Professional Authors

စည်းပြင်ကလူ

ဒီကဗျာလေးဟာ ကျွန်တော်ရဲ့ခံစားချက်ပါ ကျွန်တော်ရဲ့ တကယ့်ဖြစ်ရပ်ပါ

”စည်းပြင်ကလူ”

တခါရံမှာ တော်သူတွေဟာ
ကွင်းဘေးမှာထိုင် မှိုင်ကာငေးလို့
ကစားတာကို ကြည့်နေရတယ်
ဘယ်သူနာကာ ထွက်မလဲလို့
ကျိတ်ကာတောင်းဆုပြုရတယ် ……

ဘယ်ချိန်ခါဝယ် ခေါ်မလားလို့
ကျိတ်ကာဆုတောင်းနေရတယ် ……

ကျွန်တော်ဖြစ်ဝယ်
ချစ်ဘောလုံးလေး ကန်ရမယ်
သို့ပေသော်ငြား လိုင်းအက်မပါ(လိုင်းအက် = ကစားမည့်လူစားရင်း)
အရံလူဖြင့် နေရတယ်
ဘယ်ချိန်ခေါ်မယ် စောင့်မျှော်ရင်းက
အချိန်တွေဟာ ကုန်မြန်တယ်
စည်းပြင်မှာနေ စည်းပြင်ကလူ
မင်းဘ၀က ဆိုးလှတယ် ……

ကိုကြီး

In: ကဗျာ,Others Posted By: Date: Aug 26, 2010
Comment #1

ဟာ အစ်ကိုကဗျာကတော်တော်ခံစားရတယ်ဗျာ

commentinfo By: ko phyo lay at Aug 26, 2010
Comment #2

အကိုက တကယ်ခံစားနေရတဲ့ပုံဘဲနော်
ညီမ လဲ အကိုအတွက် စိတ်မကောင်းပါဘူးလို့ဘဲ ပြောနိုင်တယ်

commentinfo By: khine Lay at Aug 26, 2010
Comment #3

အရမ်းကောင်းတယ်
နောက်တပုဒ်လောက်ထပ်တင်ပေးပါလား
ညီမ နောက်ထပ်ဖတ်ချင်လို့ပါနော် ……

commentinfo By: Sar Sar Saw at Aug 26, 2010
Comment #4

ဟာ သိပ့်ကောင်း …..
ကျွန်တော်နဲ့ အတူတူဘဲ …
ခံစားချက်ချင်းတူနေပြီနော် ….
နောက်ထပ်ရေးပေးပါအုန်းကွာ …

commentinfo By: Nanda at Aug 26, 2010
Comment #5

အစ်ကိုရေးတဲ့ကဗျာလေးကအရမ်းအဓိပါယ်ရှိတယ်
အစ်ကိုကောင်မလေးကိုရည်ညွှန်းပြီးရေးထားတယ်နဲ့တူတယ်

commentinfo By: zaw zaw at Aug 26, 2010
Comment #6

မင်း ကောင်းက မင်းကို အရံလူအဖြစ်ထားထာ တယ်ထင်တယ်ကွ
မင်းအတွက်စိတ်မကောင်းပါဘူးကွာ
ကြိုးစားပါကွာ
မင်းကံကောင်းပါစေကွာ

commentinfo By: Win Khine at Aug 26, 2010
Comment #7

ကဗျာလေးကကောင်းလိုက်တာရှင်… 🙂

commentinfo By: Shwe Ngar at Aug 26, 2010
Comment #8

အရမ်းချစ်တတ်တယ်ထင်တယ်…
ကွင်းထဲဝင်ပြီး ချစ်ဘောလုံးကန်ခွင့်ရပါစေ…………

commentinfo By: Pa Pa at Aug 27, 2010
Comment #9

မီးဘောလုံးအကြောင်းနားမလည်ဘူး……
ကိုကြီးက ကောင်မလေးကိုဘောလုံးလိုကန် ချင်နေတာလားဟင်…………

commentinfo By: mee mee at Aug 27, 2010
Comment #10

ခံစားချက်တွေ တူနေတယ်..
ဒီလိုခံစားချက်မျိုး နောက်တစ်ပုဒ်လောက် ရေးပါဦး..
ကိုကြီးရဲ့ ပရိတ်သတ်လုပ်နေမယ်နော်…

commentinfo By: chaw at Aug 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment