ်
သစ္စာတရားကိုလည်း ကိုးကွယ်ခဲ့တယ်…

နေထိုင်စရာနှင့် စားသောက်ခွင့်က
လွတ်လပ်ခွင့်တွေ ဖြစ်စေခဲ့တယ်
ရောင်ရဲ့တင်းတိမ်ခွင့်တွေကို
ပိုင်ဆိုင်ခွင့်ရှိစေခဲ့တယ်
စိုးရိမ်စရာမရှိအောင်
သူလေး… အမြဲ ပြုံးပြနေတတ်ခဲ့တယ်

အခြေအနေနှင့် အချိန်အခါက
ပြောင်းလဲခြင်းတရားလား
ပြောင်းလဲခြင်းက ဆုံးရှုံးခြင်းလား
တိုးတက်မှုရဲ့ တန်ပြန်နိယာမက
ပျက်စီးစေခြင်း ခြေရာတွေလား
တကောက်တကောက်နှင့် ခြေရာတွေ ထပ်နေတယ်…

ဖောက်လွဲဖောက်ပြန် လောကဓံ
ဖေးမမကူ သည်ရာသီက
ကမ္ဘာကြီးကို ဆော်သြလိုက်ပြီး
တစ်ဖဲ့ဖဲ့နှင့်ပျက်စီးစေတုန်ခြင်းကို
(လမ်းစရှာစေသတည်း….)

ရိက္ခာပြတ်လပ် ဆိုးဝါးတစ်ထွေ
စစ်မက်စေရာ ကြောက်တရားတွေ
ဒေါသရမက် သည်မီးစတွေ
ဝါးမျိုနေတယ်
ရာသီစက်ဝန်း ပျက်ကျစေလို့
သဘာဝဘေးလို့ တင်စားလိုက်သေးတယ်
သူလည်း အနိုင်ယူပြန်တယ်

တည်ငြိမ်ရေပြင် ၀ဲဂယက်ကြောင့်
တုန်ပြန့်ရေယက် လာချေသည်
အလျောအစားမို့ …
သူလည်း အနိုင်ယူပြန်ချင်တယ်
သူလေး … သည်ကမ္ဘာကြီးက
ငါတို့ကိုလေး… စိမ်းကားနေပြီး
သူ… နေမကောင်းတော့ပါ။     ။

နရီထက်
( ၁၆ ၊ မတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Mar 16, 2011
Comment #1

ကောင်းတယ်အကိုကြီး
အမြဲအားပေးနေမယ်နော်

commentinfo By: myintmo at Mar 16, 2011
Comment #2

ကောင်းတယ်….အားပေးနေပါတယ်

commentinfo By: genius.jinx28 at Mar 16, 2011
Comment #3

ကြိုက်လို့ အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment